အပိုင်း {၃}

Start from the beginning
                                    

"ရ..ရပြီ..ကျေးဇူး"အကြည့်တို့အားလွှဲကာနန်းရိပ်ပြောလိုက်ရင်း ခြေထောက်အား ရုတ်သိမ်းလိုက်တော့ ထရပ်လိုက်သည့် ကလေးမ။နန်းရိပ်လည်းထိုင်ရာမှထလိုက်တော့ အနာမှာနာလာကာ လဲမလိုဖြစ်တော့ လှမ်းထိန်းလိုက်သည့်ရင်ခွင်တစ်စုံ။
"အနာကခုမှဆေးလိမ်းထားတာကို ဘယ်သွားဖို့လဲ ဒေါ်နန်းရိပ်လွှာ"
"ဟို..ဟို..ညနေစာပြင်ပေးလို့ပြောထားတာမလား..အဲ့တာ"
"ကျစ်..အနာနဲ့ကိုဘယ်လိုပြင်မှာလဲ...ဘာမှမလုပ်နဲ့အခန်းမှာပဲနေ"
"ရပါတယ်...လမ်းခဏလျှောက်လိုက်ရင် နာတဲ့ဒဏ်ခံနိုင်သွားမှာ"
လူကဖြင့်သူများရင်ခွင်ထဲမှာ လမ်းမလျှောက်နိုင်ဘဲညစာကပြင်ပေးချင်သေးတယ်။တစ်ခွန်းပြောနဲ့လည်းမရ။ဟယ်ရီခေါင်းအားတစ်ချက်ခါယမ်းလိုက်ရင်းရင်ခွင်ထဲမှအမျိုးသမီးအား ပွေ့ချီလိုက်မိသည်။
"အမေ့..ဘာ..ဘာလုပ်တာလဲ"
"ဒေါ်နန်းရိပ်လွှာ..ရှင်သိပ်စကားများတာပဲ..ခုတင်ပေါ်မှာပဲနေ"ခုတင်ပေါ်ချပေးလိုက်တော့ တစ်ဘက်သို့ချက်ချင်းတိုးသွားသည့်အမျိုးသမီး။အိပ်ရာခင်းစအဖြူမှာသွေးတွေပေနေပြီမလို့ ဆွဲယူလိုက်ပြီး ချထားလိုက်မိသည်။နာရီကြည့်မိတော့ လေးနာရီကျော်လေပြီ။ဒီအမျိုးသမီးအတွက်ညစာတစ်ခုခုပြင်ပေးရမည်။ပြီးရင်ဆေးတိုက်ရပေမည်။

"သစ်လွင်..သစ်လွင်..အပေါ်ခဏတက်ခဲ့အုံး"အခန်းရှေ့စတီးလက်ရန်းနားတွင်ရပ်ကာ အောက်သို့လှမ်းအော်လိုက်တော့ သစ်လွင်မှာအပေါ်တက်လာလေသည်။
"မမလေး..သစ်လွင်ကိုဘာခိုင်းမလို့လဲ"
"ဟိုအမျိုးသမီးအနားမှာနေပေး..သူတစ်ခုခုလိုရင်လုပ်ပေးလိုက်"ပြောပြီးအောက်ဆင်းသွားသည့်မမလေးအားကြည့်ရင်း သစ်လွင်ပြုံးလိုက်မိသည်။
"အန်တီနန်းရိပ်..သစ်လွင်ဘာလုပ်ပေးရမလဲ"
"ရပါတယ်ကွယ်..ဘာမှမလုပ်ပေးရပါဘူး"
နှစ်ယောက်သားစကားများဖောင်ဖွဲ့အောင်ပြောနေမိသည်။ဒီအိမ်ကိုရောက်လာတာ တစ်ပတ်ကျော်ပြီဖြစ်တာကြောင့် နန်းရိပ်ပျင်းနေသည်မှာအမှန်ပင်။စိတ်ညစ်စရာ၊စိတ်ရှုပ်စရာတွေများနေပေမဲ့ ကိုယ်တတ်နိုင်တဲ့အရာမရှိတာမလို့ စိတ်ကိုဖြေလျှော့နေရသည်။
"သစ်လွင်ကိုအန်တီတစ်ခုလောက်မေးလို့ရမလား"
"မေးလေအန်တီရဲ့..တစ်ခုမကဘူးအများကြီးမေးလည်းရတယ်..အန်တီမေးတာဆို သစ်လွင်ကဖြေပေးမှာ"
နန်းရိပ်ပြုံးလိုက်မိသည်။လွန်းဟယ်ရီဆိုသည့်သူတို့မမလေးကသာ မာနကြီးပြီးကြောက်ဖို့ကောင်းတာ ဆူးနဲ့သစ်လွင်မှာတော့ ချစ်ဖိူ့ကောင်းလှသည်။အထူးသဖြင့် သစ်လွင်ဆိုသည့်ဒီကလေးမလေးက ပိုပြီးသွက်သလိုချစ်စဖွယ်ကောင်းလှသည်။နန်းရိပ်ကိုလည်းတော်တော်လေးဂရုစိုက်ရှာလေသည်။
"လွန်းဟယ်ရီရဲ့အစ်မအကြောင်း...."
မေးခွန်းမဆုံးသေးခင်မှာပဲအခန်းတံခါးအားတွန်းကာဝင်လာသည့်လွန်းဟယ်ရီကြောင့် နန်းရိပ်မေးခွန်းတို့ရပ်တန့်သွားတော့သည်။လင်ဗန်းရှည်ထဲတွင် ထမင်းနှင့်ဟင်းပန်းကန်များအားယူကာ အထဲဝင်လာလေသည်။
"သစ်လွင်..သွားလို့ရပြီ"
"ဟုတ်ကဲ့မမလေး"
ခုနကသစ်လွင်နဲ့ကျ ပြုံးရယ်ကာ စကားတွေပြောနေပြီး ကိုယ့်ကိုမြင်တော့ ချက်ချင်းတည်သွားကာ တစ်ဖက်သိူ့လှည့်သွားသည့်အမျိုသမီး။
"ဒေါ်နန်းရိပ်လွှာ...ထမင်းစား..ပြီးရင်ဆေးသောက်ရမယ်"
"မစားဘူး..သောက်လည်းမသောက်ဘူး"
ကြည့်..အဲ့လိုစကားနားထောင်တဲ့အမျိုးသမီးရယ်ပါ။
"ကျွန်မပြောနေတယ်..ထမင်းစား"
"မ..စား..ဘူး"တစ်လုံးချင်းပြောပြီး တစ်ဖက်လှည့်ကာ စာအုပ်ဆက်ဖတ်နေသည့်အမျိုးသမီး။ဘေးရှိစားပွဲပေါ်သို့ဗန်းအားချလိုက်ပြီး ခုတင်ပေါ်တက်ကာ လက်ထဲရှိစာအုပ်အားဆွဲယူလိုက်​တေ့ အော်သံစူးစူးမှာထွက်လာပြန်သည်။
"လွန်းဟယ်ရီ...ဘာလုပ်တာလဲ"
"ထမင်းစားလို့ပြောနေတယ်"
"ငါ့ကိုအမိန့်လာမပေးနဲ့..မစားဘူး"
"ရတယ်လေ...အစကတော့ ရှင်ကျွန်မစကားနားထောင်ရင် ရှင့်အစ်ကိုဆီဖုန်းပေးဆက်မလို့ပဲ..နားမထောင်တော့လဲ"
"တကယ်..တကယ်ပြောတာလား..ထမင်းစားရင် ကိုကိုကြီးနဲ့ဖုန်းပြောလို့ရလား"
"ဟုတ်တယ်..ရှင်ကစကားနားမထောင်တော့လည်း..."
"ငါ..ငါစားမယ်..မင်းကတိမင်းတည်နော်"
အရှေ့သို့ရောက်လာသည့်ပန်းကန်အားယူကာ ကုတင်အစပ်သို့ရွှေ့ရင်းနန်းရိပ်စားလိုက်မိသည်။ဒီရောက်တည်းက နန်းရိပ်ဖုန်းကိုလည်း လွန်းဟယ်ရီသိမ်းထားလေသည်။ကိုကိုကြီးအဆင်ပြေရဲ့လားလည်းမသိရသေး။
"ငါစားပြီးပြီ...ဖုန်းပေး"
"ဆေးကျန်သေးတယ်လေ..သောက်အုံး"ဆိုတော့ ချက်ချင်းရေနှင့်ဆေးအားယူကာသောက်သည့်အမျိုးသမီး။ဘယ်လောက်ခေါင်းမာပါစေ သူမအစ်ကိုနှင့်ပတ်သက်လျှင်တော့ မမာတော့ပေ။
"ရှင်သိပ်ချစ်တဲ့လူကကျွန်မအမုန်းဆုံးလူပဲ။ဘာလို့များရှင့်အစ်ကိုကိုအဲ့လောက်ယုံကြည်ရသလဲ"ဟယ်ရီစိတ်ထဲမှတွေးကာ ဖုန်းအားပေးလိုက်မိသည်။
"ငါးမိနစ်ပဲရမယ်...ငါးမိနစ်ပြည့်ရင်ကျွန်မအခန်းထဲပြန်လာမယ်"ပြောကာ အခန်းပြင်ထွက်လာလိုက်မိသည်။
"ဟူး..ဒေါ်နန်းရိပ်လွှာ..ရှင့်အစ်ကိုရဲ့လုပ်ရပ်တွေကို သက်သေနဲ့တကွမြင်တဲ့အခါ ဒီလိုပျော်ပါအုံးမလား။ရှင့်အစ်ကိုအပေါ်ယုံကြည်လွန်းအားကြီးတယ်"
---
"ဆူးတို့ဘာတွေချက်နေတာလဲ"
"ဟာ..အန်တီနန်းရိပ်ဘာလို့ဆင်းလာတာလဲ..အနာကဖြင့်မပျောက်သေးဘဲ"
"အနာကလျှောက်နိုင်နေပါပြီ အပေါ်မှာနေရတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ"
နန်းရိပ်ပြောတော့ နှစ်ယောက်လုံးရယ်ကြလေသည်။ဖန်ခွက်ကွဲစလေးစူးတာကို အခန်းထဲကအခန်းပြင်မထွက်ရသည်မှာ သုံးရက်တောင်ရှိနေပေပြီ။အပြင်ထွက်တာနဲ့ဆူငေါက်တတ်တဲ့လွန်းဟယ်ရီကြောင့်အခန်းထဲတွင်သာနေမိ​တော့သည်။မထင်ရင်မထင်သလို သူ့စကားနားမထောင်လို့ဆိုပြီး နမ်းတတ်သေးတာကြောင့် ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကာနေခဲ့ခြင်းသာ။ဒီနေ့တော့ ကုမ္ပဏီသွားတာကြောင့်အောက်သို့ဆင်းလာခြင်းပင်။
"အနာကအရှင်းမပျောက်သေးဘူးလေအန်တီရဲ့..ညှော်နံမှာပေါ့"
"အန်တီခြံထဲဆင်းမှာရတယ်သစ်လွင်ရဲ့.လေကောင်းလေသန့်လေးရှူရင်း"
"ဟုတ်အန်တီ"
ခြံထဲတွင်ခဏလမ်းလျှောက်ပြီး လေအေးအေးလေးအားရှူရှိုက်နေမိသည်။ခဏမျှလျှောက်ပြီး ဒန်းလေးပေါ်ထိုင်ကာစာအုပ်အားဖတ်နေမိသည်။အနာကအရှင်းမပျောက်သေးတော့ လျှောက်ပါများရင် နာနေဆဲပင်။လက်မှနာရီအားကြည့်လိုက်မိတော့လေးနာရီခွဲပင်။ဟိုကလေးမက ခြောက်နာရီမှပြန်လာမှာဆိုတော့ ခြံထဲတွင်တစ်နာရီလောက်ထိုင်လို့ရသေးတာကြောင့် စိတ်အေးလက်အေးဖြင့်စာအုပ်ထဲစိတ်နှစ်ကာဖတ်နေမိသည်။
"ဒေါ်နန်းရိပ်လွှာ.."
"အမေ့..လွန်းဟယ်ရီနဲ့ငါနဲ့ရ"
ရုတ်တရက်ကြီးခေါ်လိုက်တာကြောင့် စာအုပ်ထဲစိတ်ရောက်နေသည့် နန်းရိပ်မှာ လက်ထဲမှစာအုပ်ပင်လွတ်ကျကာ ယောင်မိသွားတော့သည်။
"အပြင်မှာလေတွေတိုက်နေတယ်လေ..အနာကမကောင်းသေးဘဲဖျားအုံးမယ်"
"ခု..ခုနမှပါ..."
"အထဲဝင်တော့..."ဆို​တော့စာအုပ်ကိုင်ကာ ထရပ်လိုက်သည့်အမျိုးသမီး။
"ဒါနဲ့ရှင်နဲ့ကျွန်မကယူပြီးသားနော်..ရစရာမလိုတော့ဘူး"ဟယ်ရီပြော​တော့ မျက်နှာလေးရဲကာ အိမ်ထဲသို့ခပ်သွက်သွက် လျှောက်ကာ ဝင်သွားသည့်အမျိုးသမီး။ဟယ်ရီမှာသတိမထားမိပါဘဲ ပြုံးလိုက်မိသည်။
"အဟက်..လွန်းဟယ်ရီနဲ့ငါနဲ့ရတဲ့..ဟားဟား ဒီအပျိုကြီးတော်တော်ရီရတယ်"
အိမ်ရှေ့တွင်တစ်ယောက်တည်းရပ်ကာ စကားပြောပြီးရယ်နေသည့် ဟယ်ရီအား အိမ်ထဲမှာ ဆူးနဲ့သစ်လွင်မှာကြည့်ကာ ရယ်နေတော့သည်။
---
"ဆူး..."
"ရှင်အန်တီဘာဖြစ်လို့လဲ..အဝတ်တွေဘာလို့ယူလာတာလဲ ဆူးလျှော်ပေးမှာပေါ့"
"ရတယ်ရတယ်..အန်တီဘာသာလျှော်မယ်..မဟုတ်ရင်ဆူးလည်းအဆူခံရသလိူအန်တီလည်းနားညီးလို့ကွယ်နော်"
"ဟုတ်အန်တီ..ဆူးအခုဘာလုပ်ပေးရမလဲ"
"အခုကဘာမှမလုပ်ရပါဘူး...ဆူးစျေးသွားရင် ဆပ်ပြာကို တစ်ခြားဟာဝယ်ခဲ့ပေးလို့ပြောမလို့ အမှုန့်ကအန်တီနဲ့လုံးဝမပြေဘူး"
"ဟုတ်အန်တီ..ဆူးဝယ်ခဲ့ပေးပါ့မယ်အခုလည်းထားလိုက်ပါ ဆူးလျှော်ပေးမယ်"
"ရတယ်..အန်တီသွားလျှော်လိုက်မယ်။"
အဝတ်အစားများအားယူကာ နန်းရိပ်ရေကန်ဆီထွက်လာလိုက်မိသည်။ရေဇလုံထဲသို့ရေနှင့်အဝတ်အားထည့်ပြီးဆပ်ပြာအားလက်ထဲထည့်လိုက်ချိန် ရင်ထဲမှာလှိုက်ခနဲဝမ်းနည်းမိသွားကာ ပါးပြင်ပေါ်သို့ မျက်ရည်စများမခေါ်ပါဘဲကျလာပြန်တော့သည်။ဆပ်ပြာကြောင့်မဟုတ်ဘဲရင်ထဲမှာနာကျင်မှုပင်။ရုတ်တရက်ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေအား နန်းရိပ်အဖြေရှာမရသေးပါ။လွန်းဟယ်ရီရဲ့စွပ်စွဲချက်တွေအတွက် ကိုကိုကြီးနဲ့တွေ့ရမည်။ကိုကိုကြီးသာလျှင်ဒီကိစ္စတွေကိုအမှန်ဖြေပေးနိုင်လိမ့်မည်။ခက်တာက ကိုကိုကြီးနဲ့အရင်တစ်ခါပြသနာဖြစ်ပြီးထဲက မတွေ့ရတာပင်။ဖုန်းလည်းမရှိတာကြောင့်ဆက်လို့မရ၊လွန်းဟယ်ရီမသိအောင်သွားတွေ့လျှင်ရနိုင်ပေမဲ့မတော်လို့ သူသိသွားခဲ့ရင် ထိခိုက်မည့်သူက ကိုကိုကြီးပင်။အရင်တစ်ခါတုန်းက ဆေးရုံမှာငါးရက်လောက်နေလိုက်ရသည်တဲ့လေ။ကိုကိုကြီးကို အဲ့လိုမျိုး ထပ်မဖြစ်စေချင်တော့။
"ဒေါ်နန်းရိပ်လွှာ..."
အိပ်ရာနိုးလာပြီထင်ပါရဲ့။ကြားရပါပြီဒီအသံ။တစ်နေ့တစ်နေ့ကြားရလွန်းအားကြီးလို့ ဒီအသံကိုစွဲသွားမှာတောင်စိုးရသည်။နာမည်အပြည့်အစုံခေါ်တတ်တာ သူ့အကျင့်ပေပဲလားမသိ။လက်အားရေဆေးလိုက်ပြီးပါးပြင်မှမျက်ရည်တို့အား အမြန်သုတ်လိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာ.."
"ဒီမှာ..ဒီမှာ..နိုးတာနဲ့အော်နေတော့တာပဲ..အဝတ်လျှော်နေပါတယ်ဆို"
"ထူးလိုက်ပါလား.."
"ထူးချိန်မရအောင်အော်နေပြီးတော့..အခုဘာဖြစ်ပြန်ပြီလဲ"
"ကျွန်မထမင်းစားမလို့..အဲ့တာလာပြင်ပေး"
"ဆူးရောသစ်လွင်ရောရှိသားပဲ..သွားပြင်ခိုင်း"
"ဒေါ်နန်းရိပ်လွှာရှင်သိပ်စကားများတာပဲ။ကျွန်မကပြင်ဆိုပြင်ပေါ့..လာဆွဲခေါ်ရမှာလား"ပြောပြောဆိုဆိုဖြင့် တံခါးအားမှီနေရင်းနန်းရိပ်ရှိရာ ရေကန်ဆီလျှောက်လာသည့်ကလေးမ။
"မလာ..."နန်းရိပ်စကားပင်မဆုံးသေး ချော်လဲသွားသည့် လွန်းဟယ်ရီ။ရယ်ချင်စိတ်ကိုထိန်းပေမဲ့မရတော့ပဲ အသံထွက်အောင်ရယ်မိတော့သည်။ရေညှိတွေရှိလို့မလာနဲ့လို့အော်မလို့ကို သူများကိုအပြစ်ရှာချင်တာနဲ့ အောက်မကြည့်ဘဲ သွက်သွက်လျှောက်တော့နန်းရိပ်အနားအရောက် ဖင်ထိုင်လျှက် ချော်လဲလေပြီ။
"အာ့..ကျစ်..ဒီရေညှိနဲ့တော့"လဲနေသည့်သူအားမထူပါပဲ အားပါးတရရယ်နေသည့် သူအား ဟယ်ရီမျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
"လဲတာကိုမထူဘဲနဲ့ရယ်နေတယ်"
"ကိုယ့်ဘာသာထပေါ့..သူလုပ်တာနဲ့သူများလျှော်ပြီးသားအဝတ်တွေကုန်ပါပြီ"ဟယ်ရီလက်နဲ့တိုက်မိပြီး အဝတ်ထည့်ထားသည့်ဇလုံမှာမှောက်သွားတာကြောင့် ပြောလိုက်ခြင်းသာ။
"အမေ့..."
ဇလုံလှမ်းယူသည့်လက်အား လှမ်းဆွဲလိုက်တာကြောင့် နန်းရိပ်မှာဟယ်ရီရင်ခွင်ထဲရောက်သွားတော့သည်။လက်တစ်ဖက်မှာဟယ်ရီဂုတ်ပေါ်ရောက်နေပြီး သူ့ပေါင်ပေါ် တစ်စောင်းထိုင်လျှက်လေးဖြစ်နေလေသည်။
"ဘာ..ဘာလုပ်တာလဲ..ချော်လဲတာမထဘဲ"ထဖို့ပြင်တော့ လက်အားထပ်ကာကိုင်ထားရင်း ခါးအားဖက်ထားတာကြောင့်ထမရပေ။သူ့လက်အေးစက်စက်မှာ နန်းရိပ်ခါးအား တို့ထိလိုက်တိုင်း ခန္ဓာကိုယ်လေးမှတွန့်သွားတော့သည်။
"ကျွန်မချော်လဲတာကိုရှင်တော်တော်ပျော်နေတယ်ပေါ့..ဟုတ်လားဒေါ်နန်းရိပ်လွှာ"နားနအားကပ်ကာပြောလိုက်တာကြောင့် လေနွေးနွေးမှာ နန်းရိပ်ပါးပြင်လေးအား ထိခတ်နေတော့သည်။မျက်နှာအားတစ်ဖက်သို့လွှဲရင်းခေါးလေးအားငုံ့သာထားမိတော့သည်။
"မဟုတ်..မဟုတ်ပါဘူး"
"ရှင်အဲ့လိုလေးရှက်နေရင်သိပ်လှတာ..သိလား"
"လွှတ်..လွှတ်တော့မနက်စာပြင်ပေးမယ်"
"မစားချင်တော့ဘူးဒီတိုင်းငြိမ်ငြိမ်လေးနေ"
"ကလေးလည်းမဟုတ်ဘဲ သူများရင်ခွင်ထဲမနေချင်ပါဘူး..လွန်းဟယ်ရီ..မင်းချော်လဲတာကျောက်ပြားပေါ်နော်အိပ်ရာပေါ်မဟုတ်ဘူး"ပြောရင်း ခါးအားဖက်တွယ်ထားသည့်လက်အား ဖြုတ်စေကာ ထရပ်လိုက်မိသည်။
"တကယ်ပဲဘာမှန်းမသိ..စိုကုန်ပြီလူကို"
ဟယ်ရီအားမျက်စောင်းတစ်ချက်ထိုးကာ လှည့်ထွက်သွားသည့်အမျိုးသမီး။လမ်းလျှောက်ပုံကအစ လှရက်လှပေသည်။
"ရှင်က ဦးရဲထွဋ်ခေါင်ရဲ့သွေးသားမဟုတ်ရင်သိပ်ကောင်းမှာပဲသိလားဒေါ်နန်းရိပ်လွှာ။ရှင့်လိုလူက ရဲထွဋ်ခေါင်ရဲ့ညီမဖြစ်တာ နစ်နာတယ်။ရှင်ကလူကောင်းတစ်ယောက်ရဲ့ညီမဖြစ်နေရမှာ။ခုတော့..."

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now