အပိုင်း ၁၁

Start from the beginning
                                    

"ငါ့ကို ဟို အဖြေလေး"

ထိုအချိန်သိန်းဈာန်ကိုသတိရသွားသည်။ သိန်းဈာန်ခိုင်းတာနှင့် လွဲ၍လုပ်မိပြီ။ မတတ်နိုင် သူကလည်းသူဘဲ။ ပန်းဥကိုတွေ့တာနဲ့ ပါးစပ်ကထိန်းမရသိမ်းမရ ယခုလိုထွက်လာ၏။

"ဇာမဏီ ငါတကယ်အဲ့ကိစ္စတွေ စိတ်မဝင်စားခြင်သေးဘူး အဲ့ဒါကြောင့်လေ ငါတို့ဒီအတိုင်းပဲနေကြရအောင်လေ နော် ဇာမဏီ နော်"

ခပ်တိုးတိုးသာပန်းဥပြောသော်ငြား ဇာမဏီ့နားထဲတွင်တော့ မိုးကြိုး ၇ စင်းပြစ်လိုက်သလို ရှင်းရှင်းလင်းလင်းကြည်လင်ကာ ကျယ်လောင်လွန်းလှသည်။ ၃ နှစ်လောက်ကြိတ်ပိုးလာခဲ့ရသည်မို့ ရင်ထဲမချိသော်ငြား သေခြာပေါက်တော့ စူးနစ်မနေခဲ့။ ဒါလားအသည်းကွဲရောဂါ။

"အင်းပါ ပန်းဥသဘောပါ"

ပန်းဥကလှုပ်လီလှုပ်လဲ့ဖြင့် ဇာမဏီ့အနားကနေ ခပ်ဖြည်းဖြည်းထွက်သွားလေသည်။ ဝတ္ထုထဲကလိုတော့ ဇာမဏီ့နှလုံးသားပေါ် လျှောက်နင်းသွားသလိုမခံစားရခြေ။ နည်းနည်းလေးတော့ လွဲနေပါပြီ။

"ကိုကြီးချက်ရာ အဲ့တစ်ယောက်ကို မေ့ပြစ်လိုက်ပါ ငိုချင်ရင်ငိုခြလိုက် ငှက်လေးတစ်ယောက်လုံးရှိတယ် အဲ့တစ်ယောက်က အစ်ကို့ကိုကြိုးရှည်ရှည်နဲ့လှန်နေတာ ငြင်းလည်းအပြတ်ငြင်းပေါ့ ဘာတွေညာတွေ လာပြောနေသေးတယ် မချစ်နိုင်ရင်အရင်ကတော့ ဘာလို့ကြိတ်မိတ်နေခဲ့သေးလဲ"

ငှက်မကဘယ်ကနေထွက်လာလည်းမသိ ဇာမဏီ့ကိုမမှီ့တစ်မှီဖက်ကာ ချော့ပြီးပန်းဥကိုလည်း ခပ်တိုးတိုးရန်တွေ့ပြန်သည်။ ကိုယ်တိုင်က ဘာမှမဖြစ်၍ စိတ်ကသိကအောက်ဖြစ်နေသည်ကို အသည်းကွဲသည်မှတ်ကာ အတင်းငိုခိုင်းနေသည်မို့ ဇာမဏီခေါင်းသာငြိမ့်ပြလိုက်လေသည်။ တကယ်တော့ ကိုယ်တိုင်သာအသိဆုံး....။


———

အသည်းကွဲသည်ကို အရင်းခံကာ ငှက်မကောင်းမှုကြောင့် ရောက်ရှိလာခဲ့ပါသော ဘီယာဗူးနှင့်အာလူးကျော်ကို ဇာမဏီတယုတယဖြင့် သောက်စားနေလေသည်။ တကယ်တော့ အကြောင်းရှာခြင်း။ သောက်ဖို့အကြောင်းရှာနေသည်မို့ အသည်းကွဲသည်ဟုဆိုကာ အကြောင်းရှာရလေသည်။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now