အခန်း ၂၄.၁။

Börja om från början
                                    

" အဲ့သည့်ခေါင်းသေးသေးလေးက ဘာတွေတွေးနေပြန်တာလဲ ဟင်! "

သူမေးတော့ စွေ့ခနဲမျက်လုံးလှန်ကြည့်သည်။ သူ့ခေါင်းကိုသေးသေးလေးလို့ပြောတာကို မကြိုက်ဘူးပေါ့လေ။ မကြိုက်လည်းမတတ်နိုင်၊ တကယ့်တကယ်အရေးကြုံရင်သည်လူ့ခေါင်းက ရှိရင်းစွဲထက်သေးလို့ သုံးစား၍ပင်မရပါ။

" ခုနောက်ပိုင်း ငါ့နောက်ကိုလိုက်နေတယ်လို့ခံစားရတယ် "

" ဘယ်သူလိုက်တာလဲ "

" ဟင့်အင်း ငါမသိဘူး "

" နောက်နေ့ကျရင် သိန်းထွဋ်ကိုခေါ်ထားပြီး ဘယ်သွားသွားလိုက်ခိုင်းလိုက်မယ် "

" အင်း ဘယ်သူလဲဆိုတာလည်းငါသိချင်သေးတယ် "

" မောင့်လက်တံတွေကကျယ်ပါတယ် အချစ်ရယ်၊ မင်းကိုကာကွယ်ဖို့ကော မင်းလိုအပ်တာတွေပေးဖို့ကော မင်းယောက်ျားကိုယုံစမ်းပါ "

" သရဏဂုံမတင်ပေးချင်သေးဘူး လေနည်းနည်းလျှော့ဦး "

" ဟင် ဘာလို့ "

" လေပိသေနေမှာဆိုးလို့ "

ပက်ခနဲပြောပြီးသည်နှင့် လက်မောင်းဖို့ခေါင်းလှန်ချလိုက်သည်မို့ နှဖူးဝင်းဝင်းလေးပေါ်လာသည်။ နိမိတ်ကတဟားဟားရယ်ရင်းဖြင့်ထိုနှဖူးတွေကိုနမ်း၏။
ထိုမှတစ်ဆင့်ပါးပြင်တွေကို သူ့နှာခေါင်းချွန်ကြီးထိုးအပ်ကာ တရွှတ်ရွှတ်နမ်းသည်။ ရဲတွတ်နေတဲ့ပါးအိတွေကိုမြင်ရုံနဲ့အားမရ။ လျှာတွေနဲ့ပါလျက်ပစ်၏။ ထို့နောက်တော့မျက်ခွံလေးပေါ် အမြတ်တနိုးနမ်းသည်။ မျက်နှာတစ်ပြင်လုံးသူ့နှုတ်ခမ်းမရောက်တဲ့နေရာလည်းမရှိတော့ပါ။

" တော်တော့ အာပုပ်စော်နံကုန်တော့မယ်၊ မင်းအနံ့ကြောင့်ထပ်အန်မိရင် ငါမင်းကိုထိုးမှာ မယုံမရှိနဲ့ "

ထိုသို့စွာသည့်လူကြောင့် မျက်ဝန်းတွေကိုမှေးမှိတ်ပစ်ကာ ပါးချိုင့်ရေးလေးထင်းးအောင်ပြုံးလေ၏။

" မောင့်အချစ်ကို စိတ်လက်ကြည်သာစေချင်တာပါ "

သူစိတ်မချပေ။ စိတ်ကြောင့်ခံရတဲ့ခန္ဓာကိုယ်ကတော့ယိုင်နဲ့နဲ့ပဲရှိတော့မယ်။ တစ်နေ့တစ်နေ့အော့အန်နေတာတွေကပျောက်မသွား။ တစ်ခါတလေရူးရူးမိုက်မိုက်စဥ်းစားမိသည်။ မရင့်မာခင်ဖျက်ချလိုက်ရင်ကောဟူ၍။

The Crown ✅Där berättelser lever. Upptäck nu