"ဟင့်အင်း နင်မသေရဘူး ထယ်ဟျောန်း..ငါ နင့်ကို ခွင့်မပြုနိုင်ဘူး။ နင်သေရင် နင့်အစ်မကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။"

"ငါ မရ တော့ ဘူးထင် တယ်"

ထယ်ဟျောန်းရဲ့ မျက်လုံးတွေလည်း မှိတ်ကျသွားပြီး ခန္ဓာကိုယ်ကလည်း ပျော့ဖတ်သွားသည်။ နောက်ဆုံးအချိန် ‌ပြုံးသွားတဲ့ သူ့အပြုံးကို မေ့နိုင်မှာတောင် မဟုတ်။ မီရယ်ရဲ့ တစ်ကိုယ်လုံးမှာလည်း သူ့သွေးတွေ ပေနေသည်။ မီရယ် ဘာမှ ဆက်မပြောနိုင်ပဲ သူ့ကို ဖက်ကာ ငိုနေမိသည်။

"ဒီလို လုပ်နေရမှာ မဟုတ်ဘူး။ ဆေး...ဆေးရုံ...ဆေးရုံကားခေါ်ရမယ်"

မီရယ် ကတုန်ကယင်ဖြင့် သူမ အိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်သည်။ သွေးပေနေတဲ့လက်ဖြင့် ဖုန်းထုတ်တော့ သူ့မ၏ ဖုန်း စခရင်မှာလည်း သွေးတွေနှင့်။

"ဘယ်လိုဖြစ်တာလဲ? ထယ်ဟျောန်း မဟုတ်လား"

ယူရီ ထရပ်ကားပေါ်ကနေ ကြည့်တော့ သူမတိုက်လိုက်တာက မီရယ် မဟုတ်ပဲ သူ့မောင်လေး ထယ်ဟျောန်းဖြစ်နေသည်။ ထိုအခါမှ ကားပေါ်ကနေ အမြန်ဆင်းပြီး ထယ်ဟျောန်းဆီ အပြေးလာသည်။

"ထယ်ဟျောန်း ထယ်ဟျောန်း"

"ဟယ်လို? ***နေရာမှာ လူတစ်ယောက် ဒဏ်ရာရလို့ မြန်မြန်လာပေးပါ"

မီရယ် ဖုန်းပြောနေတုန်းမှာ ထယ်ဟျောန်းကို လှုပ်နိုးပြီး ငိုနေသူမှာ ယူရီ။ တောင်းပန်ပါတယ် ထယ်ဟျောန်းရယ်။ အစ်မ တစ်ကယ် အတွေးတိမ်သွားတယ်။ ကိုယ့်ကိုကိုယ် ဘာလုပ်မိမှန်းတောင် မသိတော့ဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။

"လူနာရှင်တို့ ဒီမှာ ခဏစောင့်ပေးပါ။ လူနာကို ကျွန်မတို့ အမြန်ဆုံးခွဲစိတ်ရပါမယ်"

ဆိုပြီး ထယ်ဟျောန်းကို ခွဲစိတ်ခန်းထဲ ရွေ့သွားသည်။ ခွဲစိတ်ခန်းအပြင်မှာ ယူရီတို့ နှစ်နာရီလောက် စောင့်နေကြတဲ့အချိန် ဘောမ်ဂယူ၊ယောန်ဂျွန်း၊ဆူဘင်း၊ဟျူးခါတို့ ရောက်လာကြသည်။

"ဘယ်လိုဖြစ်တာလဲ"

ဆူဘင်းမေးလာသည်။

"ညီမကို ကယ်ရင်းနဲ့ ထယ်ဟျောန်းက ..."

Can you feel Me? [Completed]Where stories live. Discover now