Unicode
Taehyung အိပ်ရာထပြီး ကိုယ်လက်သန့်စင်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည် အောက်ရောက်တော့ လူတောင်စုံနေပြီဖြစ်သည်
''Morning ပါးနဲ့မား ဖွားရော''
"နိုးပြီလား သားလေး Morning"
''ဟုတ်ကဲ့..''
ပါးက စားပွဲရဲ့ထိပ်မှာထိုင်နေပြီး ပါးရဲ့ညာဘက်မှာ ဖွားနဲ့မားထိုင်တာမို့ ကျနော့်နေရာဖြစ်တဲ့ ဘယ်ဘက်က ထိုင်ခုံကိုဆွဲကာ ဝင်ထိုင်လိုက်သည်
''သားအကြိုက် ပေါင်မုန့်လေးကို စတော်ဘယ်ရီများများ သုတ်ပေးထားတယ် ပြီးတော့ နွားနို့ပူပူလေးရယ်.."
မားက မီးဖိုချောင်ထဲက ထွက်လာပြီး ကျနော့်အတွက် လုပ်လာတဲ့မုန့်တွေကို ရှေ့ကစားပွဲပေါ် ချပေးသည်
''ဟုတ်ကဲ့ မား ကောင်းကောင်းစားပါ့မယ် အဲ့ဒါကြောင့် ထယ်က မားကိုအများကြီးချစ်တာ ဟီး..''
မားကတော့ ကျနော့်ကိုကြည့်ကာ တပြုံးပြုံးသာ..
''ပါး သား Jeon Group မှာ အလုပ်လုပ်ချင်တယ်''
စားနေတာကို ခဏရပ်ကာ ပါးကို ကြည့်ပြီး မရဲတရဲပြောလိုက်သည်..
ကျနော့်အပြောကြောင့် မားကော ဖွားကပါ ကျနော့်ကို ကြည့်လာကြသည်
ပါးကတော့ သိပ်အံ့သြဟန်မပြဘဲ သူစားလက်စကို
ဝါးကာမျိုချ၍ ရေတစ်ငုံသောက်ပြီးမှ လေသံအေးအေးဖြင့်
''ဘာစိတ်ကူးပေါက်လို့လဲသား.. သားအလုပ်လုပ်ချင်တယ်ဆိုရင်လည်း ပါးကုမ္ပဏီမှာ လုပ်လို့ရရဲ့နဲ့ ဘာလို့ Jeon Group လဲ သားအရင်က ပါးကလုပ်ခိုင်းတော့လည်း သားအဲ့အလုပ်တွေ စိတ်မဝင်စားဘူးဆို..''
ပါးပြောတာလည်းမှန်ပါသည် ကျနော် အလုပ်လုပ်ချင်ရင် ပါးရဲ့ကုမ္ပဏီမှာ လုပ်လို့ရပါရဲ့.. ကျနော်တို့ Kim Group ကလည်း ကိုရီးယားမှာ Top 10 ဝင်ကုမ္ပဏီတစ်ခု နောက်ကျရင် ကျနော်ကဘဲ အဲ့ကုမ္ပဏီကိုဆက်ခံရမယ့်လူဘဲကို..
''ဟို.. ဟို Jungkook ဆီမှာ လုပ်ချင်လို့ပါ"
Taehyung ကခေါင်းကို အောက်ငုံ့ထားသည်မရဲတရဲလေး ပြောသည်
