ခုရော မင်းနွေးသွားပြီမလား

Start from the beginning
                                    

သူတို့က တင်ပြင်ခွေထိုင်နေကြပြီး ပြတင်းပေါက်မှ‌နေပြီး ညကောင်းကင်ကြီးကို ကြည့်နေကြသည်။ အား၊ ဒီလိုမျိုးလေးက သိပ်ကောင်းတာပဲ။

"မင်းအေးလား"

"ငါမင်းကို ဘာပြောထားလဲ ပေါ်တာ"

ဒရေကို အံကျိတ်ပြီး မေးလိုက်သည်။ ပေါ်တာက စကားထပ်ပြောပြန်သည်။ သူ ဂရင်းဖင်းဒေါကောင်လေးဘက်လှည့်တော့ သူရဲ့ မျက်ဝန်းစိမ်းတွေနဲ့ ဆုံပြန်သည်။ လရောင်အောက်မှာ ထိုမျက်ဝန်းတွေက ပိုပြီးတော့ စိမ်းနေသယောင် တလက်လက်နဲ့တောက်ပနေတဲ့ ကြယ်လေးများနယ်။

"ငါမင်းကို စကားတစ်လုံးမှမပြောဖို့ ပြောထားတယ်လေ"

"ငါက မေးရုံလေးတင်ကို"

ပေါ်တာက ပုခုံးတွန့်ပြလေသည်။ မျက်ဝန်းတွေကကတော့ ဒရေကိုဆီက မခွာပေ။ သူ့ကို မကြည့်တော့အောင် လုပ်ပစ်ချင်လိုက်တာ။

"မင်း နွေးစေတဲ့မန္တန်ကို လုပ်ထားလား"

"သေချာပေါက် လုပ်ထားတာပေါ့"

ဒရေကို ဂျွတ်ဆပ်ဆပ်သာ ဖြေလိုက်သည်။ ပေါ်တာက ရူးကြောင်ကြောင်မေးခွန်းတွေလာမေးနေတာပဲ။ အဲ့မန္တန်က အလုပ်မဖြစ်တာက သူရဲ့အဓိက ပြဿနာလေ။ ဒရေကို လက်နှစ်ဖက်ကို ပွတ်ချေပြီး လက်ချင်းယှက်ထားလိုက်သည်။ ပေါ်တာက သူအဲ့လိုလုပ်နေတာကို ကြည့်နေမြန်း ဒရေကို မျက်စမှ မြင်လိုက်သည်။

"မင်းလက်တွေကျတော့ ဘာလို့ နွေးနေရတာလဲ"

"နွေးလို့လား"

ပေါ်တာက အံ့သြဟန်ဖြင့် လက်တွေကို မြှောက်ကြည့်လိုက်သည်။

"ဟွန် ငါကတော့ သတိတောင်မထားမိဘူး၊ ဒါက ပုံမှန်ပဲလို့ထင်ထားတာ"

သူ့လက်တွေကို အောက်ပြန်ချပြီး ပေါင်ပေါ်တင်ထားလိုက်သည်။

"မင်းက ကုသသူဖြစ်ချင်တာလား"

"ထင်တာပဲ"

ဒရေကို ခပ်အေးအေးသာ ဖြေလိုက်သည်။ သူတို့က လက်မခံလောက်ဘူး၊ သူ့လက်ပေါ်က ဒီအမှတ်သားကြီးကြောင့်။ ဒါပေမဲ့ မဒမ်ပွန်ဖရေးကတော့ သူ့ကို မျှော်လင့်ချက်ဖြစ်စေသည်။

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Where stories live. Discover now