အခန်း ၂၂။

ابدأ من البداية
                                    

" ဖယ်စမ်း! "

" No. မနက်စောစောစီးစီး မြှူဆွ​ယ်မှုနဲ့ ပုဒ်မ၁၅၀၀ တပ်ပြီး ခင်ဗျားကိုကျုပ်နမ်းပြီးပြစ်ဒဏ်ချမှရမယ် "

" စမ်းကြည့်လေ စောစောစီးစီး မင်းမျိုးတုံးသွားမယ်မှတ် "

" ဟက်! "

မထီသောလေသံ ၊ မထီသောအကြည့်တို့နှင့် ​လှောင်ရိပ်သမ်းသောမျက်နှာထားတို့က မဟာမြတ်သူအား နိမိတ်ကိုဆွဲထိုးချင်စိတ်ပေါ်လာအောင် လှုံ့ဆော်လေသည်။ သို့သော် လှစ်ဟနေသောဝမ်းဗိုက်ပေါ်သို့ အုပ်တင်လာသည့်လက်ဖဝါးနွေးနွေးကြောင့် သတိအနည်းငယ်ထားလိုက်သောအခါ နိမိတ်မျက်ဝန်းတွေကပိုလှောင်ချင်လာ၏။

" ဖယ်နော် ညစ်ညစ်ညမ်းညမ်းစကားတွေထပ်ပြောမယ်ဆို ငါမင်းကိုကန်ချတော့မယ်! "

ပြတ်သားသောမျက်ဝန်းများကိုတွေ့မှ ကျီစယ်မှုကိုရပ်လိုက်ပြီး နီထွေးသည့်နှုတ်ခမ်းတို့ကို ဆွဲပါသွားမတတ်တစ်ချက်စုပ်နမ်းလိုက်လေသည်။ ထို့နောက် သူ့အပေါ်ကနေဖယ်ကာ မဟာမြတ်သူကိုဆွဲထူပေးလေ၏။

" ပြင်တော့ မောင်လိုက်ပို့မယ် "

" မလိုပါဘူး ကိုမိုးညို့​လာခေါ်မှာ "

" အဲ့ကောင်က ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတောင် သိတဲ့ကောင်မဟုတ်ဘူး။ မောင့်အချစ်ကို မောင်ကပဲသက်သောင့်သက်သာဖြစ်အောင်ဂရုစိုက်ပေးနိုင်မှာ။ ထပ်မငြင်းနဲ့ မောင်ခင်ဗျားကိုအသက်ရှူရ​ပ်သွားအောင်ဆွဲနမ်းပစ်မယ် ၊ မယုံမရှိနဲ့ "

အထွန့်တက်ဖို့ပြင်နေသည့်လူအား သူ့ခြိမ်းခြောက်စကားကအလုပ်ဖြစ်ပုံပေါ်သည်။ တိခနဲငြိမ်ကျသွားသည်ဆိုသော်​ငြား မကျေမနပ်ဖြင့်သူ့အားကြည့်နေသေး၏။ သူကလည်းအလျှော့မပေးနိုင်ပေ။ ဘယ့်နှယ့်ကြောင့် လင်တစ်ယောက် ငုတ်တုတ်ကြီးရှင်နေလျက် တခြားယောက်ျားနောက် မည်သို့​စိတ်ချလက်ချလွှတ်ပေးလိုက်နိုင်မည်နည်း။

အစကတော့မိုးညို့ကို သည်လူ့အနားတမင်ထားခဲ့သော်လည်း အခုတော့ ထိုသို့ထားခဲ့တာကိုစိတ်မကြည်ချင်တော့ပေ။ အဲ့သည့်ကောင်ကဘာများကောင်းနေလို့ စိတ်ချလက်ချနဲ့ အကြိုအပို့ကိုခိုင်းနေရတာလဲ။

The Crown ✅حيث تعيش القصص. اكتشف الآن