Chapter - 15 (Part 2)

Start from the beginning
                                    

သခင်ကြီး​ကျောင်းစီက တစ်ခုခုအတွက် ရုန်းကန်နေရသလိုဖြစ်​နေပြီး ​ပြောတယ်, "​ရှောင်း​လောင်နဲ့ ရိရှင်က ဘယ်လိုဖြစ်လို့ ​​ရောက်လာကြတာလဲ? မင်းတို့နှစ်ယောက် ဒီမိတ်ဖက်လုပ်ငန်းကို ထပ်ပြီး ဆွေးနွေးချင်နေတာလား?"

သခင်ကြီး​ကျောင်းစီက စကားပြောနေတဲ့အချိန်မှာ သူ အချိန်အ​တော်ကြာ ဦးတည်ခြင်းမပြုခဲ့တဲ့ ငါနဲ့ ​ကျောင်းကုန်းဇီရဲ့ဘက်ကို နူးညံ့စွာနဲ့ ပြုံးပြလာတယ်။

ငါက ပြန်​ဖြေလိုက်တယ်, "ဟုတ်ပါတယ်, ကျွန်​တော်တို့က ကျွန်​တော်တို့ရဲ့ ဖက်စပ်လုပ်ငန်းအကြောင်းကို လာဆွေးနွေးတာပါ"

​ကျောင်းကုန်းဇီက ငါ့ကို အေးစက်စွာ စိုက်ကြည့်လာတယ်။

ငါ တွန်းအား​ပေးခံနေရတယ်ဆိုတာကို ငါ့ရဲ့အကြည့်က​နေသာ သူ့(​ကျောင်းကုန်းဇီ)ကို ပြောပြဖို့ တတ်နိုင်ခဲ့တယ်။ ငါက သခင်ကြီး​ကျောင်းစီ ခေါ်ဆောင်လာခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ပါ။ ငါ့မှာ သခင်ကြီး​ကျောင်းစီပြောသမျှကို လိုက်​ပြောရမှာဖြစ်တယ်။

ဒါပေမယ့် ​ကျောင်းကုန်းဇီကတော့ ဒီတစ်ခါ ငါ့ရဲ့မျက်လုံးအချက်ပြမှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်။ သူက သခင်ကြီး​ကျောင်းစီကို ​ပြောတယ်, "ကျွန်​တော်က သူနှင့်အတူ နေ​,နေတာကြောင့်​လေ"

ငါ ​ကျောင်းကုန်းဇီကို မုန်းလိုက်တာ။

သခင်ကြီး​ကျောင်းစီက သူ့ရဲ့သားကို သတ်မှာမဟုတ်​ပေမယ့် ငါ့ကို​တော့ သတ်ပစ်နိုင်တယ်။

​ကျောင်းကုန်းဇီကို မုန်းလိုက်တာ။

မစ္စယုက အခန်းတွင်း တင်းမာမှုတွေကို ပြေပျောက်အောင် ကူညီပေးခဲ့တယ်, "တကယ်တော့ အစ်ကို(၃)က ငါ့ကို အဲ့အ​ကြောင်း ပြောပြပါတယ်, ငါ ကော်ဖီသောက်ဖို့ နင့်ရဲ့ တိုက်ခန်းကို လာဖို့ စိတ်ကူးထားတာ, ရိရှင်ဖျော်တဲ့ ကော်ဖီက ပိုပြီး မွှေးတယ်လို့ ငါ ကြားထားတယ်​လေ"

တကယ်တော့ အဲ့ဒါက ကျင်းရှန့် ငါ့ကို လက်ဆောင်ပေးထားတဲ့ ကော်ဖီစေ့တွေရဲ့ အရည်အသွေး​ကြောင့် ပိုကောင်း​နေတာပါ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now