"Kimရယ် ပေါ်ပီ လေးအတွက် စိတ်ချပါ ဒါနဲ့
ဘယ်မှမထွက်သွားရဘူးနော် နင်က ဒီအိမ်လေးမှာပဲ ငါတို့နဲ့အတူ အိုမင်းသွားရမှာ ပြီးတော့ နင်
အရမ်း ကြိုက်တဲ့ Kimchi ကို ငါက အမြဲ လာပို့ပေးမှာမို့လို့"
(သူမပြောလိုက်သော စကားကြောင့် Kim ပြံုးနေသည်။ထိုစဉ် မီမှ ဖုန်းမြည်သံတစ်ခု ကြားလိုက်မိသည်။)

"Kimဖုန်းလာနေတာလား မသိဘူး"

"ဟုက်လား Kimသွားကြည့်လိုက်အုံးမယ်"

"ကလင် ကလင် ကလင် (ဖုန်းမြည်သံ)"

"Hello"

"Hello Kimရေ ဆွန်းပါ"

"အော် ဆွန်းပြောလေ"

"မနက်ကျရင် ဆွန်းတို့အိမ်ကို ထမင်းစား
ဖိတ်ချင်လို့ပါ။ ဒီမှာ လီလီရဲ့ အ​ဖေကလေ Kimကို ကျေးဇူးတင်ချင်လို့တဲ့ အဲ့ဒါ အားတယ်ဆို လာခဲ့ပေးပါနော် Kim"

"Omm ငါအားပါတယ် လာခဲ့လိုက်မယ်နော်"

"အွန်း ကျေးဇူးပါနော် Kim"

"ဒါဆို မနက်ဖြန်တွေ့မယ်နော်"

(Kimဖုန်းပြောပြီး အပြင်သို့ ထွက်လာသည်။
ထိုစဉ် ထိုင်နေသော မီမှ မေးငေါ့ပြီး မေးလိုက်သည်။)

"ဘယ်သူဆက်တာလဲ Kim လီလီလား"

"မဟုက်ဘူး သူ့အမေ ဆွန်း ဆက်တာ မနက်ဖြန် အိမ်ကို ထမင်းလာစားပါတဲ့လေ"

"အမယ် ဒါဆို ရှင်ပျော်သွားတာပေါ့နော် ကြည့်ပါအုံး ခုနက မျက်နှာနဲ့တောင် မတူဘူး ပြံုးလို့
ရွှင်လို့"
(သူမ စနောက်လိုက်သော စကားကြောင့် Kimပြံုးနေလေသည်။)

ဒီလိုနဲ့ မနက်ရောက်သော် လီလီတို့အိမ်သွားရန်ပြင်ဆင်နေသည်။ လီလီအိမ်ရှေ့ရောက် သော်အခါတွင် Kimတံခါးခေါက်လိုက်သည်။

"ဒေါက် ဒေါက် ဒေါက်"
(ဆွန်း ထွက်လာသည်။ )

"ဟယ် Kim လာ အထဲဝင်"

Kim. ဝင်လာပြီးလျှင် ဟိုကြည့် ဒီကြည့် လုပ်နေသည်။

"Kim ဘာသောက်မလဲ"

"ဘာမှမသောက်တော့ဘူး ရတယ်"

"သောက်ပါ Kimရဲ့ အပူလား အအေးလား"

"အင်း ကော်ဖီပဲ လုပ်လိုက်ပါ"

"ဒါဆို ခဏစောင့်နော် ဆွန်းသွားဖျော်လိုက်
အုံးမယ်"

Lily was a little girl Där berättelser lever. Upptäck nu