နေကြာတွေရဲ့သခင်ဟာ တစ်ပွင့်တည်းသောနေကြာငယ်ကိုလည်း သူ့အရိပ်အောက်မှာ ခစားစေချင်ခဲ့တယ်...။- ♡ -
" ဟူး...."
သက်ပြင်းချသံနှင့်အတူ စားပွဲပေါ်တင်လာတဲ့ ဆန်ပြုတ်ဗန်း။ လုံးဝမထိထားပုံရတဲ့ အငွေ့တွေ တထောင်းထောင်းထနေဆဲ ဆန်ပြုတ်ကိုမြင်တော့ ဂျွန်ကယူနှုတ်ခမ်းလေး မသိမသာဆူသွားသည်။ အနားက ထမင်းချက်မိန်းမကြီးကတော့ သိသိသာသာကို မျက်နှာတွေမဲ့နေတာ။
အပြည့်နီးနီးရှိနေတဲ့ဆန်ပြုတ်ကို သခင်လေးဆီသို့ သွားပို့ပြီး ဒီအတိုင်းပြန်ယူလာခဲ့ရတာ အခေါက်ရေမနည်းတော့ဘူး။ ထမင်းချက်ကြီးက သွားရတာ ပင်ပန်းလို့ ညည်းညူချင်တာထက် မနက်အစာကြီးထပြီး ချက်ပြုတ်နေတဲ့ ဆရာလေးကိုကြည့်ပြီး အားနာလာမိတာကြောင့် မျက်လုံးချင်းတောင် မဆိုင်ရဲနိုင်တော့တာဖြစ်သည်။
ဆရာလေးရောက်ပြီး နောက်နေ့မှာတင် သခင်ကြီးက ဆိုးလ်မြို့ကို အလုပ်ကိစ္စနှင့် ခရီးထွက်ရသည်။ မပြီးပြတ်သေးတဲ့အလုပ်ကိုဖြတ်စရာရှိတာကြောင့် မသွားမဖြစ်သွားရမှာဆိုသည့်အတွက် အဲမှာပဲ အချိန်တစ်လကြာကြာနေဖြစ်မယ်လို့ ပြောခဲ့သည်။ အရေးကြီးတာကြောင့် ချက်ချင်းကြီးသွားရန်ပြင်ဆင်ရတာဆိုတော့ ဂျွန်ကယူနှင့် စကားလက်ဆုံမကျလိုက်ရ။
မသွားခင်သခင်ကြီးက ဆရာလေးလိုအပ်တာ၊ ဖြစ်ချင်တာအကုန် ဖြည့်ဆည်းပေးဖို့နှင့် ဒီမှာရှိနေတဲ့အတောအတွင်း မျက်နှာတစ်ချက်မှမပျက်ရအောင် ဘေးကနေဂရုစိုက်ပေးဖို့ကို အိမ်တော်ကလူတိုင်းကိုသေချာလေးမှာထားခဲ့တာဖြစ်သည်။ အခု ဆရာလေးမျက်နှာပျက်နေတာကိုမြင်တော့ စားဖိုဆောင်ကအလုပ်သမားတွေက စိတ်မကောင်းသလို သခင်ကြီးပြန်လာရင် ဒီကိစ္စနဲ့ သူတို့ အပြစ်ပေးခံရမှာကိုသိတော့ အားလုံးကဆရာလေးမျက်နှာကိုအရိပ်အကဲကြည့်နေကြ၏။
ဂျွန်ကယူ စားပွဲပေါ်က နေရာအနေအထားမယွင်းရှိနေတဲ့ဆန်ပြုတ်ကိုကြည့်ပြီး ထမင်းချက်ကြီးကို မေးလိုက်သည်။
" ဒီတစ်ခါကရော ဘယ်နားလိုအပ်နေပြန်ပြီတဲ့လဲ? ထမင်းချက်ကြီး "
YOU ARE READING
The Bluest | harukyu |
Romance𝗁𝖺𝗋𝗎 𝖿𝗈𝗋 𝗄𝗒𝗎 ! [ တစ်လောကလုံးကို မျက်မုန်းကျိုးနေတဲ့ ကလေးတစ်ယောက်က ထူးထူးခြားခြား မျက်လုံးပြာပြာတွေကို ပိုင်တယ်။ ပြိုလဲပြိုဆင်းသွားလောက်တဲ့ ဆူးတွေက မျက်ဝန်းပြာပြာမှာ အခြေတည်တယ်။ အဲဒီ့မျက်ဝန်းပြာပြာတွေကို မမြင်ရတဲ့သူက လောကမှာ တစ်ယောက်ပဲရှိတ...