(အပိုင်း ၆)

Start from the beginning
                                    

ကိုယ့်မှာ‌တော့သူအရိုက်ခံရတာကိုတွေ့ပြီး အပေါ်ကပြေးဆင်းလာတာ လှေကားနားမှာတောင်ပြုတ်ကျခဲ့သေးတယ်။ ကိုယ်လဲအောက်ရောက်ရော သူကတခြားတစ်ယောက်ရဲ့အနောက်ကိုရောက်နေနှင့်ပြီ။ အဲအရာကရောဘာလို့သူကိုယ်ဒီလောက်ထိ နာကျင်စေရတာလဲ။

ဟိုသကောင့်သားကလဲ ပိုင်းစိုးပိုင်းနင်းနဲ့လက်ကိုဆွဲပြီး သူရည်းစားပါဆိုပြီ နေရာ၀င်ယူသွားသေးတယ်။ တကယ်ပဲသူတို့တွေက ရည်းစားတွေလား...

"တောက်! တွေးလေပိုဒေါသထွက်လေပဲကွာ"

တွေးလေပိုရှုပ်လေးဆိုသလို ဟန်မင်းသိုက် ခေါင်းထဲမှာအကုန်ရှုပ်ထွေးကုန်တော့၏ လက်ထဲက ဆေးလိပ်မီးကိုသပ်လိုက်ပြီး အရှေ့မှာချထားသည့် ဝီစကီခွက်ကိုလှမ်းယူကာ တခါထဲ‌မော့သောက်ပစ်လိုက်သည်။ 

သောက်နေရင်း သူအကြည့်တွေက အောက်က၀င်ပေါက်ကိုရောက်သွားခဲ့သည်။ သူရှေ့ကမြင်ကွင်းကြောင့် အလိုလိုနေရင်ဒေါသထက်ထွက်မိပြန်၏

ပွဲထဲကိုလက်ချိတ်၍၀င်လာတဲ့ သူနှစ်ယောက်ကိုကြည့်ရင်း ဟန်မင်းသိုက် တခွက်ပြီးတခွက်မော့သောက်နေမိ၏

ထိုလူနှစ်ယောက်ရဲ့ပုံရိပ်က ဘာကြောင့်များသူကိုဒီလောက်ထိပူလောင်စေရတာလဲ...ငါကရောဘာလို့ ဒီကလေးမအတွက်နဲ့ ဒီလောက်ထိ စိတ်အတက်အကျမြန်နေရတာလဲ...

ဒါက သူဒီကလေးမအပေါ်ထားတဲ့ စိတ်ရင်းအမှန်လား ဒါမှမဟုတ် ဒီကလေးမကိုသနားစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တချို့လား...

တခါမှမခံစားဖူးခဲ့တဲ့ ခံစားချက်တွေကို ခံစားမိနေတာမို့ တွေးနေရင်းနဲ့တင် ရူးချင်စိတ်တွေပေါက်လာရ၏
____________________________

မော်ဦး ပွဲထဲအထိရောက်လာပြီးကာမှ ရာဇာကအနားကပ်၍ အရေးတကြီးအလုပ်ကိစွဖုန်း၀င်လာတာမို့ အခုချက်ချင်း ပြန်ရတော့မယ်လို့ ပြောလာခဲ့သည်။

မော်ဦးက မသွားဘူးဆိုကာပေကပ်နေတော့၏ သူ့တပည့်ကလည်း အရေးကြီးတဲ့အလုပ်မို့ မသွားရင်မရဘူးဆိုကာ ဇွတ်အတင်းခေါ်နေတော့သည်။ ဒါလဲမော်ဦးက မသွားဘူးဆို၍အတင်းငြင်းနေတုန်းပင်၊

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now