"အင်းး"

"ဒါနဲ့ ရှောင်း! "

"ဟင်"

"အကယ်၍ ကျွန်တော် မတော်တဆ သေသွားခဲ့သည်ရှိသော် ရှောင်း ဝမ်းမနည်းရဘူးနော်"

"ဖွ...ဖွ...လွှဲပါစေ ပယ်ပါစေ ဒီကလေးတော့ဘာတွေလျှောက်ပြောနေတာလဲ "

သူပြောတော့ ဟီးးကနဲ သွားတန်းဖွေးဖွေးလေးတွေပေါ်လာအောင် ပြုံးပြလာတယ်။မမြင်ရတာကြာပြီဖြစ်တဲ့ နူတ်ခမ်းလုံးလုံးလေးထက်က အသည်းပုံ သဏ္ဍန်အပြုံးကို ရှောင်ရှန်းက ဝအောင်ငေးတယ်။

မင်းကို လက်လွှတ်ပေးတယ်ဆိုတာ အလကားတော့မဟုတ်ဘူး ကလေးငယ် မင်းရဲ့ဒီလိုအပြုံးလေးတွေမြင်ရဖို့....

ရှောင်းအတွက်ကသေချာခဲ့ပါတယ်
ရှောင်းကျန့်မျက်နှာကို တစိမ့်စိမ့်ကြည့်လို့ အနမ်းခြွေတတ်တဲ့ကောင်လေးကိုမြင်ပြီးကတည်းက ရိပေါ်ကိုလက်လွှတ်လိုက်ရဖို့....သူ့ကိုတောင်မှ လက်လေးကိုင်ရုံဖက်ရုံကလွှဲ နမ်းမှမနမ်းခဲ့ဘဲ...

"ဝမ့်!!!"

ရှောင်ကျန့်ရဲ့ ဝမ့် ဆိုတဲ့စောင့်အောင့်အောင် ခေါ်သံအဆုံးမှာ ရိပေါ်ကိုငေးနေမိတဲ့ရှောင်းဟာ
ရိပေါ်ကိုနူတ်ဆက်ပြီး အခန်းထဲကပြန်ထွက်ဖို့ပြင်တယ်.... အခန်းတံခါးဝမှာ ရပ်နေသည့် ရှောင်းကျန့်ကတော့ ရှောင်းကို မျက်စောင်းကြီးခဲပြီး မီးပွင့်ထွက်မတက်ကြည့်နေတယ်.....
ရှောင်းလည်းမျက်စောင်းတစ်ချက်ပြန်ထိုးပေးပြီး အခန်းထဲကထွက်ခဲ့၏။ အူတိုနေလိုက်တာများ ......

"ဝမ့်!!"

ဆောင့်ကြီး အောင့်ကြီး နာမည်ပြန်ခေါ်တော့ ဘာလဲ ဆိုသည့်သဘောနှင့်မျက်ခုံးတစ်ချက်ပင့်ပြတယ်။

ခြေလှမ်းကျဲကြီးတွေနဲ့ ဝမ့်ဆီလျှောက်သွားပြီး ဆုံလည်ခုံမှာ ထိုင်နေသည့် ဝမ့်ကို ခါးကနေဆွဲမကာ စားပွဲပေါ်တင်လိုက်သည်။အံ့သြမှုနဲ့အတူ ပွင့်ဟလာတဲ့နူတ်ခမ်းကိုတိုက်စစ်ဆင်တော့ ရှောင်ကျန့်နောက်ကိုအမှီလိုက်လာတဲ့နူတ်ခမ်းလုံးလုံးလေး.... လျှာဖျားလေးပါတိုးဝင်ဖို့အခွင့်တောင်းတော့ အသာတကြည်ပဲဖွင့်ဟပေးသည်။ဝမ် ကသူ့ကိုရူးအောင် လုပ်နေတာပဲ...... ဝမ်၏ခါးကို ပိုတိုးဖက်ကာ အနမ်းကိုပိုသိပ်သည်းစေလိုက်တယ်....ဝမ့်ရဲ့နူတ်ခမ်းတွေက စတော်ဘယ်ရီလေး လိုပဲ အရသာရှိတယ်။ဂျယ်လီတုန်းလေးကို ထိတွေ့နေရတဲ့အတိုင်း နူးညံလွန်းလို့ တစ်ခါတစ်ခါ ရှောင်ကျန့်ရဲ့နူတ်ခမ်းတွေကြားထဲမှာတောင်အရည်ပျော်သွားမှာတောင် ကြောက်ရသည်။

B O G(ZSWW)[Complete] حيث تعيش القصص. اكتشف الآن