Chapter - 14 (Part 2)

Start from the beginning
                                    

ကျောင်းကုန်းဇီအတွက်တော့ ငါ တကယ်ကို စိတ်ပူမိတယ်။ အထူးသဖြင့် သူ့​ခေါင်း​အောက်က​နေ ​ငါ ခေါင်းအုံးကို ဆွဲထုတ်လိုက်တဲ့အခါမှာ မ​တော်တဆ အားအလွန်အကျွံသုံးမိတာ​ကြောင့် သူ အိပ်ရာပေါ်က​နေ ပြုတ်ကျကာ နိုးသွားပြီး ငါက သူ့ကို အိပ်မက်ဆိုးမက်​နေတာပါလို့​ပြောတာကို သူက ယုံသွားခဲ့တဲ့ဖြစ်ရပ်မျိုး အကြိမ်အနည်းငယ်​လောက်ဖြစ်ပြီး​သွားတဲ့​နောက်မှာ​ပေါ့။ ရိုးရိုးသားသားပြောရရင် ငါ သူ့အတွက် အရမ်းစိတ်ပူပါတယ်။

ဆိုးသွမ်းပြီး ချမ်းသာတဲ့ အ​မွေဆက်ခံသူပုံစံမျိုးဖြစ်ခဲ့တဲ့ သူက ဆင်းရဲသောနောက်ခံမှ ဆင်းသက်လာတဲ့ လိမ်လည်လှည့်ဖြားတတ်သူများရဲ့ပစ်မှတ်ထားခြင်းကိုခံရဖို့ အလွန်လွယ်ကူ​နေတယ်။ အဲ့​နောက် သူ ပိုက်ဆံတွေ အလိမ်ခံရပြီး နောက်ဆုံးမှာ​တော့ အိမ်ကနေ ထွက်ပြေးဖို့အထိတောင်မှ လှည့်စားခံရနိုင်တယ်။

အိုး!

ဦး​လေးတာ့လီ ငါ့ကို ဘယ်လိုမြင်လဲဆိုတာကို ငါ ပြန်လည်သုံးသပ်ဖို့ လိုအပ်​​နေပြီ။

ဆင်းရဲနွမ်းပါးတဲ့ မင်းသားလေးနဲ့ အရှက်ကွဲရတဲ့ အလှ​လေး, ဒါမှမဟုတ် ဆင်းရဲပြီး​တော့ နှိမ့်ချ​နေရတဲ့ အတွဲရဲ့ ဝမ်းနည်းပူဆွေးမှုကို ငါ ခံစား​လိုက်ရတယ်။

​ငါ ကျောင်းကုန်းဇီကို ဒီလိုအခြေအနေမျိုးမှာ ​နေခွင့်မပြုနိုင်ဘူး။ ပြီးခဲ့တဲ့အပတ်က သူ ဒိန်ချဉ်စားတုန်းက ဒိန်ချဉ်ရဲ့အဖုံးကို လျှာနဲ့လျက်နေတာကို ငါ တွေ့လိုက်ရတယ်။

ဦး​လေးတာ့လီရဲ့ မလိုမုန်းထားတဲ့အမြင်တွေ အမှန်တကယ်ဖြစ်လာအောင်​လို့ ငါ ခွင့်မပြုနိုင်ဘူး။ အနည်းဆုံးတော့ ​ကျောင်းကုန်းဇီဟာ သူ့ရှေ့ကဘဝလမ်း​ကြောင်းအတွက် မျှော်လင့်ချက်ရှိစေရမယ်..

ငါ ​ကျောင်းကုန်းဇီကို ဖိတ်ခေါ်လိုက်တယ်, "ငါတို့ ကပွဲပါတီကို သွားကြမလား?"

​ကျောင်းကုန်းဇီက မျက်မှောင်ကြုတ်လိုက်တယ်, "ဘာကပွဲလဲ?"

"ကျင်းရှန့်စီစဥ်တဲ့ ကပွဲ​လေ"

​​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "တစ်ပတ်ပဲ ရှိသေးတယ်, မင်းက သူ့ကို သွား​တွေ့ဖို့ စဉ်းစားနေပြီ!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now