Boram- မဟုတ်ပါဘူးနော်။ ငါက hyunjinနဲ့ ရင်းနှီးတယ်လေ။ အလုပ်အတူတူဘဲ။

Kai- တကယ်လား??

Boram- အွင်း။

Soobin- အတန်းတက်ရတော့မယ် boramနင်သွားတော့လေ။

Boram- ဟမ်း......ကျေးဇူး သူငယ်ချင်းလေး။ ဒီနေ့အတန်းမတက်ရင် ရုံးခန်းရောက်တော့မယ်။

Taehyun- ဟွန့် ....​သူလည်းမလွယ်ပါလား။
.
.
.
နေ့ခင်းနေ့လည် အတန်းမပြီးသေးတဲ့ soobin နဲ့ Kaiကိုစောင့်ရင်း ကော်ရစ်တာမှာ လမ်းလျှောက်နေတဲ့ Taehyun။ လူတစ်ယောက်က အရှိန်နဲ့ပြေးလာရင်းသူ့ကိုဝင်တိုက်သွားသည်။

အ့...

??- တောင်းပန်ပါတယ်ဗျ။ ကျွန်တော်အလျင်လိုနေတာနဲ့....

Taehyun- ရ...ရပါတယ်။ ကျွန်တော်လည်းသေချာမကြည့်ဖြစ်တာ။

??- အကိုရော...ဘာဖြစ်သွားလည်းမသိဘူး

အကိုတဲ့လားကွာ။ တောက်စ်....

Taehyun- ရပါတယ်။ ဘာမှမဖြစ်ပါဘူး။

??- ကျွန်တော်က Hyunjinပါ။ အကူညီလိုရင်ပြောပါဗျ။

Taehyun- အာ....မနက်က ဆိုင်ကယ်နဲ့တစ်ယောက်ဘဲ။ ကျွန်တော်က taehyunပါ။ Kang Taehyun ပထမနှစ်က...

Hyunjin- ဒါဆို Kang taeလို့ခေါ်လို့ရတယ်မလား။

Taehyun- ရပါတယ်။ ကြိုက်သလိုသာခေါ်ပါ။ ဒါဆ်ုသွားခွင့်ပြုပါဦး။ သူငယ်ချင်းတွေအတန်းပြီးပြီမလို့။

Hyunjin- ဟုတ်ပါပြီ ။

ထိုအဖြစ်အပျက်တွေကို အကုန်မြင်နေတာက မလှမ်းမကမ်းက hyunjinတို့ကိုစောင့်နေသော သူ၏သူငယ်ချင်းနှစ်​ယောက်။

Yeonjun- ဘယ်သူလည်း??

Hyunjin- ဟိုနေ့က မင်းနဲ့ ပြဇာတ်ရုံရှေ့မှာ ပြဿနာဖြစ်တဲ့ကောင်လေးရဲ့ သူငယ်ချင်း။

Beomgyu- ချစ်စရာလေး။

တိုးညှင်းစွာပြောလာတဲ့အသံ။

Yeonjun- ဟင်?
ဘာပြောတာလည်း beomgyu

Beomgyu- ဘာမှမဟုတ်ပါဘူး။ သွားမယ်။ နောက်အတန်းရှိသေးတယ်။

Forever[Completed]Where stories live. Discover now