Chapter - 14 (Part 4)

Start from the beginning
                                    

ကျင်းရှန့်က ဟမ်းကို ကောက်​​ပွေ့လိုက်ပြီး ငါ့ကို ပြုံးပြလာတယ်, "ဟမ်းကို မင်း ပုံမှန်လာကြည့်လို့ရတယ်​နော်, သူက အခု ငါနဲ့ ရှိ​နေပေမယ့် မင်းက သူ့ရဲ့အဖေဖြစ်နေတုန်းပါပဲ, မင်း ငါ့ရဲ့ခံစားချက်တွေကို သိပ်ပြီးထည့်သွင်းစဉ်းစား​နေဖို့ မလိုဘူး, ငါ လုံးဝလက်မလွှတ်နိုင်သေးဘူးဆို​ပေမယ့် အနည်းဆုံးတော့ မင်းက ဟမ်းကို ငါ့ဆီမှာ ချန်ထား​ပေးခဲ့တယ်​လေ"

ငါက ​ပြောလိုက်တယ်, "ငါ အိမ်မွေးတိရိစ္ဆာန်စောင့်ရှောက်မှုအတွက် လစဉ် ပမာဏတစ်ခု​​တော့ ပေးနိူင်ပါတယ်"

အိုး။

ကျင်းရှန့်က ​ပြောတယ်, "မလိုပါဘူး, ငါ သူ့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ဖို့ တတ်နိုင်ပါတယ်"

ငါပဲ ဖြစ်​နေတာလား? ဒါမှမဟုတ် ဒီစကားဝိုင်းကပဲ နည်းနည်းထူးဆန်းနေတဲ့ပုံ ​ပေါက်​နေတာလား?

ကျင်းရှန့်က ​ပြောတယ်, "မင်း ​ကျောင်းကုန်းဇီကြောင့် ဟမ်းကို လာတွေ့မှာ မဟုတ်​ဘူးလို့​တော့ ငါ မျှော်လင့်ပါတယ်, ဟမ်းကလည်း မင်းကို အရမ်းလွမ်း​နေတာ, မင်းက ဒီကို ငါ့ကို ​တွေ့ဖို့မဟုတ်ဘဲ ဟမ်းကို တွေ့ဖို့ ရောက်လာတာဆိုတာကို​တော့ ​ကျောင်းကုန်းဇီကို ရှင်းရှင်းလင်းလင်း ရှင်းပြသင့်တယ်, သူ မင်းကို နားလည်​ပေးမှာပါ"

ကောင်းပြီ။ နောက်ကျနေပြီ။ ငါ အခု အိမ်ပြန်ရမယ်။

​ငါ ကျောင်းကုန်းဇီနဲ့အတူ အိမ်ပြန်လာခဲ့တယ်။ ငါ သော့ကိုထုတ်ပြီး​တော့ တံခါးဖွင့်ဖို့ ပြင်ဆင်​နေရင်း ငါ့ရဲ့ခွေး​လေးကို စွန့်ပစ်မိခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲ။

ရုတ်တရက် ငါ့နောက်က ​ကျောင်းကုန်းဇီဟာ တံခါးကို ကန်ထုတ်ပြီး​တော့ ငါ့ကို ဆွဲခေါ်သွားပြီး ငါ့ရဲ့ပါးစပ်ကို ဖုံးအုပ်ပစ်လိုက်တယ်။ ပြီး​တော့ သူက ​မေးတယ်, "မင်းက တစ်ယောက်တည်း နေတာလား?"

ငါ : "..."

​ကျောင်းကုန်းဇီက ​ငါ့ကို ကျိန်ဆဲတယ်, "ဟေ့ကောင်, မင်း ဘာမှမပြောဘူးဆိုရင် မင်းကို သတ်ပစ်မှာ​နော်!"

ငါ : "..."

​​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲပြန်တယ်, "မင်းကို တစ်ယောက်တည်းနေဖို့ ဘယ်သူပြောလဲ? မင်းကို ​ကောင်း​ကောင်းလုပ်​ပေးတာပဲ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now