အပိုင်း(၉)

Start from the beginning
                                    

"ဟားဟားဟား တကယ်ကို ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးပဲ" ခြင်္သေ့ဘုရင်က ပြောပြီး သူ၏ဖျော်ဖြေမှုကို ဆက်လုပ်ရန် အခြားကလေးများရှေ့သို့သွားလိုက်သည်။

ဖျော်ဖြေပွဲသည် ရယ်မောသံများဖြင့် ပြီးဆုံးသွားခဲ့သည်။ Disneyland သို့ရောက်သည်မှာ သုံးနာရီခန့်ရှိပြီမို့ ကျန်းဟန်သည် မုန့်မုန့်လေး ပင်ပန်းနေမည်ကို စိုရိမ်သည်။ ထို့ကြောင့် သူမကို အနားယူ စားသောက်ရန် စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။

နေ့လည် ၂ နာရီတွင် ကျန်းလီ၏ဦဆောင်မှုဖြင့် ကျန်းဟန်သည် မုန့်မုန့်အား Toy Story Land သို့ခေါ်ဆောင်လာခဲ့သည်။

ပထမဆုံး အပန်းဖြေပစ္စည်းမှာ Toy Soldier Parachute Drop ဖြစ်သည်။ အမြင့်ကြောက်သောမုန့်မုန့်သည် ကြောက်ရွံ့နေခဲ့သည်။ Toy Soldier Parachute Drop မှ ထွက်လာပြီးနောက် Slinky Dog Spin သို့ရောက်သည်။ Slinky Dog Spin တွင် မုန့်မုန့်သည် ပျင်းစရာကောင်းသည်ဟု ခံစားရသဖြင့် သူတို့အဖွဲ့ နောက်တစ်နေရာဖြစ်သော Fantasyland သို့ သွားခဲ့သည်။

မုန့်မုန့်သည် Fantasyland တွင် အလွန်ပျော်ရွှင်နေခဲ့သည်။ အထူးသဖြင့် Dumbo the Flying Elephant အားစီးသည့်အခါ သူမ၏လက်ကို လက်ကိုမြှောက်ကာ ပျော်ရွှင်နေခဲ့သည်။

မုန့်မုန့်၏ ချစ်စဖွယ်အမူအရာလေးကို မြင်တော့ ကျန်းဟန်ပြုံးလိုက်မိသည်။

အရင်တုန်းက မုန့်မုန့်သည် အလွန်ရှက်တတ်ကာ ထိုသို့ပြုလုပ်လေ့မရှိပေ။ သို့သော် ယခုအချိန်တွင် ကျန်းဟန်၏ ကျန်းမိသားစုသင်ကြားမှုကိုဖြတ်သန်းပြီးနောက် မုန့်မုန့်၏ မိမိကိုယ်ကိုယုံကြည်မှုများ တိုးလာခဲ့သည်။

Fantasyland ပြီးနောက်တွင် ညနေ ၄ နာရီပင်ထိုးနေပြီဖြစ်သည်။ ကျန်းလီ၏ဦးဆောင်မှုဖြင့် ၎င်းတို့၏ Disneyland ခရီးစဉ်ကို ဗျူဟာကျကျ ရေးဆွဲထားသည်။

နောက်တစ်မှတ်တိုင်ကတော့ Tomorrowland ဖြစ်သည်။ Tomorrowland တွင်ကစားပြီးနောက် ၎င်းတို့သည် U.S.A မိန်းလမ်း သို့ပြန်သွားကြသည်။ ကောင်းကင်သည် မှောင်စပြုလာပြီဖြစ်၍ Disneyland ရှိမီးများပွင့်လာသည်။ ညဘက် Disneyland သည် နေ့ဘက် Disneyland နှင့် လုံးဝကွဲပြားခြားနားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now