"အသည်း အသည်း ရရဲ့လား ဘယ်နေရာထိသွားသေးလဲဟင်"

အခုချိန်ထိ လိပ်ပြာလွှင့်သလိုစိတ်နဲ့ ကိုယ်နဲ့မကပ်တဲ့ရိပေါ်က ရှောင်းကျန့်ကိုသာတွေတွေလေးငေးရင်းစိုက်ကြည့်နေသည်။တဖြည်းဖြည်းး လက်လေးတစ်ဖက်မြှောက်လာပြီး ရှောင်းကျန့်ရဲ့ခေါင်းအနောက်ကိုဖွဖွလေးလှမ်းကိုင်သည်။ပြီးနောက် ပါးပြင်တစ်လျှောက်မျက်ရည်ဉတွေလှိမ့်ဆင်းလာသည့်အသည်းကရှိုက်ကြီးတငင်ငိုတယ်။

"အရမ်း....အရမ်းနာလားဟင်.....မ...မဖြစ်ဘူး....မင်း ဆေးရုံသွားရမယ်လေ..... မင်းကားတိုက်ခံထားရတာ"

ရင်ခွင်ထဲကအတင်းရုန်းထွက်ကာ ရှောင်းကျန့်ကိုအတင်းဆွဲထူတယ်။
အသည်းကိုဖွဖွလေးပြုံးပြကာ ဆံပင်အုပ်အုပ်လေးကို ပုတ်လိုက်တယ်။

"အရမ်းချစ်တယ် ကိုယ့်ရဲ့အသည်းအသက်.....အခုတော့ ကိုယ်အရမ်းပင်ပန်းပြီး
အိပ်ချင်နေလို့ ခနနားဉီးမယ်"

"ဟင့်အင်းးး ဟင့်အင်း မအိပ်ရဘူး မအိပ်ရဘူးလို့.... ရှောင်းကျန့်!!!"

ရိပေါ်ရဲ့ပခုံးပေါ်ပြိုကျလာသည့်ခန္တာကိုယ်သေးသေးလေးက အသက်ရှုသံကမျှင်းဖွဖွ...နားထဲမှာတဝီဝီနဲ့ဆေးရုံကားသံတွေလည်းမကြားနိုင်လောက်အောင်
ရှောင်းကျန့်ရဲ့အသံရှုသံမျှင်းဖွဖွလေးကိုသာ နားထောင်နေမိသည်။ချစ်ရသူရဲ့အဖြစ်အပျက်အစအဆုံးကိုမြင်လိုက်ရတဲ့သူ့အတွက် ရှောင်းကျန့်အသက်ရှုသံလေးပျောက်သွားမှာကိုစိုးရိမ်ပါသည်။

ရိပေါ်လို့အော်ခေါ်လိုက်ပေမယ့် ဘယ်ကနေပေါ်လာမှန်းမသိတဲ့ ရှောင်းငယ်ကရိပေါ်ကိုတွန်းထုတ်လိုက်တာမို့ တကယ်တမ်းအတိုက်ခံလိုက်ရသည်က ရှောင်းငယ်ဖြစ်နေသည်။ထိုနေရာမှတင်ခြေ ချုပ်မိနေသလိုဆေးရုံကားများလာပြီးထွက်သွားသည့်တိုင်
ရှောင်းရှန်းတစ်ဖဝါးမှမခွာမိ.....

"လူနာ အမှတ်120 ကုန်တင်ကားတိုက် ဉီးခေါင်းအနောက်ဘက်သွေးထွက် ခြေထောက်တစ်ဖက် ကျိုး နှလုံးကိုလည်း ဒဏ်နည်းနည်းထိတယ်ထင်ရ အသက်ရှုသံပုံမှန်မဟူတ်..."

ဆရာဝန်နဲ့သူနာပြုများကရှောင်းကျန့်ကိုတင်ထားသည့်ကုတင်ကိုတွန်းရင်းပြောသွားတာကြောင့် ရိပေါ်မတ်တပ်ပင်မရပ်နိုင်လောက်အောင်ကြမ်းပြင်ပေါ်ပျော့ခွေကျ...သွားသည်။
ရှောင်းကျန့် အဆင်ပြေပါ့မလား...

"ရိပေါ် အဆင်ပြေရဲ့လား"

ပိုင်ရှို့ကရိပေါ်ကိုလာဆွဲထူလို့မေးသည်။ဂျူတီကုတ်အဖြူရောင်နဲ့ပိုင်ရှို့က အခုချိန်တော့နတ်သားလိုပဲ....ပိုင်ရှို့ရဲ့အကျီစကိုဆုပ်ကိုင်လိုက်ကာ

"ပိုင်.... ပိုင်ရှို့.....ရှောင်းကျန့်.....အင့်.....ရှောင်းကျန့်.....ဟင်းးးးရှောင်းကျန့်ကို ကယ်ပေး....."

အခြေအနေကောင်းပုံမပေါ်တော့တဲ့ ရိပေါ်
ကအသက်ကိုအလုအယက်လုရှုကာ ရှောင်းကျန့်ကိုကယ်ပေးဖို့ပြောသည်။

"မင်းအဆင်ပြေရဲ့လား....."

"ငါ့....ငါ့ကို ဂရုမစိုက်နဲ့.....ရှောင်းကျန့်.... အင့်.....ရှောင်းကျန့်ကိုပဲကယ်ပေးပါ......ရှောင်းကျန့်ကငါ့ကြောင့်......ငါ့ကြောင့်......"

"ရိပေါ်......စိတ်အေးအေးးထား.....ငါပြောတာကြားလား....စိတ်အေးအေးထား......အသက်ကိုဝဝရှု"

မျက်နာတစ်ခုလုံးနီရဲကာ အသက်ပင်မရှုနိုင်တော့သည်ရိပေါ်ကို အသက်ကိုဖြည်းဖြည်းးချင်းရှုခိုင်းကာ အခြေအနေငြိမ်အောင်အရင်ထိန်းရသည်။ ရှောင်းကျန့်က ကံကောင်းတယ်ပြောရမလား......ကုန်တင်ကားနဲ့တိုက်မိတာမှန်ပေမယ့် အခြေအနေကအရမ်းမဆိုးပေ....ကုန်တင်ကားမောင်းသူကအရှိန်ကိုထိန်းနိုင်လိုက်လို့ လို့ပြောရမယ် .......အခုတကယ်ခွဲစိတ်ရမယ့်သူက ရှောင်းကျန့်မဟူတ်ဘဲ ရိပေါ်ဖြစ်သည်။ရိပေါ်ခွဲစိတ်ရက်ကမနက်ဖြန်မှပေမယ့် ဒီလိုအခြေအနေမျိုးနဲ့ဆို ဒီနေ့ခွဲစိတ်မှဖြစ်မည်။

အနောက်က nurseတစ်ယောက်အားရိပေါ်မသိအောင်အချက်ပြကာ မေ့ဆေးထိုးခိုင်းလိုက်သည်။တောင်းပန်ပါတယ် ရိပေါ်.....ရှောင်းကျန့်တောင်းဆိုတာမို့ပါ....

အမြင်အာရုံဝေးဝါးလာကာ လူတစ်ကိုယ်လုံးအားအင်ချိနဲ့လာသလိုခံစားနေရသည်။ ငါအရမ်းအိပ်ချင်တာပဲ ရှောင်းကျန့် မင်းကိုစောင့်ချင်သေးတာကို....

B O G(ZSWW)[Complete] Onde histórias criam vida. Descubra agora