Chapter(79):ပေါက်ကွဲထွက်မှု နှစ်ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1

Depuis le début
                                    

"ကြည့်ရတာတော့ ငါမနေ့တုန်းက ပေးခဲ့တဲ့စာအုပ်ကို မင်းဖတ်ထားပြီးပုံပဲ။" ဆရာခါမွန်က ကြုံတောင့်ကြုံခဲ လူတစ်ယောက်ကို ချီးကျူးလိုက်တယ်။

အနီးကပ်ကြည့်ရှုနေကြတဲ့ ဘေးပတ်ပတ်လည်က လက်ထောက်တွေက အရမ်းရှော့ခ်ရသွားကြတာကြောင့် သူတို့ရဲ့အမူအရာတွေက ကြက်သေသေသွားကြပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း ရုတ်ချည်းရပ်တန့်သွားကြတယ်။

တခြားလူတွေနဲ့ နှိုင်းယှဉ်လိုက်လျှင် ဒီလူက ရိုးရိုးရှင်းရှင်းနဲ့ လူတွေကို ရူးသွပ်သွားအောင် ပြုလုပ်နိုင်တာပဲ။

"ဟုတ်ကဲ့။ ကျွန်တော်ဒါကို ဖတ်ပြီးသွားပါပြီ။" ယွီဂျင်လီက ပျော်ရွှင်စွာ ပြောလိုက်တယ်။ သူက ကောင်းတဲ့ koi ငါးလေးလေ။ ပြီးတော့ ဆရာပေးထားတဲ့ တာဝန်တွေအားလုံးကိုလည်း သူလုပ်ပြီးသွားပြီ။

"မင်းဒီစာအုပ်ကို အလွတ်ကျက်ထားပြီးပြီဆိုရင်တောင်မှ မင်းကျေနပ်ရောင့်ရဲနေလို့မဖြစ်ဘူး။ ဒါက ကတ်လက်မှုအတတ်ပညာရပ်မှာ အနိမ့်ဆုံးအဆင့်ရဲ့ ပထမဦးဆုံးအပိုင်းပဲ ရှိသေးတယ်။ F-level စွမ်းအင်ကတ်တွေ ဖန်တီးမှုကို အဆက်မပြတ် လက်တွေ့လေ့ကျင့်ရေး ဆင်းပြီးမှသာ E-level စွမ်းအင်ကတ်တွေဆီကို မင်းအဆင့်တက်လို့ရမှာ။

အခုလက်ရှိမှာ မင်းက F-level စွမ်းအင်ကတ်လေးတစ်ခုကိုတောင် မထုတ်လုပ်နိုင်သေးဘူးလေ။ မင်းက သေချာပေါက်ကို ကတ်လက်မှုပညာသည်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ မထိုက်တန်သေးဘူး။" ဆရာခါမွန်ရဲ့အကျင့်ပါနေတဲ့ အဆိပ်ပြင်းလွန်းတဲ့လျှာက ထပ်မံထိုးနှက်လိုက်ပြန်တယ်။

တကယ်လို့ တစ်စုံတစ်ယောက်အတွက် အခြေအနေက ပြောင်းလဲသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ယုံကြည်ချက်တွေက ဆရာခါမွန်ကြောင့် ကြီးကြီးမားမားကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမှာ ဖြစ်ပြီးတော့ သူတို့တွေက သူ့ရဲ့လမ်းညွှန်ပြသခြင်းကိုတောင် နောက်ထပ်ထပ်ပြီး လိုချင်ကြတော့မှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ ဒီလိုမျိုးပြင်းထန်တဲ့ ထိုးနှက်ခြင်းမျိုးက သာမန်အားဖြင့်ဆိုရင် ကျောင်းပတ်ဝန်းကျင်မှာ ဖြစ်ပွားလေ့မရှိပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Où les histoires vivent. Découvrez maintenant