တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်

Start from the beginning
                                    

"..ဘာကို"

သူ၏ တုံ့ပြန်မှုသည် ဘယ်လောက်တောင် ငြင်းဆန်ချင်နေသည်ကို Noraက တွေ့တော့ သူမရဲ့ တောက်ပနေသော မျက်လုံးများသည်ပင် အနည်းငယ်မှိန်သွားရသည်။ 

သူမဒီလို ပြောလိုက်တာ  အလုပ်မဖြစ်မှန်း သူမ သိသည်။

Carefree Pillsကနေ ရတဲ့ အမြတ်အနည်းငယ်သည် နံပါတ်တစ်မိသားစုအတွက် နဲနဲမျှပင် အသုံးဝင် ကျဆင်းသွားမည်မဟုတ်ပေ။ ထို့ကြောင့် သူက ဘယ်လိုလုပ် လှုပ်ရှားမှာတဲ့လဲ။

သူမသားကို သူ့ဆီကနေ ပြန်ယူဖို့ ကမ်းလှမ်းဖို့ စဉ်းစားကြရတာ....အဆင်မပြေနိုင်ဘူး။ ထို့အပြင် သူမကိုယ်တိုင်လဲ Huntsရဲ့ နေအိမ်မှာ နေဖို့ဆိုတာကလဲ လုံးဝမဖြစ်နိုင်။ 

Noraသည် သူမရဲ့ ပြင်းပြနေသော အကြည့်ကို လျှော့ချလိုက်သည်၊ သူမ၏ မျက်တောင်များသည် ရှည်လျားပြီး သူမရဲ့ ပါးပြင်လေးကို အနည်းငယ် အလိုမကျသလိုလုပ်ပြကာ ဒီတိုင်း  စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်တယ်။

"ကျွန်မက နောက်တာပါ "

Justin "..."

ထိုအချိန်မှာပဲ Noraရဲ့ လက်ကိုင်ဖုန်းက မြည်လာတယ်။

သူမက Justin ကို ခေါင်းညိတ်ပြပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီး ဖုန်းပြန်ဖြေသည်။  ခေါ်ဆိုမှု၏အခြားတစ်ဖက်မှ အသံထွက်လာသူက Soloပင်ဖြစ်သည်။

  “Anti မင်းရဲ့ သမီး ဓာတ်ပုံကို အင်တာနက်မှာ တစ်ယောက်ယောက်က ရှာနေတာကို ငါတွေ့လိုက်တယ်!"

Noraလဲ အံ့ဩသွားသည်။

သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ Justin ကို ချက်ချင်းကြည့်လိုက်တော့  သူ့အနောက်တွင် ရပ်နေသော သူ့လက်ထောက်က သူ့အား တစ်စုံတစ်ခု တီးတိုးပြောနေတာကို  တွေ့လိုက်ရသည်။

Justin က သူ့ကို မော့ကြည့်ပြီး ကြည့်လိုက်တယ်။  ထို့နောက် သူ့လက်ထောက်က သူ့လက်ကိုင်ဖုန်းကို ကိုင်လိုက်ပြီး အီးမေးလ်ကိုဖွင့်ကာ ဓာတ်ပုံကို ပြတော့မည်ဖြစ်သည်..။

Nora ထိတ်လန့်သွားသည်။  သူမက ချက်ချင်း ဖုန်းကို ချလိုက်ပြီး ရှေ့ကို ချက်ချင်း တိုးသွားလိုက်ကာ ‌

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now