နောက်ဆုံးစာကြောင်းလောက်မှာ ငါ့အသံတွေ တိုးလျသွားတယ်.....
"အာ...!!!"
စုန်ပိုင်လောင် နောက်မှာ ပါလာတဲ့ မျက်မှန်ခပ်ပါးပါးနဲ့အမျိုးသမီးကြည့်ရတာ အတွင်းရေးမှူးဖြစ်မယ် ထင်တယ်....
"ကျွန်မဆီ အခုလေးတင် ဖုန်းဝင်လာတယ်....တောင်းပန်ပါတယ် ဉက္ကဌစုန်...."
ထိုအမျိုးသမီးရဲ့စကားတွေက ငါ့ပြောတာတွေ မှန်ကန်ကြောင်း အတည်ပြုပေးနေတယ်....
"Ok. ..ပါးစပ်ပိတ်ထားလိုက်တော့...."
စုန်ပိုင်လောင် မျက်မှောင်ကြုံ့ပြီး ထိုအမျိုးသမီးကို နှောက်ယှက်လိုက်တယ်....
တစ်ဖက်လူကလဲ ချက်ချင်းပါးစပ်ပိတ်ပြီး ခေါင်းငုံ့လိုက်တယ်.....
စုန်ပိုင်လောင်ရဲ့ ဒေါသကြီးမှုက နှစ်ပေါင်းများစွာကြာတဲ့အထိ မပြောင်းလဲသေးဘူးပဲ....
"မင်းတို့လက်ထဲရောက်အောင်ပို့ပြီးဆိုတော့...ငါပြန်တော့မယ်နော်....."
အလျင်စလိုပြောပြီးတာနဲ့ ဓာတ်လှေကားခလုတ်နှိပ်ဖို့ ပြင်လိုက်တာပေါ့....ငါ့ကို လွယ်လွယ်ထွက်မသွားစေချင်တဲ့ စုန်မိုလေးက ငါ့အင်းကျီကို လှမ်းဆွဲထားတယ်....ဒါဟာ ငါ့ကို မဆိုသလောက်လေး အရှက်ရစေတယ်....
"ဒီကိုလာပါ သခင်လေးရယ်...."
အတွင်းရေးမှူးက စုန်မို့ကို လှမ်းခေါ်ပြီး ငါ့ကိုလွတ်မြောက်အောင် ကူညီပေးခဲ့တယ်....
ငါသူ့ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး ဓာတ်လှေကားဘက် လှည့်လိုက်တယ်.....
"နှစ်ပေါင်းများစွာကြာပြီးမှ အောင်မြင်သွားလို့ ဂုဏ်ယူနေတယ်မလား..."
ငါ့လက်ချောင်းတွေ ဓာတ်လှေကားခလုတ်ဆီရောက်ရုံရှိသေးတယ် နောက်ဘက်ကနေ စုန်ပိုင်လောင်ရဲ့ မထူးမခြားနား စကားသံတွေကြားလိုက်ရတယ်.....
ဘာတစ်ခွန်းမှ တုန့်ပြန်မနေတော့ဘဲ ခလုတ်ကိုသာ ခပ်ပြင်းပြင်းလေး ဖိနှိပ်လိုက်တယ်.....
"သိပ်လဲ ကျေနပ်မနေနဲ့ဉီး....ငါ့လိုချင်တာက ကျူးမိသားစုနဲ့လက်ထပ်ဖို့ပဲ...မင်းပဲဖြစ်ဖြစ်ကျူးလီပဲဖြစ်ဖြစ် ငါ့အတွက်ဘာမှထူးခြားမသွားဘူး........ငါ သူ့ကိုယူဖြစ်ရင် ကလေးမွေးခိုင်းမှာမဟုတ်သလို....မင်းကိုလဲ မမွေးခိုင်းဘူး..."
Chapter (3)
Start from the beginning