တကယ်ပဲ့ ကိုယ့်ကိုပြန် မချစ်နိုင်တာလား

768 84 15
                                    

= The Bad Guy's Sam =

= The Bad Guy's Sam =

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

Unicode (hee-fei)

လမ်းတစ်လျှောက်လုံး ဟီဆွန်းတစ်ယောက် ပြုံးဖီးနေတာပဲ့။ ကျွန်တော်ကားမောင်းနေရင်းနဲ့ ဟီဆွန်း ကို မသိမသာလှည့်လှည့်ကြည့်မိသေးသည်။သူပြုံးနေတာမြင်ရတော့ ကျွန်တော်ပါ လိုက်ပြုံးမိတယ်။သူ့အတွက် အဖြေကလည်း အဆင်သင့်ရှိပြီးသား သူ့ဘက်က သေချာ တောင်းလာသည့် အချိန်မှ ပေးမယ်။ယုံကြည်ချင်တယ် ဟီဆွန်း တစ်ခါလောက်တော့

စားသောက်ဆိုင်ရောက်တော့လည်း ကျွန်တော့်အကြိုက်တွေကို သူကိုယ်တိုင်ရွေးမှာပေးတတ်သည့် ဟီဆွန်း။ဒီအခြေအနေလေးကို ကျွန်တော် ဟိုးအရင်ကတည်းကလည်း သဘောကျခဲ့တာ။

" ဟီဆွန်း ဒီနေ့က ကျောင်းဖွင့်ရက်ဆိုတာသိတယ်မလား ဘာလို့ ကျောင်းမသွားတာလဲ"

" ပိစိလေးကရော ကျောင်းမသွားဘဲ ဟိုကလေးကို စာသင်ပေးနေတာလဲ"

" ငါမေးတာ အရင်ဖြေစမ်းပါ ဘာလို့ငါ့ကို ပြန်မေးနေတာလဲ"

" အင်းပါ အင်းပါ ဖြေပါ့မယ်။ပိစိလေးကို တစ်ယောက်ထဲ စိတ်မချလို့လေ။ကိုကလေ ပိစိလေး မရှိတဲ့ နေရာမှာ မနေနိုင်ဘူး ဆိုတာသိလား ပိစိ"

" မသိဘူး"

" ပိစိနော် ကိုက အတည်ဖြေတာကို။ ပိစိကရော ဒီနေ့က ကျောင်းဖွ့င်ရက်ကြီးကို ဘာလို့ ကျောင်းပျက်တာလဲပြော"

" ကလေးက ငါတို့လုပ်အားပေးသွားတုန်းက ကျူရှင်ချိန်တွေ ပျက်ထားရတယ်လေ။စာမေးပွဲလည်း နီးနေပြီ။ဒီကလေးက ကျူရှင်မတက်နိုင်တော့ ငါသင်ပေးမှ အဆင်ပြေမှာလေ"

" နောက်နောင် ပိစိလေး ဒီကောင်လေးဆီ စာသွားသင်တိုင်း ကိုယ်လိုက်ခဲ့မယ်။ဘာမှ လာမပိတ်ပင်နဲ့နော် ကိုယ်လိုက်ခဲ့မယ်လို့ ပြောပြီးသား"

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Wo Geschichten leben. Entdecke jetzt