တစ်နေ့တွင် ဂျင်သည် ခရမ်းချည်သီးစိုက်ခင်းထဲတွင် ခရမ်းချည်သီး အရေအတွက် ဘယ်နှစ်လုံးရှိသလဲ ဆိုသည့် ကြောင်တောင်တောင် နိုင်သော အနိုင်ကျင့်တတ်သော ဂျောင်ကု ခိုင်းထားသော အလုပ်ကို စူပုတ်စွာ လုပ်နေစဉ်တွင် ဖုန်းဝင်လာလေသည်။
screen ပေါ်မှ ခေါ်ဆိုသူ၏ နာမည်ကို တွေ့ရလျှင် မျက်ခုံးတို့က တွန့်ချိုးသွားကာ မဆီမဆိုင် ဟုပ်အား ဆူပူလိုက်သည်။
" ဟုပ် ah အဲ့တာကြောင့် မင်းကို အဲ့လူ နာမည် မပြောပါနဲ့လို့ပြောတာ... ဒီမှာ ဖုန်းခေါ်လာပြီ"
" ဟမ်!!"
ဘေးနားတွင် အလုပ် အတူတူ လုပ်နေရသည့် ဟုပ် က ရုတ်တရက် စိတ်တိုခံလိုက်ရသောအခါ ကြောင်တောင်တောင် ဖြစ်သွားသည်။
မည်သို့ပင် မကျေမနပ်ဖြစ်နေပါစေ... သူခေါ်လာလျှင်တော့ ဖုန်းကိုင်ရစမြဲ။
" hello!! အစ်ကိုဂျွန်"
.
.
.
ဂျင်သည် ဂျောင်ကု၏စိတ်အလိုကျ သွားဆိုသွား၊ လာဆိုလာရသည်။ အခုလဲ သူရုံးခန်းရှေ့သို့ ရောက်လာရပြန်သည်။ တံခါးက မှန်နှင့်လုပ်ထားသောကြောင့် အထဲတွင် အေးအေးလူလူထိုင်ကာ အလုပ်လုပ်နေသော သူကိုမြင်ရသည်။ တံခါးမခေါက်ခင် ဂျင်သည် အထဲကလူအား မကျေမနပ်ကြည့်လိုက်ပြီး နှာခေါင်းတစ်ချက်ရှုံပြီးမှ တံခါးခေါက်လိုက်သည်။
" ဝင်ခဲ့"
အခန်းထဲဝင်လာသော ဂျင်ကို တွေ့လျှင် ဂျောင်ကုက မထိပြုံး ပြုံးကာ စီးကြိုမေးသည်။
"နေရောင်အောက်မှာ အလုပ်အကြာကြီး လုပ်နေရတာတောင် မျက်နှာက ဖြူ၀င်းလန်းဆန်းနေတုန်းနော်"
ဂျင်က မကျေမနပ်ဖြင့် မျက်ခုံးများက ပိုမိုတွန့်ချိုးလာသည်။
လူကိုခေါ်ပြီး ဘာတွေ ပြောနေတာလဲ...
" ဒီမှာ ကျွန်တော့်ကို ဒီခေါ်တာ အသားဖြူတာကို ချီးကျူးဖို့လား"
ဂျင်၏ စူစူအောင့်အောင့်အသံကို ကြားလျှင် ဂျောင်ကု မကျေမနပ်ဖြစ်လာသည်။
" ဘယ်လိုလဲ မရပ်ဘဲ အလုပ်လုပ်နေရတာ ပျော်စရာကောင်းလား"
ဂျင် သူ၏ စိတ်ကို မနည်းဆွဲဆန့်ထားရသည်။
YOU ARE READING
🌞 Sunshine 🌞
Fanfictionကောင်းကင်ကို မော့ကြည့်လိုက်ရင် နေမင်းကြီးကို မြင်ရတယ် အဲ့ဒိနေမင်းကြီးကို ကျွန်တော်က အစ်ကို လို့ခေါ်တယ်... kookjin 🌞 vmin Note; ဒါက ကျွန်မရဲ့ Own idea မဟုတ်ပါဘူးရှင့်... ဇာတ်ကားကို ကြည့်ပြီး Kookjin version ပြန်ပြောင်းရေးထားတာပါ...
