"တကယ်လို့ တကယ်လို့လို့ ငါပြောချင်တာ တကယ်လို့ငါသေ...."

"ကျစ်....အသည်းရာ အခုတလော ဘာလို့အဲ့ဒီသေကြောင်းပဲခနခနပြောနေတာလဲ ကိုယ်မကြိုက်ဘူးပါဘူးဆို"

မျက်ခမ်းစပ်တွေပါရဲလာကာ လည်ပင်းအကြောထောင်လာတဲ့ ရှောင်းကျန့်က ဒေါသထွက်နေသည်ကိုအတင်းထိန်းချုပ်ထားရပုံ.....

အရပ်အနည်းငယ်ကွာခြားမှုကြောင့် ခြေဖျားအနည်းငယ်ထောက်ကာရှောင်းကျန့်၏ လည်ပင်းကိုသိုင်းဖက်လိုက်သည်။ထို့နောက်လည်တိုင်ဆီမျက်နှာအပ်လိုက်ပြီး..ကိုယ်သင်းနံမွှေးမွှေးလေးးကိုရူရှိုက်ရင်း

"ဒေါသမထွက်ပါနဲ့ ငါက သဘောအဖြစ်ပြောပြတာကို"

"သဘောအဖြစ်လည်းမပြောနဲ့ ကိုယ်မကြိုက်ဘူး"

ပြောရင်း
ရိပေါ်ရဲ့ခါးသိမ်သိမ်ဆီ တင်းတင်းကြပ်ကြပ်ပြန်လည်ဖက်တွယ်လာသည့်လက်တစ်စုံ....

ငါမင်းနဲ့ဘယ်လိုလုပ်ရမလဲ ရှောင်းကျန့်ရယ်....

"Projectကခြောက်လ ယူထားပေမယ့် တစ်လအတွင်းကိုအများကြီး ပုံပေါ်လာတာမလို့ ကျွန်တော် တစ်ခုစဉ်းစားမိတာရှိပါတယ်"

"....."

"ဒီလိုအတိုင်းဆက်သွားပြီး အကောင်းဆုံးအရည်အသွေးနဲ့ ဈေးနှုန်းကိုပြည်သူရှေ့ချပြနိုင်မယ်ဆို ဒီprojectကြီးပြီးရင် ကျွန်တော် companyနှစ်ခုစလုံးကလူတွေကို အားလပ်ရက်15ရက်ပေးပါမယ်"

တဟေးဟေးတဟားဟားနဲ့ကျေနပ်အားရသံတွေထွက်ပေါ်လာပြီးနောက် ရှောင်းကျန့်ကပြောစရာရှိတာဆက်ပြောသည်။

"အဲ့ဒီအပြင် ကျွန်တော်ကBonusပါပေးဉီးမှာမလို့ ဒီအလုပ်ကို သေသေချာချာ အာရုံစိုက်ပြီး လုပ်ကြပါ"

အကုန်လုံးကတစ်ပြိုင်နက်ခေါင်းညိမ့်ပြတာမလို့ ပြောစရာရှိသည်များကိုဆက်ပြောပြီးနောက်
အစည်းအဝေးကိုအဆုံးသတ်လိုက်သည်။ အလျှိုလျှို ထွက်သွားကြသည့်လူတွေကိုကြည့်ရင်း ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချမိတယ်။

ပင်ပန်းလိုက်တာ.....အသည်းရဲ့မျက်နှာလေးကိုမမြင်ရတော့ပိုပင်ပန်းတယ်....pantထဲကဖုန်းကိုထုတ်ကာ အသည်းဆီဆက်ဖို့ပြင်ပေမယ့် ဟိုမှာနဲ့ဒီမှာအချိန်ကွာခြားမှုက နေ့နဲ့ညဖြစ်နေတာမို့ အသည်းအိပ်ရေးပျက်မှာလည်းကြောက်သည်။
Projectကြောင့် UKကိုမဖြစ်မနေသွားရမယ်ဆိုလို့ လွှတ်လိုက်ရပေမယ့် ဖြစ်နိုင်လျှင် ရှောင်းကျန့်မလွှတ်ချင်... သူမှအသည်းနဲ့မခွဲနိုင်တာကို...

"အဆင်မပြေဘူးးးး အသည်းရဲ့ မင်းကိုလွမ်းတယ်"

"ရိပေါ် မင်းဒီအတိုင်းပဲဆက်သွားတော့မှာလား"

"ဘာကိုလည်း "

ဆေးရုံဝတ်စုံနှင့်ကုတင်ပေါ်တွင်လှဲကာ ပိုင်ရှို့ကိုကြည့်ပြီးမေးလာပုံကိုက ဆွဲညစ်ချင်စရာ...မထုံတတ်တေးနဲ့

"မင်း ငါပြောတယ်လေကွာ သေချာပေါက်အသက်ရှင်စေရပါမယ်ဆို...."

မချိတင်ကဲရေရွတ်မိတော့ ရိပေါ်က သူ့ကိုစိမ်းသက်သက်ပြန်ကြည့်လာတယ်....

"ငါမယုံဘူး...ပိုင်ရှို့ ငါမယုံဘူး ငါ့ကိုယ်ငါကလွဲပြီးဘယ်သူ့ကိုမှမယုံဘူး......ငါခွဲစိတ်ပါပြီတဲ့မျှော်လင့်ချက်တွေနဲ့ မျှော်လင့်ထားသလိုမဖြစ်လာရင် ငါဘယ်လိုလုပ်မလဲ ငါအချိန်ရှိတုန်း ရှောင်းကျန့်နားနေချင်သေးတာ ငါရှောင်းကျန့်နဲ့မခွဲချင်ဘူး"

"ရိပေါ်ရာ မင်းသွေးမကြောင်စမ်းနဲ့"

"ဟူတ်တယ် ငါသွေးကြောင်တယ်....ကြောက်တယ်.....ငါရှောင်ကျန့်နားမရှိနေနိုင်တော့မှာကိုကြောက်တယ်......အဲ့တော့ ငါအသက်ရှင်နေတုန်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှောင်ကျန့်နားနေမှာ"

ရှောင်းကျန့်နဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ကိုယ်မသိခင်ကတည်းက ဆတ်ဆတ်ထိမခံခဲ့တာ....အခုကိုယ့်စိတ်ကိုယ်သိသည့်အချိန်ကျပြန်တော့လည်း ကွဲနေသည့်ဖန်အပိုင်းအစတွေကိုပြန်ဆက်ထားသလိုမျိုး ဖြည်းဖြည်းလေးထိတာနဲ့တောင်ပြန်ကွဲသွားတော့မည့်အတိုင်းမို့ ဂရုတစိုက်နဲ့သေချာကိုင်တွယ်နေရတာ သူကိုယ်တိုင်ကလွှဲ ဘယ်သူသိမလည်းး...

မင်းကလေပြေလေးဆို ငါကလေညှင်းလေးအဖြစ်မင်းနောက်ကလိုက်မှာ

ငါ့အချစ်တွေကိုထုတ်မပြတတ်ပေမယ့် ငါမင်းကိုအသက်လောက်ချစ်တာ မင်းသိစေချင်တယ် အချစ်ရယ်

B O G(ZSWW)[Complete] Where stories live. Discover now