"ဆေးမသောက်ရသေးဘဲနဲ့ဘယ်လိုလုပ်အဆင်ပြေမှာလဲ……"
"ငါရတယ်……စိတ်မပူနဲ့တော့……"
"သခင်လေးပုံစံကစိတ်မပူလို့မရဘူး……ပြန်ရအောင် သခင်လေး……"
အစိုးရိမ်လွန်နေလေသည့်ပုံစံဖြင့်ပြောဆိုနေလေသည့် Lightကြောင့်ရောင်စဉ်မှာနားမလည်နိုင်ဖြစ်နေမိလေတာတော့အမှန်။
"နေပါအုံး……မိုးခက်တမန်ကဘာဖြစ်နေလို့လဲ……"
"အဟင်း……သခင်လေးက ပင်လယ်စာနဲ့ဓါတ်မတည့်ဘူး…မင်းခုနကထည့်ပေးလိုက်တဲ့ ကင်းမွန်ကြောင့်အဲ့ဒီ့လိုဖြစ်နေတာလို့ပြောရင်ပိုမှန်မလားဘဲ……"
"Light!……"
လေသံခပ်မာမာဖြင့်ပြောဆိုရင်း တစ်ချက်စိုက်ကြည့်လိုက်လေသောသူ့ပုံစံမှာဆက်မပြောရန်ဟန့်တားနေလေမှန်းသိသာလွန်းနေပေ၏။
"ဒါဆိုလည်းပြန်ကြမယ်လေ……မင်းလက်ကဆေးလိမ်းလို့ရလား……"
သူလည်းအားနာစိတ်ဖြင့်အမေးထုတ်မိလေတော့ သူ့ကိုအနည်းငယ်ပြုံးပြကာခေါင်းညိတ်ပြလာလေသည့်ထိုကောင်လေး။
"ဒါဆိုလည်းမြန်မြန်ပြန်မယ်……"
"အင်း……ကိုကို့စိတ်တိုင်းကျဖြစ်စေရမယ်……"
_____________________________________________
ရောင်စဉ်တစ်ယောက်လမ်းတစ်လျှောက်လုံးလည်းဂနာမငြိမ်သလို ၊ ကျောမှီထိုင်၍မျက်လုံးအသာမှိတ်ထားလေသောတမန့်ကိုအရိပ်တကြည့်ကြည့်ဖြစ်နေလေသည်ပင်။
"မရောက်သေးဘူးလား…ကြာလိုက်တာ……"
စိတ်မရှည်သည့်လေသံလေးဖြင့်အမေးထုတ်လာလေသည့် ထိုကောင်လေးကိုတမန်လည်းအံ့သြသလိုအကြည့်တစ်ချို့ဖြင့်ပြန်စိုက်ကြည့်မိတော့ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည့်မျက်နှာထားလေး။
"မင်း…မင်းနိုးသွားတာလား……"
"ကျွန်တော်ကအိပ်ပျော်နေတာမှမဟုတ်တာ ကိုကိုရဲ့……"
YOU ARE READING
အချစ်Whiskey [ Completed ]
Romanceမာဖီးယားလောကတွင် အတော်ဆုံးဖြစ်သလို ၊ အရက်စက်တတ်ဆုံးမာဖီးယားတစ်ဦးလည်းဖြစ်သည့် မိုးခက်တမန်......... ချစ်ရသူရဲ့သဘောဆန္ဒအရသာဆိုလျှင် ဘာမဆိုလုပ်ပေးဖို့အသင့်ရှိနေသည့် သိပ်ချစ်တတ်သူလေး ရောင်စဉ်ရှိုင်း...... ရောင်စဉ်ရှိုင်းတစ်ယောက် ရည်ရွယ...
EP - 19
Start from the beginning