အပိုင်း {၆}

Start from the beginning
                                    

ကုမ္ပဏီထဲရောက်တော့ အကုန်လုံးက ထူးထူးဆန်းဆန်းဖြစ်နေလေသည်။ကိုကိုကြီးရှိရာရုံးခန်းဆီတန်းလျှောက်ပြီး တံခါးမှာစေ့ရုံစေ့ထားတာကြောင့် အသာတွန်းဖွင့်လိုက်တော့ အလုပ်စားပွဲရှေ့ရှိဆိုဖာခုံတွင်ထိုင်ကာ ငေးမောနေသည့်ကိုကိုကြီးအားတွေ့ရသည်။အနည်းငယ်ချောင်ကျသွားသည့်မျက်နှာနှင့်အတူ အမာရွတ်တစ်ချို့ကြောင့် နန်းရိပ်မျက်ဝန်းဝယ်မျက်ရည်တို့စိုစွတ်လာမိသည်။
"ကိုကိုကြီး"
ခေါ်သံကြားတော့လှည့်ကြည့်လာသည့်ကိုကိုကြီးမျက်ဝန်းတို့မှာတောက်ပသွားတော့သည်။ခုံပေါ်မှချက်ချင်းထကာ နန်းရိပ်အားပြေးဖက်လိုက်သည့်ကိုကိုကြီး။ညီမတစ်ယောက်ကိုသိပ်ကိုချစ်မြတ်နိုးသည့်ကိုကိုကြီးက တစ်ခြားမိန်းမပျိုလေးကိုစော်ကားခဲ့သည်မှာဘယ်လိုမှမဖြစ်နိုင်တာပဲ။
"နန်းရိပ်..အခုမှပဲမြင်ရတော့တယ် ကိုကိုကြီးသတိရနေတာ"
"နန်းရိပ်ရောပါပဲ..ကိုကိုကြီးရယ်"
"ဟိုကောင်မရောပါလာသေးလား..သူနန်းရိပ်ကိုနှိပ်စက်သေးလားဟင်..ကိုကိုကြီးညီမလေးတော်တော်ပိန်သွားတာပဲ"
"စိတ်ထင်လို့ပါကိုကိုကြီးရယ်.."
"လာ..ဆိုဖာပေါ်ထိုင်..ကိုကိုကြီးဆီအပြီးပြန်လာတာမလား"
နန်းရိပ်ခေါင်းအားဖြေးညှင်းစွာခါပြတော့ကိုကိုကြီးကဘာလို့လဲဆိုသည့်အကြည့်တို့ဖြင့်ကြည့်လာလေသည်။နန်းရိပ်သက်ပြင်းအားလေးပင့်စွာချရင်း စားပွဲပေါ်ရှိ ပန်းအိုးလေးအား မဆိုင်ပါဘဲငေးကြည့်နေမိတော့သည်။
"နန်းရိပ် ကိုကိုကြီးအတွက်အဖြေမှန်ရှာရအုံးမယ်"
"အဲ့ကိစ္စကိုထားလိုက်ပါဆိုကွာ..အဲ့တစ်ယောက်ကရူးနေတာလားမသိဘူး။ကိုကိုကြီးကိုပဲစွပ်စွဲနေတာ"
"မဟုတ်သေးဘူးကိုကိုကြီး..သူကအစ်မတစ်ယောက်လုံးသေထားတာလေ။သူ့မှာကိုကိုကြီးကိုစွပ်စွဲရတဲ့အကြောင်းအရင်းရှိလို့စွပ်စွဲတာပေါ့"
"နန်းရိပ်လွှာဒါဆို သူစွပ်စွဲတာမှန်တယ်လို့နင်ပြောချင်တာလား"
တစ်ခါမှနာမည်အပြည့်အစုံမခေါ်ဖူးတဲ့ကိုကိုကြီးမှ နာမည်အားအပြည့်ခေါ်ပြီးအော်လိုက်တာကြောင့် နန်းရိပ်မျက်ရည်များစီးကျလာမိတော့သည်။
"ဟင့်..မဟုတ်ပါဘူး..နန်း..နန်းရိပ်ပြောတာက သူ့မှအကြောင်းရှိတယ်..အဲ့အကြောင်းကိုနန်းရိပ်တို့ရှာရမယ်လို့ပြောတာပါ..ဟင့်..ကိုကိုကြီးကိုနန်းရိပ်ကယုံပြီးသားပါ"
"ဆောရီးကွာ..မငိုနဲ့တော့နော် ကိုကိုကြ​ီးကရုတ်တရက်ဆိုတော့ သူ့စကားကိုညီမလေးယုံသွားတာလားဆိုပြီးစိတ်မကောင်းဖြစ်သွားလို့ပါ"
ကလေးတစ်ယောက်လိုငိုနေသည့်ညီမဖြစ်သူအား ရင်ခွင်ထဲသွင်းရင် ချော့နေမိတော့သည်။တကယ်ဆို ကိုယ့်ကြောင့်ဒီလိုတွေဖြစ်ခဲ့ရသည်မလား။
"ထမင်းမစားရသေးဘူးမလား..တစ်ခုခုသွားစားရအောင်"
"ဟင့်အင်း..မစားချင်ဘူး"
"တို့မောင်နှမတွေအတူတူမစားရတာကြာနေပြီ ဒီမှာစားရအောင်ကိုကိုကြီးခွံ့ကျွေးမယ်"
ထိုအခါမှခေါင်းအားငြိမ့်ပြသည့်ညီမငယ်။ထမင်းနဲ့ဟင်းအား ဝန်ထမ်းတစ်ယောက်ကိုသွားဝယ်ခိုင်းပြီး ရုံးခန်းထဲမှာပဲ အတူစားလိုက်ကြသည်။
"ညနေမှပြန်မယ်မလား..ကိုကိုကြီးလိုက်ပို့မယ်"
"ဟင့်အင်းနေပါစေ တော်ကြာ လွန်းဟယ်ရီနဲ့တွေ့ရင် အရင်တစ်ခါလိုဖြစ်နေပါအုံးမယ်"
"ရပါတယ် ကိုကိုကြီးလိုက်ပို့ပါ့မယ် "
"နန်းရိပ်ကြောင့်ကိုကိုကြီးတစ်ခုခုဖြစ်မှာစိုးရိမ်တယ် မပို့ပါနဲ့နော်.."
"ဒေါက်..ဒေါက်..ဒေါက်"
"ဝင်ခဲ့"
"ဆရာ ဒီမှာ.."
"ကျေးဇူးကွာ...သွားလို့ရပြီ"
"နန်းရိပ်ရော့ ဒီမှာဖုန်း..ဒီကဒ်ထဲမှာပိုက်ဆံထည့်ထားတယ် လိုရင်လည်းကိုကိုကြီးကိုပြော"
"ရပါတယ်ကိုကိုကြီးရယ် နောက်ဆို နန်းရိပ်ကုမ္ပဏီကို နန်းရိပ်ပဲသွားတော့မယ်..အိမ်မှာပဲနေရင် ဘာမှလုပ်မရဖြစ်နေလိမ့်မယ်"
"အင်းပါ..အဖြေမြန်မြန်ရှာတွေ့ပါစေကွာ..ကိုကိုကြီးကြောင့်ညီမလေးပင်ပန်းရပြီ"
"မဟုတ်တာပဲကိုကိုကြီးရယ်"
တစ်ယောက်မျက်နှာတစ်ယောက်အဓိပ္ပ်ပါသည့်မျက်ဝန်းများဖြင့်ငေးကြည့်နေမိသည်။နန်းရိပ်စိတ်ထဲတွင်လည်းဘယ်လိုလုပ်ရမလဲဆိုသည့်အတွေးများဖြင့်အစီအစဥ်များဆွဲနေမိသည်။
"အဖြစ်မှန်တွေပေါ်ရင်တော့ လွန်းဟယ်ရီနဲ့ကွာရှင်းရမယ်နော်"
ခေါင်းအားဖြေးညှင်းစွာငြိမ့်ရင်းရင်ထဲဝယ်တင်းကျပ်သွားရပြန်သည်။တစ်နေကုန်စကားပြောကြရင်း နာရီကြည့်မိတော့ ငါးနာရီကျော်လေပြီ။
"ကိုကိုကြီး ညီမလေးပြန်တော့မယ်"
"ပြန်တော့မလို့လား..ဟုတ်သားပဲ နောက်ကျနေပြီ ကိုကိုကြီးပါကင်ထိလိုပ်ပို့ပေးမယ်"
"ဟုတ်ကိုကိုကြီး"
တကယ်ဆိုအိမ်ထိလိုက်ပို့ပေးချင်ပေမဲ့ညီမဖြစ်သူကအတင်းအကန်ငြင်းနေတာကြောင့်ရုံးရှိဝန်ထမ်းအားလိုက်ပို့ပေးဖို့စီစဥ်ရသည်။
"တစ်ခုခုဆို ကိုကိုကြီးကိုဖုန်းဆက်နော်"
"ဟုတ် ဆက်မယ်နော် စိတ်အရမ်းမပူပါနဲ့"
"အမေ့..."
နန်းရိပ်တို့ရှေ့တွင်အရှိန်နှင့်ထိုးရပ်လိုက်သည့်ကားကြောင့် လန့်သွားမိတော့သည်။ကားပေါ်မှဆင်းလာသူမှာ လွန်းဟယ်ရီဖြစ်နေလေသည်။
"ဒေါ်နန်းရိပ်လွှာ ရှင်တော်တော်သတ္တိကောင်းနေတာပဲ ခုချိန်ထိအိမ်မပြန်ဘဲ"
"ငါ့ဘာသာဘယ်ချိန်ပြန်ပြန်ပေါ့ မင်းနဲ့မဆိုင်ပါဘူး လွန်းဟယ်ရီ"
"လွန်းဟယ်ရီ ငါ့ညီမကမင်းရဲ့အကျဥ်းသားမဟုတ်ဘူး မင်းအဲ့လောက်ထိမချုပ်ချယ်နဲ့"
"ကျွန်မမိန်းမကျွန်မချုပ်ချယ်တာဘာဖြစ်သလဲ.."
"လွန်းဟယ်ရီနင်ပြန်တော့ ငါ့ဘာသာပြန်လာမယ်"
"ကျွန်မနဲ့တစ်ခါတည်းလိုက်ခဲ့"
"ငါ့ညီမကို ငါလိုက်ပို့မယ် မင်းပြန်"
"ကျစ်..ပြောရတာရှည်လိုက်တာ ရှင်ကဆိုင်ပဲဆိုင်တာ မပိုင်တော့ဘူး ဒေါ်နန်းရိပ်လွှာက ကျွန်မလက်ထပ်ထားတဲ့ ကျွန်မ မယားပဲ"
"လက်ထပ်တယ်ဆိုတာ မင်းဘက်က တစ်ဖက်သတ်ပဲလေ လွန်းဟယ်ရီ စာချုပ်တစ်ခုကဘယ်လောက်အရေးပါလို့လဲ"
"ကိုကိုကြီး..တော်တော့နော်ပြန်တော့.."
ဆက်နေလျှင် အန္တရာယ်များတော့မည်ကိုသိနေသောကြောင့် နန်းရိပ်အကိုဖြစ်သူအားစိတ်ပူစွာ ပြန်လွှတ်နေမိတော့သည်။
"သွားပါကိုကိုကြီးရယ်နော်..နန်းရိပ်ကိုချစ်တယ်မလား သွားတော့နော်..ကိုဦး ကိုကိုကြီးကိုခေါ်သွားတော့"
နောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့်ထွက်သွားသည့်ကိုကိုကြီးအား နန်းရိပ်ငေးနေရုံသာတတ်နိုင်တော့သည်။
"ဒေါ်နန်းရိပ်လွှာ သွားမယ်"
ပြောပြောဆိုဆိုဖြင့် ကားပေါ်သို့ နန်းရိပ်လက်အားစောင့်ဆွဲကာ ခေါ်လိုက်သည့်လွန်းဟယ်ရီ။
"အာ့...လွန်း..လွန်းဟယ်ရီ နာတယ်လို့"
ကိုင်ထားသည့်လက်ကောက်ဝတ်အားပိုတိုးညှစ်လိုက်ကိုင်လိုက်တာကြောင့် နန်းရိပ်အော်မိသွားတော့သည်။ဒါပေမဲ့လက်အားနည်းနည်းလေးမှ မဖြေလျှော့ဘဲ ဆက်ပြီးဖိကိုင်ထားလေသည်။ကားပြတင်းအပြင်အားငေးနေရင်းသူမပြောသည်အားဂရုမစိုက်စွာ နေနေသူမှာ ဒေါသတို့အတော်ထွက်နေသည်ထင်ရဲ့။
"လွန်းဟယ်ရီ...နာတယ်လို့"
ကိုင်ထားသည့်လက်အား မိမိလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း ရုန်းတော့ လှည့်ကြည့်လာတဲ့မျက်ဝန်းတွေ။မျက်ရည်စတွေဝဲနေတာကြောင့် ရုတ်တရက်ရုန်းနေရင်း ရပ်သွားမိတော့သည်။ခုနကထိစိတ်ဆိုးနေသည့်သူကဘာဖြစ်လို့များပါလိမ့်။ဒေါသထွက်လွန်းလို့မဟုတ်ဘဲ မျက်ဝန်းတွေထဲကြည့်ရုံဖြင့်တစ်ခုခုအားဝမ်းနည်းဟန်မြင်နေရသည်။
"အရမ်းနာသွားလား..ဆောရီး"ပြောပြီးဆုပ်ကိုင်ထားသည့်လက်အားဖြေလျှော့ပေးပြီးနောက် လက်ဖဝါးအားခပ်ဖွဖွထပ်ကိုင်ထားလေသည်။မရုန်းတော့ပါဘဲ အလိုက်သင့်နေရင်း ပြတင်းတံခါးအပြင်ကိုသာငေးမောနေမိတော့သည်။အိမ်ရောက်တဲ့ထိစကားတစ်ခွန်မှမဆိုတာကြောင့် နန်းရိပ်လည်းတိတ်ဆိတ်နေမိတော့သည်။
ခုတင်ပေါ်တွင်လှဲချလိုက်သည့်သူအားတစ်ချက်ကြည့်ကာ လက်ထဲရှိအိတ်အား မှန်တင်ခုံပေါ်တင်လိုက်မိသည်။ခေါင်းလျှော်ချင်သည်မလို့ ထုံးထားသည့်ဆံထုံးအားဖြန့်ချလိုက်တော့ ဆံနွယ်ခွေခွေတို့မှာ ဝဲကျလာတော့သည်။ဆံနွယ်တို့အားလက်ဖြင့်ထိုးဖွရင်း အောက်ထပ်သို့ခဏဆင်းဖို့တွေးလိုက်မိချိန်အနောက်မှလာသိုင်းဖက်သည့်လက်တစ်စုံကြောင့်ရင်ထဲသိမ့်ခနဲပင်။
"ဘာလုပ်တာလဲ..ဖယ်အောက်ဆင်းမလို့..လွန်း.."
စကားတောင်မဆုံးသေး ဆွဲလှည့်လိုက်တာကြောင့်မျက်နှာနှစ်ခုမှနီးကပ်သွားတော့သည်။ပြတင်းတံခါးမှတိုးဝင်လာသည့်လေကြောင့် ဖြန့်ချထားသည့်ဆံနွယ်တို့မှာနန်းရိပ်မျက်နှာရှေ့ဝယ်ဝဲလွင့်နေတော့သည်။ထိုဆံနွယ်များအားလက်ဖြင့်အနောက်သို့သပ်တင်ပေးနေတာကြောင့် နန်းရိပ်ရင်အစုံမှာနိမ့်ချည်မြင့်ချည်ဖြစ်ကာ ခြေများပင်မခိုင်တော့။အနောက်ရှိမှန်တင်ခုံအားမသိမသာမှီလိုက်ရင်းလက်အားခုံပေါ်ထောက်လိုက်မိသည်။
"ရှင်ကအမြဲတမ်းအတွက်ကျွန်မမိန်းမပဲ..ဒါကိုမှတ်ထားဒေါ်နန်းရိပ်လွှာ"
ပြောပြီးခြေလှမ်းကျဲများဖြင့်အပြင်သိူ့ထွက်သွားသည့်ကလေးမ။အလိုက်မသိခုန်နေသည့်ရင်အား လက်တစ်ဖက်ဖြင့်ဖိရင်းခုံပုလေးပေါ်ထိုင်ချလိုက်မိသည်။
"အလိုက်မသိလိုက်တာ ဘာလို့များဒီရင်ကခုန်နေရသလဲ"
ခုံပေါ်မှထကာ အဝတ်များအားချွတ်ကါထဘီရင်လျားလေးဖြင့်မှန်တင်ခုံရှေ့ဝယ်ရပ်နေမိသည်။ခေါင်းလျှော်ဖို့အတွက် ဘီးလေးအားယူချိန် အခန်းတံခါးအားဖွင့်ကာဝင်လာသည့်လွန်းဟယ်ရီကြောင့် လန့်သွားတော့သည်။
"အသံလေးဘာလေးပေးပြီးမှဝင်ပါလား"
"ကျွန်မအခန်းကျွန်မဝင်တာဘာဖြစ်လဲ"
ဟယ်ရီအားမြင်တော့ တဘတ်အားဆုပ်ကိုင်ထားရင်းလန့်သွားသည့်အမျိုးသမီး။အမြဲတစေဖုံးလွှမ်းထားသည့် ရင်ဘတ်ကလေးမှာ ရင်လျားထားတာကြောင့်အကာအကွယ်မဲ့စွာမြင်နေရသည်။ပုခုံးသားဖွေးဖွေးတို့မှာလည်းဆံနွယ်စတို့ရောယှက်တင်ကာ ထင်းနေတော့သည်။သူမဆီလျှောက်တော့တဖြည်းဖြည်းအနောက်သို့ဆုတ်ဆုတ်သွားကာ ခုတင်ပေါ်သို့ထိုင်ကျသွားသည့်အမျိုးသမီး။
"လွန်း..လွန်းဟယ်ရီ"
ကြောက်ရွံ့နေပုံမှာတကယ့်ကလေးလေးတစ်ယောက်ပမာ။အနားရှိခေါင်းစည်းကွင်းတစ်ကွင်းအားယူကာ သူမအနောက်ဝင်ထိုင်တော့ ထထွက်ဖို့ပြင်သည့်အမျိုးသမီး။လက်တစ်ဖက်အားဆွဲကာပြန်ထိုင်စေပြီး ဆံနွယ်တို့အား စည်းနှောင်ပေးဖို့ပြင်မိသည်။
"ညဘက်ကြီးကိုခေါင်းမလျှော်ချင်စမ်းနဲ့ ဒေါ်နန်းရိပ်လွှာ"
"တို့စိတ်နဲ့တို့ကိုယ်ပဲလေ..မစည်းတတ်ဘဲနဲ့ဖယ်စမ်းပါ"
"ငြိမ်ငြိမ်နေ"ပြောမရသည့်အဆုံးမိမိဘက်သို့ဆွဲလှည့်ကာ နှုတ်ခမ်းပါးလေးအား ခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။
"ပြွတ်.."
"မင်း..."
"ထပ်ပြောရင် ထပ်နမ်းခံရမယ်..ငြိမ်ငြိမ်နေ"
နှုတ်ခမ်းစူကာတစ်ဖက်သို့လှည့်သွားသည့်အမျိုးသမီး။မျက်စောင်းမိုးတွေလည်း ဟယ်ရီအပေါ်ရွာနေလေရဲ့။
"ပြီးပြီ..ဆံနွယ်တစ်စရေစိုရင် တစ်ခါအနမ်းခံရမယ်..သွားချိုးတော့"
ချက်ချင်းဆိုသလိုထပြီးရေချိုးခန်းထဲသို့ဝင်သွားသည့်အမျိုးသမီးအားကြည့်ရင်းပြုံးလိုက်မိသည်။ခြေထောက်နားသို့လွင့်ကျလာသည့်စာရွက်အပိုင်းအစလေးအား
ယူလိုက်ချိန် ခုနကမျက်နှာထက်မှအပြုံးများမှာ လေနဲ့အတူ လွင့်စင်သွားခဲ့တော့သည်။
"ဦးကမနက်ဖြန်သူ့ကိုလာတွေ့ပါတဲ့...ပျော်လိုက်တာ"
စာရွက်ကလေးအားကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ဝန်းမှမျက်ရည်တို့မှာလည်းဝဲလာမိပြန်တော့သည်။
"မမရေ..မမအတွက်ဟယ်ရီသေချာပေါက်ကလဲ့စားချေပေးမှာပါ"
#Äster(အက်စတာ)
updateမှန်အောင်ကြိုးစားပေမဲ့ အချိန်မရတာကြောင့်ကြာနေခဲ့တယ်။တကယ်ကိုအားနာပါတယ်နော်💙🌧

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now