ဝါဂွမ်းစလေးကိုရေစွတ်ကာပါးစပ်ဆီတေ့ပေးတော့ အငမ်းမရသောက်လာသည်။

"လူနာ နှလုံးနာတာတို့ အောင့်တာတို့ရှိရင်ပြောလို့ရပါတယ်....နှလုံးကအစာထိုးထားတာဆိုတော့ ခန္တာကိုယ်နဲ့အသားသိပ်မကျသေးတာတို့ဖြစ်မှာစိုးလို့"

"ဒါဆို ဖြည်းဖြည်းအနားယူပါဉီး ကျွန်တော် roundလှည့်စရာရှိသေးလို့"

ဆရာဝန်ကိုကြည့်ရင်း ရိပေါ်ကခါင်းငြိမ့်ပြတယ်။ဆရာဝန်ကအပြုံးလေး
နဲ့တုံ့ပြန်ကာ အခန်းထဲကထွက်သွားသည်။

ဆရာဝန်ထွက်သွားတာနဲ့ ရှောင်းကိုလှည့်ကြည့်လာကာ နူးနူးညံညံလေးပြုံးပြလာတယ်။အင်းးး အရင်က အရင်ကလို ရှောင်းကိုချစ်နေတဲ့အချိန်တုန်းကအပြုံးမျိုး....
လက်ကိုဆန့်တန်းကာ ရှောင်းကိုရင်ခွင်ထဲလာဖို့လည်းခေါ်နေသေးသည်။အစကတွန့်ဆုတ်နေမိပေမယ့် တကယ်တမ်းလည်း လွမ်းနေရသည့်ရင်ခွင်မို့ တိုးဝင်လိုက်တယ်။တောင်းပန်ပါတယ် ရှောင်းငယ်..... မင်းမရှိတုန်းလေးပဲ လေးငယ် ခိုဝင်ခွင့်ရတာမို့ပါ

"ရှောင်း ကိုအရမ်းလွမ်းနေတာ....ရှောင်းကျွန်တော့ကိုစိတ်ပူလို့ပြန်လာတာမလား"

"ဟင် ....."

"ကျွန်တော် ရှောင်းနဲ့ဖုန်းပြောရင်း ဆိုင်ကယ်မောင်းတာ ဆိုင်ကယ်နဲ့ကားနဲ့ဝင်ကြုံးမိတာလေ အဲ့တာကြောင့် ရှောင်းပြန်လာတာမလား ဟီးးဟီးး အဲ့တာကြောင့် ရှောင်းကိုချစ်ရတာ"

"မဟူတ် ရိပေါ်...."

"ရှောင်း ဟိုဘက်လူကဘယ်သူလဲဟင် ရှောင်းနဲ့တော်တော်ဆင််တယ်နော်"

" ရိပေါ်....မင်း"

ရိပေါ် ရင်ခွင်ထဲနေထွက်ပြီး ရိပေါ်မျက်ဝန်းတွေကို အသေအချာဖတ်ကြည့်မိသည်။ရိပေါ် မှတ်ဉာဏ်ပျောက်နေတာလား....

"ရှောင်း....ရှောင်းပြန်ခဲ့မယ်...."

ရိပေါ်ကိုခနထားခဲ့ကာ အခန်းထဲကပြေးထွက်လာခဲ့သည်။သူဘယ်လိုလုပ်ရမလဲ ရိပေါ်ကိုအမှန်အတိုင်းပြောပြလိုက်ရမလား..ဒါမှမဟုတ် ဒီအတိုင်း ရိပေါ်ကိုခေါ်ပြီး သူနိုင်ငံခြားကိုထွက်သွားလိုက်ရမလား.....

ရိပေါ် ပတ်တီးအဖွေးသားနဲ့ထိုလူကို ကြည့်လေ ကြည့်လေ ရှောင်းနဲ့တူလေမို့ အနီးအနားကိုသွားကြည့်ချင်လာသည်။ ခန္တာကိုယ်က အနည်းငယ်ထုံထိုင်းနေပေမယ့် အားယူလို့ထရပ်ကာ ထိုလူဆီတဖြည်းဖြည်းတိုးကပ်လာခဲ့၏။

ချောလိုက်တာ....ဘာလို့ဒီလောက်တောင် ချောနေရတာလဲ...ပတ်တီးလည်းစီးထားရသေးတယ်။မျက်ဝန်းတွေပိတ်ထားတာမလို့ တိုစိတ်စိတ်ဖြာကျနေတဲ့ မျက်တောင်လေး
တွေကအစ စေ့စေ့ပိတ်ထားတဲ့ နူတ်ခမ်းညိုဖျော့ဖျော့လေးအဆုံး...အဲ.....အဲမှားလို့ နူတ်ခမ်းအောက်ကမှဲ့နက်သေးသေးလေးအဆုံး ဒီလူကတကယ်ကို အရမ်းကြည့်ကောင်းတာပဲ။စိုက်ကြည့်လေ စိုက်ကြည့်လေ ဒီလူနဲ့သူနဲ့အရမ်းရင်းနှီးခဲ့ဖူးသလိုခံစားနေရသည်။အဆိုးဆုံး ဒီနူတ်ခမ်း ဒီနူတ်ခမ်းနဲ့ သူ့ခံတွင်းထဲအထိ ကျူးကျော်ဖူးတယ်လို့ခံစားနေရတာပဲ.....
ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်ကာ အခန်းတံခါးဝကိုလည်း လူလာ မလာကြည့်လိုက်မိသေးတယ်။ထိကပ်သွားသည့်နူတ်ခမ်းနှစ်စုံနဲ့ ရိပေါ်ရဲ့နှလုံးဟာတဒိန်းဒိန်းခုန်လို့..... မှိတ်ချမိလိုက်တဲ့ မျက်ဝန်းတွေနှင့် ခေါင်းထဲစီတန်းကာပေါ်လာသော မှတ်ဉာဏ်များ....

"ဝမ်~ ငါမင်းကိုဝမ်လို့ခေါ်လို့ရမလား"

"မင်းသာငါ့ကိုအလိုရှိနေသေးသ၍ မင်းငါ့ကိုမနှင်ထုတ်မချင်းငါက မင်းဘေးနားကုပ်ကပ်ပြီးတွယ်ကပ်နေမှာ"

"ဝမ် ချစ်တယ်"

"ငါက ဝမ့်ကိုအရမ်းချစ်ပြီးမြတ်နိုးတာမလို့ ဝမ်ကလည်းငါ့ကိုပြန်ချစ်ပေးရင်ကောင်းမှာပဲ"

"ဝမ် ဒီနေ့တစ်ရက် ဒီနေ့တစ်ရက်ပဲ ငါနဲ့အတူလည်ပေးလို့မရဘူးလားဟင်"

"အသည်း ခွဲစိတ်ရအောင်~ခွဲစိတ်ပြီးရင် လက်ထက်ကြမယ်လေနော်"

"အသည်း အဆင်ပြေတယ်မလားဟင်"

တဖြည်းဖြည်းသွေးသံတရဲရဲနှင့် သူ့ဆီလာနေသော ရှောင်းကျန့်ရဲ့ပုံရိပ်.....

မျက်ရည်တစ်ပေါက်က ရှောင်ကျန့်ပါးပေါ်ပေါက်ကနဲ....တဖြည်းဖြည်းပြန်ခွာသွားတဲ့ ခပ်ထူထူလုံးလုံးနူတ်ခမ်းတစ်စုံဟာလည်းတဆတ်ဆတ်တုန်ရီလို့.....

"ကို.....ကိုကို~"

************************************

B O G(ZSWW)[Complete] Where stories live. Discover now