လက်ဖမိုးများနီရဲတက်လာသည့် ရှောင်းကျန့်ကိုကြည့်ရင်း ငုတ်တုတ်မေ့နေသလို အသည်းက ရှောင်းကျန့်ရဲ့လက်ဖမိုးကိုသာ စိုက်ကြည့်လို့နေ၏။

ကြောင်ကြည့်နေဆဲအသည်းကို ရင်ခွင်ထဲဆွဲထည့်ရင်း အသံအေးအေးနဲ့ချော့မြှူရတယ်။

"ဘာမှမဖြစ်ဘူး ကိုယ်ဘာမှမဖြစ်ဘူး အဆင်ပြေတယ် နာလည်းမနာဘူး လျောက်မတွေးရဘူးနော်.... ကိုယ့်အမှားပါ.အသည်းစားချင်မစားချင်မမေးမိလိုက်ရဘူး"

"တောင်းပန်ပါတယ်......ငါ့ကြောင့်"

"ဟော ကိုယ်ဘာပြောထားတာလဲ အသည်းကြောင့်မဟုတ်ဘူး လျှောက်မတွေးနဲ့လို့"

"ခေါင်းကိုက်နေတာမလား ခနလှဲနေလိုက်ဉီး ကိုယ်စွပ်ပြုတ်ထပ်ယူလာခဲ့မယ်"

ကျကွဲနေသည့်ပန်းကန်အပိုင်းအစများကိုရှင်းလို့ အပြင်ထွက်လာခဲ့သည်။ပူစပ်ပူလောင်နှင့် အနာကပူလာတာမို့ သွားတိုက်ဆေးကို လက်တွင်ပွတ်လိမ်းလို့ လက်ဖဝါးအပြည့် ပတ်တီးဖွေးနေအောင်စည်းလိုက်တယ်။အခုမှ အေးတော့တယ်.....

ဆေးမလိမ်းခင်ကတည်းကအအေးခံထားတဲ့ စွပ်ပြုတ်ပန်းကန်ကိုယူပြီး အခန်းထဲပြန်ဝင်လာခဲ့သည်။ကုတင်ပေါ်တွင် ကွေးကွေးလေးပြန်လှဲနေသည့်အသည်းကို အသာထစေကာ စွပ်ပြုတ်တိုက်လိုက်၏။

"ဒါ အမူးပြေ စွပ်ပြုတ်လေ အသည်းအတွက် ကိုယ်တိုင်လုပ်ထားလား ဘယ်လိုလဲ စားကောင်းရဲ့လား"

"နာလား....."

ပတ်တီးစီးထားသည့်ဘယ်ဘက်လက်အားကိုင်ပြီး မျက်ရည်ဝိုင်း၍ ကြည့်လာသည်။အမေးတစ်ခြားအဖြေတစ်ခြားပေမယ့်ရှောင်းကျန့်ကလှိုက်လှိုက်လဲလဲပြုံးကာ ရင်ဘတ်ကိုလက်ညိုးထိုးပြလို့....

"အင်းးးနာတယ် ဒီနားက..... "

"ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ အောင့်နေတာလား .....ဆေးရုံသွားရအောင်......ဘာဖြစ်တာလဲသိရအောင် ultrasound သွားရိုက်ရမယ်"

ရှောင်းကျန့်ခပ်ဖွဖွလေးပြုံးလိုက်မိသည် စိတ်ပူတတ်ရန်ကော...... ရင်ဘတ်လေးနာတယ်ပြောတာကို ဆေးရုံအထိ ultrasound သွားရိုက်ဖို့ပြောသည့်အသည်းက သူကိုယ်တိုင်တော့ ဆေးရုံသွားဖို့ကိုအကြောက်အကန်ငြင်းသည်။ကုတင်ပေါ်ကထရန်ပြင်နေသည့်အသည်းရဲ့ခန္တာကိုယ်ကို ပြန်ဆွဲချကာ ပုခုံးပေါ်မျက်နှာအပ်လို့ တင်းတင်းကြပ်
ကြပ်ဖက်ထားလိုက်သည်။

B O G(ZSWW)[Complete] Where stories live. Discover now