"....."

"ငါ့လိုလှေနံနှစ်ဖက်နင်းတဲ့ကောင်ကိုမှ ဘာလို့လဲ မင်းကိုအစားထိုးအနေနဲ့အသုံးပြုခဲ့တဲ့ကောင် မျက်နှာပြောင်တိုက်အနားခေါ်ခဲ့တဲ့ကောင်.... မင်းမမုန်းဘူးလား"

တဖြည်းဖြည်းတုန်ရီလာတဲ့ခန္တာကိုယ်လေးကို ပခုံးကနေကိုင်လို့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တယ်။အောက်ငုံ့သွားတဲ့ မျက်နှာလေးက ရှောင်ကျန့်ကို တစ်ချက်မော့မကြည့်....ငိုချင်တာကိုအံကြိတ်ထားလို့ထင်ပါရဲ့ ပါးလေးတွေနဲ့ခန္တာကိုယ်လေးကတဆတ်ဆတ်တုန်ရီလို့.....

"အကယ်၍ အကယ်၍ ငါကရှောင်းကို ရွေးခဲ့ရင် မင်းဘယ်လိုလုပ်မှာလဲ.....မင်းမစဉ်းစားတတ်ဘူးလား.....မင်းဉီးနှောက်မပါဘူးလား"

ပြောရင်း ဝမ်က သူ့ရင်ဘတ်တွေကိုလက်သီးဆုပ်တွေနဲ့ထုရိုက်ပြန်
တယ်။မိန်းကလေးများလိုနူးနူးညံညံတော့မဟူတ် တစ်ချက်ရိုက်တိုင်းရင်ဘတ်တောင် တစ်ခါအောင့်ရသည်အထိ အားကပြင်းလွန်းသည်။

"အ....အ...နာလာပြီ အသည်းရဲ့..... "

ရှောင်ကျန့်တစ်ချက်ငြီးငြူးတော့ လေထဲတွင်တန့်သွားတဲ့လက်လေးတွေက ရှောင်ကျန့်ရဲ့ရင်ဘတ်ကိုလက်လေးတွေနဲ့ခပ်ဖွဖွပွတ်သတ်ပေးတယ်။

ပါးချိုင့်လေးတွေပေါ်အောင်အထိကိုအားရပါးရရယ်ရင်း ဝမ်ရိပေါ်ကိုအတင်းဖျစ်ညစ်ပစ်လိုက်သည်။ချစ်လိုက်ရတာ.... အသည်းရယ်......

——————☘

"ကလေးတွေကို ဘယ်တော့ပြောပြထားဖို့စဉ်းစားထားလဲ "

"ကျွန်တော် မပြောပြချင်သေးဘူး သာ့ကော ကျွန်တော် ကျွန်တော် ကိုယ့်ကိုယ်အပြစ်မကင်းသလိုခံစားနေရသေးတယ်"

"တောင်းပန်ပါတယ် ပါးနဲ့မားကို နားဝင်အောင် geအစကတည်းကပြောပေးခဲ့ရမှာ..."

"ရပါတယ် ပြီးခဲ့တာတွေလည်းပြီးပါစေတော့ ပါးနဲ့မားလည်းရှိတော့တာမှမဟုတ်တာ"

ညီငယ်လေးးရဲ့မျက်နှာကိုကြည့်ရင်း ယူကျုံးမရဖြစ်မိတဲ့ အခါ မျက်နှာပေါ် မျက်ရည်ဉတွေကခိုဆင်းတယ်။

"အဲ့တုန်းက အလိုတူအလိုပါဖြစ်ခဲ့တဲ့ geကိုခွင့်လွှတ်ပါ ပါးတို့ကနားမလည်ရင်တောင် မင်းနဲ့အနေနီးတဲ့geကနားလည်ပေးရမှာကို....."

B O G(ZSWW)[Complete] Where stories live. Discover now