ပထမဦးစွာ Siteထဲရှိ အလုပ်သမားခေါင်းနှင့်တွေ့၍ လိုအပ်သည်များ မှာလေသည်။ဆောက်လုပ်လက်စ အဆောက်အဦးအား လှည့်လည်ကြည့်ရှုပြီး သူ့ကို လိုအပ်သည်များ သင်ပေးလေသည်။
"ချာတိတ်"
"ဗျာ"
"ကိုယ်ပြောတာတွေ လိုက်မှတ်ထားနော်။ ဒါမှ အတွေ့အကြုံရမှာ မင်းတို့သင်ထားတဲ့ စာတွေ့ထက် အလုပ်လုပ်တဲ့အခါ လက်တွေ့က ပိုပြီးအရေးကြီးတယ်ကွ။ ဒါမှ ကောင်းမွန်တဲ့အတွေ့အကြုံရမှာ"
"ဟုတ်ကဲ့ပါ ဆရာ"
ဆရာသမားပြောသမျှအား ဟုတ်ကဲ့ ချင်းထပ်အောင်ပြောရင်း လိုက်လံမှတ်သားရသည်။ အဲ့ဒီလူကြီးပြောတာလည်း မမှား။ စာတွေ့မှာလွယ်ကူမည်ဟု ထင်ခဲ့သမျှ ထင်သလောက် မလွယ်ပါ အရမ်းခေါင်းစားရသည်။
"ထမင်းစားနားမယ်ဟေ့"
နေ့လယ် ၁၂နီးပါးရှိသည်နှင့် အလုပ်သမားခေါင်းဆီမှ ထွက်ပေါ်လာသည့် စကားသံခပ်ကျယ်ကျယ်ကြောင့် Siteထဲရှိ အလုပ်သမားများ လုပ်လက်စ အလုပ်ကို ရပ်ကာ အရိပ်ရနေရာတွင် လူစုကြသည်။ ပြီးနောက် ထမင်းချိုင့်ကိုယ်ဆီယူကာ ဝိုင်းဖွဲ့ရန် ပြင်ကြလေသည်။
"ချာတိတ် မင်း ထမင်းချိုင့်ပါတယ်မလား"
"ဟုတ်ကဲ့ဆရာ ပါပါတယ်"
"ဒါဆိုလည်း ထမင်းသွားစားကြရအောင်လေ"
အက္ခရာ အံ့ဩပြီးရင် အံ့ဩရပါသည်။ ဆောက်လုပ်ရေးကုမ္ပဏီ၏ အထက်လူကြီးတစ်ယောက်က အလုပ်သမားတွေနဲ့အတူတူ ထမင်းစားမယ်တဲ့လေ...။
အက္ခရာ ကားရပ်ထားရာနေရာဆီသို့ ကပျာကယာသွားရင်း ကားထဲမှာ ထမင်းချိုင့်သွားယူရလေသည်။ မေသက်ချက်ပေးလိုက်သည့် ဟင်းတွေအကြောင်းတွေးမိမှ ဗိုက်ပိုဆာလာရသည်။ ထမင်းချိုင့်ကလေးဆွဲကာ အက္ခရာထွက်လာခဲ့သည်။
အက္ခရာပြန်လာတော့ ဟိုလူကြီးက အနားယူသည့်နေရာမှာ ရောက်နေပြီ။ အက္ခရာတို့နှစ်ယောက်နှင့် အလုပ်သမားခေါင်းက တစ်ဖွဲ့၊ တခြားအလုပ်သမားများက တစ်ဖွဲ့ စားကြလေသည်။
"ချာတိတ် မင်း ဟင်းတွေက မွှေးနေတာပဲ"
အက္ခရာ ဟင်းချိုင့်လေးထဲက ဟင်းများကို ကြည့်ရင်း ချီးမွမ်းခန်းဖွင့်လေသည်။ ဒီလိုကျတော့လည်း အဲ့ဒီလူကြီးက ဖော်ရွေလှပြန်သည်။ သို့ပေမယ့် အမြဲမျက်နှာထားတင်းနေသော ဆရာ့ကို အက္ခရာစကားရဲရဲမပြောရဲ။ ရှိန်၍သာ နေသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter_38(U+Z)
Start from the beginning