အပိုင်း(၁၀)

Start from the beginning
                                    

ဇီယန် လွန်ခဲ့သောငါးနှစ်က ကျန်းဟန်ထက် ယခုကျန်းဟန်ကို ပို၍နှစ်သက်သည်။

'သူက အလွန်ကို ကြမ်းတမ်းပြီး ပြင်းထန်တယ်'

'ဟမ့် ဘယ်သူက သူ့ကိုနှစ်သက်မှာလဲ' ဇီယန် သူမ၏စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ တစ်ယောက်က သူမ၏မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပြီး တစ်ယောက်ကလည်း သူ၏မျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။ စကားတစ်ခွန်းမှမပြောကြပဲ နှစ်ယောက်ကြားရှိအခြေအနေမှာ ပိုမိုတင်းမာလာသည်။

"ရှင့်မှာ ပြောစရာဘာမှမရှိဘူးလား"

ဇီယန် သူမ၏ကြည်လင်သော မျက်လုံးကြီးများကို မှိတ်လိုက်ရင်း ပြောသည်။

ကျန်းဟန်သာ သာယာနာပျော်ဖွယ် တစ်ခုခုပြောခဲ့လျှင်ကောင်းပေလိမ့်မည်။ သို့သော် ယခု သူသည် ဘာစကားပင်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

သူမတွေးရင်း တွေးရင်း ဒေါသထွက်လာသည်။

'ညတုန်းက ငါ့မှာ ဟောင်ကောင်ကနေ ပေကျင်းကို အပြေးအလွှားသွားလိုက်ရပြီး နောက်တစ်နေ့ ပေကျင်း ကနေ ဟောင်ကောင် ကို အပြေးပြန်လာရတယ်။ အားလုံးက အဲ့ကျန်းဟန်ကြောင့်ပဲ။ ဒါတောင် သူက လုံးဝတောင်းပန်စကားမပြောဘူး'

"ဘာပြောရမှာလဲ"

နောက်ဆုံးတော့ ကျန်းဟန် ပါးစပ်ဖွင့်လာသည်။

ထိုအချိန်တွင် ဇီယန်သည် ပို၍ဒေါသထွက်လာပြီး ကျန်းဟန်ကို အလွန်စိတ်ပျက်သွားခဲ့သည်။

သူမချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး

"ထားလိုက်တော့ ကျွှန်မရှင့်ကိုဘာမှပြောစရာမရှိတော့ဘူး။ ကျွန်မ အမ်မလီကို အခုခေါ်သွားတော့မယ်"

"နေဦး" ထိုစကားကို ကြားတော့ ကျန်းဟန် လျင်မြန်စွာ ထရပ်လိုက်ပြီး ဇီယန်၏ရှေ့သို့ သွားလိုက်သည်။

ပုံမုန်အားဖြင့် ကျန်းဟန်၏ဒေါသကြောင့် သူသည် "မုန့်မုန့်က ငါ့သမီးပဲ။ သူမက အခုကစပြီး ငါ့နဲ့ပဲနေလိမ့်မယ်" ဟုပြောလိမ့်မည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now