အပိုင်း {၃}

Start from the beginning
                                    

"သစ်လွင်...ဆူး.."
"ရှင်မမလေး"
"ဒါတွေကဘာဖြစ်တာလဲ"
လှေကားအားဆင်းလာရင်း တစ်ခုခုအားတင်နင်းလိုက်မိသည်ထင်တာကြောင့်ကြည့်လိုက်မိတော့ လှေကားတစ်လျှောက်လုံးတွင်ရှိနေသည့်အနီရောင်အကွက်များ။သေချာကြည့်တော့မှ သွေးတွေပင်။
"ဟို..ဟို"
"တဟိုဟိုနဲ့..ငါမေးတာဘာဖြစ်တာလဲလို့.."
"အဲ့တာ..အဲ့တာအန်တီနန်းရိပ်ရဲ့သွေးတွေပါ"
"ဘာ..ဒေါ်နန်းရိပ်လွှာ သွေးဟုတ်လား"
"ဟုတ်..ဟုတ်ပါတယ်..မမလေးဆွဲခေါ်သွားတုန်းက အန်တီ ဖန်ကွဲစကိုတက်နင်းလိုက်မိတာပါ...အဲ့တာ."
ထိုအခါမှ သူမဆွဲခေါ်လာတုန်းက ခွေလဲကျသွားသည်အားသတိရမိသွားတော့သည်။ဒီတိုင်းမလိုက်ချင်လို့လို့ထင်ခဲ့လိုက်ကာ ဆွဲခေါ်ခဲ့ခြင်းပင်။
"ငါ့ကို ဆေးသေတ္တာပေး"
"မြန်မြန်လုပ်!..."
ဆေးသေတ္တာအားယူကာအခန်းဆီပြန်လာမိတော့ ကြမ်းပြင်ပေါ်ထိုင်ကာ ငိုနေသည့်အမျိုးသမီး။ခြေဖဝါးတစ်ခုလုံးလည်းသွေးများဖြင့်သာ။
"ကျစ်..ပါးစပ်ကပြောလိုက်ရင် ရနေတာကိုမပြောဘူး"ဟုဆိုရင်း ဘေးနားတွင်ထိုင်တော့ ဟိုဘက်သို့တိုးသွားသည့်အမျိုးသမီး။
"ဒေါ်နန်းရိပ်လွှာ..ကျွန်မရှင့်ကိုဘာမှမလုပ်ဘူး..ဆေးထည့်ပေးမလို့"
"ရတယ်..ငါ့ဘာသာ.."
"ဒေါ်နန်းရိပ်လွှာ!!"
အသံကျယ်ကျယ်ခေါ်လိုက်တော့ ဘာမှဆက်မပြောတော့ဘဲငြိမ်သွားလေသည်။ရှိုက်သံအချို့မှာတော့ထွက်နေဆဲပင်။သူမဘက်သို့တိုးလိုက်ရင်း အရက်ပြန်နှင့်ဂွမ်းအားယူကာ အနာအားအရင်ဆုံးသန့်ရှင်းရေးလုပ်လိုက်မိသည်။
"အာ့..မရဘူး..စပ်တယ်.."
"ကလေးလည်းမဟုတ်ဘဲ..ခဏပဲငြိမ်ခံ"
"ဟင့်အင်း..စပ်တယ်..စပ်တယ်လို့ဆို..အဲ့တာမင်းကြောင့်"ဟုဆိုရင်း သူမရင်ဘတ်အားထုရိုက်နေသည့်အမျိုးသမီး။ဟယ်ရီဘာမှမပြောဘဲအနာကိုသာဆက်ပြီးလုပ်နေမိသည်။ထုရိုက်နေတော့အနည်းဆုံးတော့သူမ အနာကိုစိတ်မရောက်တော့ဘူးပေါ့။
"အား...နာတယ်"
ဖန်ကွဲစမှာမထွက်တာကြောင့်ဆွဲနှုတ်လိုက်တော့ တော်တော်နာသွားသည်ထင်ရဲ့ ဟယ်ရီပုခုံးအား အားကိုးတကြီးဆုပ်ကိုင်လာလေသည်။
"ပြီးပြီ..ပြီးပြီနော်..ခဏပဲ.."
"ဟင့်..စပ်တယ်..လူကိုခေါ်ထားပြီးအနိုင်ကျင့်တာ..လွန်းဟယ်ရီမကောင်းဘူး"
"ခဏလေး..ခဏလေးပဲ..မစပ်တော့အောင် လေမှုတ်ပေးမယ်နော်"
သူမခြေဖဝါးအား လေဖြင့်မှုတ်ပေးနေသည့်ကလေးမအားနန်းရိပ်သေချာကြည့်နေမိတော့သည်။မျက်ခုံးနှစ်ခုမှာတန်းနေပြီးမျက်ဝန်းတွေမှာလည်းဆွဲအားပိုလေသည်။မျက်တောင်တို့မှာ ဆေးမကူပါဘဲကော့ညွှတ်နေပြီး နှာတံမှာဖြောင့်စင်းနေသည်။လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းလေးမှာ ပန်းနုရောင်သန်းနေပြီး လည်တိုင်တို့မှာ သွေးကြောစိမ်းလေးများပေါ်နေလေသည်။ဆံနွယ်တွေအား စုစည်းထားတာကြောင့် ရင့်ကျက်တဲ့ပုံစံဘက်သို့သွားနေလေသည်။အပြစ်ဆိုစရာ တစ်ခုလေးမှမရှိတဲ့သူက ဘာလို့များ သူ့ထက်အသက်နှစ်ဆလောက်ကြီးတဲ့ကိုယ့်ကိုလက်ထပ်ခဲ့ပါလိမ့်လို့တွေးမိတော့ ရင်ထဲမှာရှုပ်သွားတော့သည်။တကယ်ပဲ သူပြောသလိုကိုကိုကြီးကလုပ်ခဲ့သလား။ဒါပေမဲ့ ကိုကိုကြီးအကြောင်းကို နန်းရိပ်တစ်ခြားသူတွေထက်ပိုသိသည်။ဒီလိုမျိုးလုပ်လိမ့်မည်မဟုတ်။တကယ်ဆို ကိုကိုကြီးကို လက်စားချေချင်ရင် ဇူးလဲ့တစ်ယောက်လုံးရှိနေတာကိုပင်။တစ်ခြားတစ်ယောက်ရဲ့အတွေးအား ဖတ်တတ်ရအောင် နန်းရိပ်က ရှေ့ဖြစ်ဟောသူလည်းမဟုတ်။ဆံနွယ်စတို့ဝဲလွင့်နေသည့်မျက်နှာနုနုလေးအား ငေးမောမိနေရင်း ရုတ်တရက်မော့ကြည့်လာသည့်မျက်ဝန်းတို့ကြောင့် အကြည့်တို့ဆုံသွားမိသွားတော့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now