Chapter - 14 (Part 2)

Start from the beginning
                                    

သူက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, မင်း သူ့ကို တကယ်မျက်စိကျနေခဲ့တာ​လေ, ခုထိ မင်းက မဟုတ်ဘူးလို့ ပြော​နေ​တာလား?!"

ငါ့အတွက် ​တော်​လောက်ပြီ။ ငါ ခေါင်းအုံးကို ကောက်ကိုင်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်, ပစ်ချပြီး​တော့ ကောက်ကိုင်လိုက်, ​ကောက်ကိုင်လိုက်ပြီး​တော့ ကြမ်းပြင်​ပေါ် ပြန်ပစ်ချလိုက်, ပစ်ချပြီး​တော့ ပြန်​ကောက်ကိုင်လိုက်, ​ကောက်ကိုင်ပြီး​တော့ ကြမ်းပြင်​ပေါ်ကို ပြန်လည်ပစ်ချလိုက်တယ်။

​ကျောင်းကုန်းဇီက ငါ့ကို ​အော်တယ်, "အဲ့ဒါ ​လောင်ဇီ့ခေါင်းအုံး!"

ငါ ငြိမ်သက်သွားခဲ့တယ်။ ဒါက ​ကျောင်းကုန်းဇီရဲ့ ခေါင်းအုံးဖြစ်ပြီး ငါတို့ရဲ့ တစ်ခုတည်းသော ခေါင်းအုံးဆိုလည်း ဟုတ်တယ်။ ဟမ်းကို ပေးလိုက်တုန်းက သူ့ကို အိမ်မလွမ်းရအောင်လို့ တခြားခေါင်းအုံးကို ​ခွေးအိပ်ရာအ​နေနဲ့သုံးဖို့ ပေးခဲ့လိုက်တယ်​​။ အဲ့ဒါကြောင့် အနည်းဆုံး​တော့ ဟမ်းက ငါနဲ့​ကျောင်းကုန်းဇီတို့ရဲ့ အနံ့ကို မှတ်မိနေသေးတယ်​​လေ။ ဟမ်းက သွားပြီ။ ပြန်လာတော့မှာမဟုတ်ဘူး။ ဒါကြောင့် အနည်းဆုံးတော့ ငါတို့က အမှတ်တရတွေအားလုံးကို သိမ်းထားသင့်တယ်။

ငယ်စဉ်ကတည်းက ​ကျောင်းကုန်းဇီဟာ စည်းစိမ်ဥစ္စာများစွာနဲ့ ဝန်းရံနေထိုင်ခဲ့ပြီး သူ့ရဲ့နေထိုင်မှုအခြေအနေနဲ့ ပတ်သက်၍ လိုအပ်ချက်များစွာရှိ​နေတယ်။ သူ့ရဲ့ခေါင်းအုံး​တွေကို တင်သွင်းလာတဲ့ငန်း​တွေဆီက အမွေး​တွေနဲ့ ပြုလုပ်ထားပြီး တစ်လုံးကို ဆယ်ယူရိုတန်တယ်။

ငါက​တော့ အဲ့ကုန်သည်ရဲ့ခေါင်းအုံးဆိုင်ကို ပိတ်ခိုင်းဖို့​အတွက် ရဲ​​တွေကို ဆယ်ယူရိုလောက်​ပေးလိုက်ရတာ ပိုသ​ဘောကျတယ်။

​ကျောင်းကုန်းဇီက အဲ့လိုခေါင်းအုံးမျိုးမဝယ်နိုင်ဘူးဆိုရင် ဘာခေါင်းအုံးကိုမှဝယ်မှာမဟုတ်သလို ငါ့ကိုလည်း ဝယ်ခိုင်းမှာမဟုတ်ဘူး။ ဒါကြောင့် ညရဲ့ အစပိုင်းတိုင်းမှာ ​ငါ့ကို ကျောင်းကုန်းဇီရဲ့ လက်မောင်း, ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ခေါင်းအုံးအ​နေနဲ့ အသုံးပြုခိုင်းပြီး ညတစ်ဝက်လောက်မှာ​တော့ ​ကျောင်းကုန်းဇီရဲ့ ခေါင်းအုံးကို သူ့ခေါင်းအောက်ကနေ ဆွဲထုတ်လိုက်ပြီး​တော့ ငါကိုယ်တိုင် အသုံးပြုလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now