Don't Touch My Baby✖️(part 12)

4.6K 193 0
                                    

Zawgyi

"Baby ရေ ပြီးပြီလား "

"ဗျာ ဟုတ် ပြီးပြီ လူကြီးရေ လာပြီ "

အသစ်လည်း မှန်သေချာကြည့်ကာ ဆံပင်လေးသတ်လို့အောက်ကိုဆင်းလာခဲ့သည်။
ဒီည ခေါ်သွားမယ်ဆိုလို့ အသေပြင်နေရတာလေ မင်းတို့တစ်မျိုးတော့မထင်နဲ့နော် ။တော်ကြာ ဦးဒီမိန့်ခွန်းယောက်ျာက မချောဘူးလို့ အပြောခံရမှာဆိုးလို့ သဘောပေါက် ။

"Baby lay ကကြာလိုက်တာ ပြောစမ်းဘာတွေအဲ့လောက်ပြင်နေရတာလဲ ဒီခေါက်ကြာအောင်လို့ ဟမ် "

"ဘာလည်း ငြိုငြင်တာလား ခင်ဗျားကြီးကျ အသေရှိုင်းထားပြီး ကျွန်တော်ကျမှချောမနေရင် သိက္ခာကျမှာပေါ့ ဟွန့် "

" အဟက်ဟုတ်ပါပြီဗျာ လာကားပေါ်တက်တော့ "

" ဟေ့ရောင် အသစ်မင်းက ငါလာမှပဲ ငါ့ကိုတစ်ယောက်ထဲထားခဲ့မယ်ပေါ့လေ ဟုတ်လား "

" ဟ မင်းတစ်ယောက်ထဲမထားခဲ့ပါဘူး ရှိုင်းရ အကိုရုံးညီပါရှိမှာ အကိုအသစ်သယ်ချင်းကို စိတ်ချမယ်နော် "

"စိတ်ချပါအသစ်ရဲ့ အကိုကကိုက်မစားပါဘူး အယ်..."

ရုံးညီ အသစ်လို့ခေါ်ပြီးမှ သတိရကာ ပါးစပ်ပြန်ပိတ်ရသည် သခင်လေးက အကိုလေးလို့ခေါ်ခိုင်းထားတယ်မလား။
ရုံးညီရေ မင်းတော့လား သေပြီဟ ။
သခင်လေးကို လှမ်းကြည့်မိတော့ တည့်တည့်ကြီးစိုက်ကြည့်နေသည် အိ ကျောချမ်းတာနော် ။

" ဟီး သခင်လေး ကျွန်တော်က.."

" လူကြီး ခင်ဗျားမျက်နှာကြီးက ဘာဖြစ်နေတာလည်း အကိုရုံးညီကို ပြသာနာမရှာပါနဲ့ဗျာ Babyခေါ်ခိုင်းထားတာပါ အကိုလေးဆိုတာကြီးက မနေတတ်ဘူးခေါ်ရင် "

" ကဲ အဲ့လိုဆိုလည်းထားလိုက်ပါတော့ ရုံးညီ"

"ဗျာ သခင်လေး "

" Baby သူငယ်ချင်းကို လိုတာရှိရင်လုပ်ပေးလိုက် ကြားလား "

" ဟုတ်ကဲ့ပါ သခင်လေး "

Dလည်း မှာစရာရှိတာမှာပြီး Babyကို ကားတံခါးဖွင့်ပေးလိုက်သည် ။အပိုမပြောဘူး မင်းတို့မမြင်လို့သာ ကျုပ်Babyက နတ်သားလေးလိုပဲ သိပ်လှတာ ပြချင်ပေမဲ့မပြတော့ဘူး တော်ကြာကြွေကျကုန်မှာဆိုးလို့ အဟက်

Don't Touch My Baby✖️(complete)Where stories live. Discover now