(အပိုင်း ၆)

Start from the beginning
                                    

မော်ဦးကသူလက်ကိုယ်ချိတ်စေရန် လက်ကိုအနားသို့တိုး‌ပေးလာခဲ့၏ ခွန်းခအသာတကြည်သာ သူ့လက်ကိုချိတ်၍ အိမ်ထဲမှထွက်ခဲ့လိုက်သည်။

တဖက်ခြံထဲကိုပြန်လျှောက်လာနေရင်း ခွန်းခသိချင်နေတာကိုမေးလိုက်သည်။

"မော်ဦး နင်ဒေါ်မေမြတ်ဟန်နဲ့အတူအလုပ်တွဲလုပ်နေတာလား"

"အင်း ငါအဖေအရင်ကသူတို့ကုမ္ပဏီမှာ ရှယ်ရာ၀င်ထားခဲ့တာကိုအခုနောက်ပိုင်းက ငါကသူတို့ကုမ္ပဏီထဲ ရှယ်ရာပိုထည့်လိုက်တာ"

"....."

မော်ဦးက တကယ်တော်တဲ့သူတစ်ယောက်မို့ ဘာလုပ်လုပ်အောင်မြင်နေမယ်ဆိုတာကို သူအသိဆုံးပင်။ ဒီလိုအသက်ငယ်ငယ်လေးနဲ့ စီးပွားရေးလောကမှာ ဒီလောက်အောင်မြင်လာအောင် သူဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတာကို ခွန်းခအသိဆုံးပင်။

မော်ဦးရဲ့အကြောင်းတွေ ပိုအသိရဆုံးအချိန်က သူမူးနေတဲ့မချိန်တွေပဲ၊ သူလုံး၀မူးနေတဲ့အချိန်ဆို လုံး၀တစ်ခြားတစ်ယောက်ဖြစ်သွားသလို့ပဲ သူမူးလာရင် အရင်ဆုံးရောက်လာတတ်တဲ့နေရာက ခွန်းခရဲ့အိမ်ပဲ အိမ်ရှေ့ခရေပင်အောက်က ခုံအဝိုင်းက သူတို့သီးသန့်လုပ်ပေးထားသလိုပဲ မူးလာတိုင်းအဲမှာမှောက်တာ။ အမူးပေမယ့်ပါးတယ် လူရောက်လာတဲ့အခါမှ စပြီးသောင်းကျန်းတာ။ ပတ်သောင်းကျန်းပြီးလို့ သူမောသွားတဲ့အခါကျရင် ကလေးတစ်ယောက်လို ပေါင်ပေါ်မှာလာအိပ်ပြီး သူစိတ်ထဲရှိသမျှ ပင်ပန်းသမျှ၊အားလုံးကို ရင်ဖွင့်လာတတ်တယ်။ မူးလာရင် လုပ်တတ်တဲ့အဲသည်အကျင့်တွေကြောင့်ပဲ သူရဲ့ခံစားချက်တွေကို ပိုနားလည်လာနိုင်ခဲ့တာ။...

မော်ဦးက အပြင်ပိုင်ကြည့်ရင် လူဆိုးပေါက်စလေးလို့ထင်ရပေမယ့် သူရဲ့အတွင်းစိတ်ထဲမှာတော့ အခုထိတကယ့်ကလေးငယ်တစ်ယောက်လိုပဲ။

အနည်းငယ်ဝေးကွာခဲ့ရတဲ့ အချိန်တွေက သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းမေတ္တာတွေကိုတော့ မဖြတ်ပစ်နိုင်ခဲ့ပေ...
____________________________

ဟန်မင်းသိုက် အပေါ်ထက်က ‌လေသာဆောင်မှာဆေးလိပ်ထိုင်သောက်နေရင်း ပြဿနာဖြစ်တဲ့အချိန်ကိုပြန်တွေးနေမိသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now