systemနှင့်ချိတ်ဆက်ခြင်း

Start from the beginning
                                    

"အန်နာ" နှစ်ယောက်သားပြိုင်တူခေါ်လိုက်ကြသည်

"ကျွန်မကွယ်ရာမှာမဟုတ်တာလုပ်နေပြီးတော့ အခုမှအရမ်းလန့်သွားတာလား"

"မဟုတ်ဘူး အန်နာ လီလီရှင်းပြ...."

"‌ဟက် တော်ပါပြီ အမှန်ကိုသိနေပြီပဲ ဘာတွေလိမ်ညာနေအုန်းမှာလဲ" သူမဒေါသတွေကြောင့်အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်

"လီလီရယ် ထပ်ပြီးညာနေဖို့ မလိုတော့ဘူး"

မက်စ် အန်နာရှေ့တွင် လီလီခါးကိုဖက်ကာပြောလိုက်သည်

"အန်နာ အန်နာ မင်းကလေအခုမှသိတယ်ဆိုတော့ အရမ်းတုံးအတာပဲ" ထိုသူက သူမအားလှောင်ပြုံးဖြင့်ပြောသည်

"ဒါပေါ့ မက်စ်ရဲ့ ဒီ၅နှစ်လုံးလုံးတောင် သူမကဘာမှမရိပ်မိခဲ့တာပဲကို"

*ဖြန်း*

သူမ မက်စ်အားပါးတစ်ချက်သွားချလိုက်သည်

"ငါကနင်ကိုသူငယ်ချင်းလို့သတ်မှတ်ထားပင်မဲ့ နင်မလို့ငါကို သစ္စာဖောက်ပြီး သူရည်းစားကိုလုယူရက်တယ်"

မက်စ်သူ့လက်ဖြင့် အရိုက်ခံရသောပါးကိုကိုင်ကာ အန်နာအနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်၏

"အန်နာမသိသေးတာတစ်ခုရှီတယ် လီလီကနင်နဲ့မတွဲခင်ထဲကငါမိန်းမဖြစ်နေတာပဲ မိန်းကလေးတန်မဲ့ငါအပေါ်အမြဲနှိမ်တက်တဲ့မင်းကိုနာကျင်အောင် ငါကလီလီကို နင်သူအပေါ်ကိုချစ်အောင်လုပ်ခိုင်းခဲ့တာပဲ ဘယ်လိုလဲယောက်ျားတစ်ယောက်ရဲ့ မာနကိုလာထိတဲ့အကျိုးဆက်တွေလေ"

"ဘာ ဘာပြောတယ် ငါနင်ကို ဘယ်တုန်းကများနှိမ့်ခဲ့ဖူးလို့လည်း မက်စ်"

"လွန်ခဲ့တဲ့6နှစ်ကညစာစားပွဲမှာမင်းလူအုပ်ခြားထဲငါကိုအရှက်ရအောင်လုပ်ခဲ့တာလေ မင်းအခုပြန်မှတ်မိပြီလား"

သူမပြောစရာစကား‌များပျောက်ကွယ်သွားသည်

"အမှန်အတိုင်းသိပြီးပြီဆိုတော့ ငါတို့သွားတော့မယ် မင်း၀ယ်ထားတဲ့ တိုက်ခန်းမှာမင်းတစ်ယောက်ထဲနေခဲ့တော့ လာ လီလီကိုယ်အိမ်ကိုသွားမယ်"

သူတို့ထွက်သွားတဲ့အခါမှာတောင် စိတ်လွတ်သွားတာကြောင့် ဘာမှ‌မပြောနိုင်တော့ပဲ သူမအခန်းကြမ်းပြင်ပေါ်တွင် အရုပ်တစ်ရုပ်လိုထိုင်နေမိသည် ခနအကြာ သူမအသက်မဲ့စွာကြမ်းပြင်ပေါ်မှထကာ ထမင်းစားခန်းထဲမှာ ဓားတစ်ချောင်းယူလိုက်ပြီး အိပ်ခန်းထဲကုတင်ပေါ်တွင်ထိုင်ကာ ပါလာသောဓားဖြင့် သူမလက်ကိုသူမလှီးဖြတ်လိုက်သည် သူမ၏မျက်လုံးများမှိတ်လိုက်ပြီးခနနေတော့သူမ လောကကြီးနှင့်အဆက်အသွယ်ပျက်သွားလေသည်

You've reached the end of published parts.

⏰ Last updated: Sep 04, 2023 ⏰

Add this story to your Library to get notified about new parts!

SystemJoon77(GL)Where stories live. Discover now