ခုရော မင်းနွေးသွားပြီမလား

Comenzar desde el principio
                                    

"ပေါ်တာ၊ ဘယ်လိုဖြစ်လာပြန်တာလဲ"

သူ ထိုင်နေသည့်ကုတင်ပေါ်မှထရင်း ပေါ်တာ သူ့နားရောက်လာဖို့ကိုပဲ စောင့်နေလိုက်သည်။ သူ့ကြည့်ရတာ ဘာထိခိုက်ဒဏ်ရာမှ မရှိသည့်ပုံစံပါပဲ။

"ထပ် ထိခိုက်လာပြန်ပြီလား"

"အာ မဟုတ်ဘူး"

ပေါ်တာက အင်္ကျီအောက်စကို ကိုင်ရငါး ဆက်ိုလာပြန်သည်။

"အဆင်ပြေတယ်၊ ငါဘာမှ ထိခိုက်လာတာမရှိဘူး"

"အဲ့တာဆို မင်းက ဘာလို့ဒီကို ရောက်လာရတာလဲ"

"အဲ့တာကလေ...အာ၊ ငါ...."

"ပေါ်တာ မင်းစကားကို ဘယ်လိုပြောရမလဲပါသင်ဖို့လို့နေပြီ"

ဒရေကို မျက်ကလည်လုပ်ကာ ပြောလိုက်သည်။

"အာ ငါက....ငါက ငါမင်းနဲ့ခဏလောက်ထိုင်လို့ရမလားလို့ တွေးနေတာ"

ပေါ်တာ စကားအဆုံးမှာ ဒရေကို၏ခပ်တိုးတိုးရေရွတ်သံ "အိုး" ဆိုတာလေးပဲ ကြားလိုက်ရသည်။ နောက်မှ ဒရေကိုဆီမှ နားလည်အောင်သေချာထပ်ပြောပြဆိုသည့်အကြည့်ကို ရလိုက်သည်။

"ဟာမိုင်အိုနီက စာကြည့်တိုက်မှာ၊ ရွန်ကလဲ သေချာပေါက်သူနဲ့ ရှိနေတယ်၊ ပြီးတော့ လွန်ခဲ့တဲ့လက ဂျင်နီနဲ့ ငါ လမ်းခွဲပြီးသွားပြီ ဆိုတာလဲ မင်းအသိပဲ၊ အဲ....အဲ့တာကြောင့် ဒီရောက်လာတာ"

ပေါ်တာက လည်ပင်းကို လက်နဲ့ပွတ်ကာ သူ့ခြေထောက်ကိုသာ ငုံ့ကြည့်နေလေသည်။

"ဒါ...ဒါပေမဲ့ မင်းအဆင်မပြေဘူးဆိုရင် ရ...ရပါတယ်"

"ကောင်းပြီ၊ မင်းနေလို့ရတယ်"

ဒရေကို သက်ပြင်းအသာချလိုက်သည်။ သူပေါ်တာကို ဘာလို့နေခွင့်ပြုလိုက်မြန်း သူတောင်နားမလည်နိုင်ဘူး။ သူ မရဘူးလို့ မပြောန်ိုင်လောက်အောင် ဖြစ်နေခဲ့တာ အမြဲပင်။

"တအားနီးနီးကပ်ကပ်ကြီး လာမထိုင်နဲ့၊ ပြီးတော့ စကားတစ်လုံးမှမပြောနဲ့"

ပေါ်တာက ခေါင်းငြိမ့်ပြရင်း ဒရေကိုနားထိုင်ချလိုက်သည်။ သူတို့အကွာဝေးက လက်မကျော်လောက်ပဲရှိသည်။ ထို့ကြောင့်ပင် သူတို့အပေါ်ဝတ်ရုံတွေပဲ ထိနေကြသည်။

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Donde viven las historias. Descúbrelo ahora