Pt 2

8 0 0
                                    

'ကောင်းမြတ်သွင်'ဖေဖေပေးထားသောနာမည်လေး မိန်းမဆန်လွန်းတာကြောင့်ကျွန်တော်သိပ်သဘောမကျ။ "သွင်" သူတစ်ယောက်တည်းခေါ်တဲ့ စကားလုံးလေး ကျွန်တော်ကိုအဲ့လိုခေါ်တာသဘောမကျပေမဲ့သူတစ်ယောက်တည်းခေါ်တဲ့nameမို့ ကျွန်တော်သဘောကျရပြန်ပါတယ်။ ဂုဏ်အရှိန်အဝါကြီးမားတဲ့မိသားစုအသိုင်းအဝိုင်းမာနေနေရတော့ အရာအားလုံးစနစ်ကျရသည်။ကျွန်တော်ကအကြီးဆုံးသားဖြစ်သည်။ကျွန်တော်ထက်သုံးနှစ်ငယ်သောညီမလေးရှိသည်။ ညီမလေးကစာတော်သည်။ မေမေလိုထက်မြက်သည်။ကျွန်တော်ကတော့ လူတိုင်းကိုအားနာတတ်သည်။ ကျွန်တော်က ရိုးရိုးရှင်းရှင်း နေတတ်သည်။ ကျွန်တော်က ဖေဖေနဲ့တူသည်။ဖေဖေကကျွန်တော်ကိုအလိုလိုက်သည်။ ဘဝက နေချင်သလိုနေလို့မရ အရာအားလုံးကမေမေရဲ့ထိန်းချုပ်မှုအောက်မာပင်။ မေမေစကားတစ်ခွန်းတိုင်းကိုကျွန်တော်နားထောင်သည်။ကျွန်တော်ဘဝထဲသူမဝင်လာသည်အထိ အရာအားလုံးကအေးဆေးပင်။

"လင်းခန့်" နာမည်ကြားရုံမျှပင်အားလုံးကကြောက်ရွံ့ရသူ ဆိုးသွမ်းသည်။ အိမ်မာအငယ်ဆုံးဖြစ်ပြီး လိုချင်တာကိုရအောင်ယူတတ်သူ။ အကိုတစ်ယောက်ရှိသည်။မေမေရဲ့အချစ်ဆုံးလေးဖြစ်သည်။ကျွန်တော်လိုချင်တဲ့အရာတိုင်းကိုမေမေကဝယ်ပေးခဲ့သည်။မေမေကြောင့်ကျွန်တော်အခုလိုဆိုးနေခြင်းလည်းဖြစ်သည်။ဒီလောကမာကျွန်တော်အချစ်ဆုံးကမေမေဖြစ်ပြီးဒုတိယကသွင်....ဒီလောက်မိန်းမတွေပေါတဲ့ခေတ်မာ ပထမဆုံးအချစ်ဦးက သွင်ဖြစ်သည်။ ကျွန်တော်ကိုလိမ်မာအောင်ဆုံးမပေးနိုင်တဲ့တစ်ဦးထဲသော သွင်။ ကျွန်တော်ဆိုးသမျှကိုသည်းခံနိုင်တယ်။ အရေးကြီးဆုံးတစ်ခုက သွင်ကကျွန်တော်ကိုအရမ်းချစ်တယ်လေ ။ ကျွန်တော်ကတော့သွင် အတွက်က လူဆိုးကြီးလေ ........

"ကောင်းမြတ် ကျောင်းသွားတော့လေ ဘယ်သူကိုစောင့်နေတာလဲ" မေမေကပြောသည်။ 'ဟုတ်ကဲ့​ မေမေသားသွားတော့မယ်' ။ ကျောင်းနဲ့အိမ်နဲ့သိပ်မဝေးပေမဲ့ သူငယ်ချင်းများနဲ့တူတူ ကျောင်းသွားချင်သည်။ အသက်၁၄နှစ် ရှစ်တန်းကျောင်းသား အရွယ်တောင်ရောက်နေခဲ့ပီ။ သစ်ရွက်လေးလှုပ်ခတ်တာနဲ့ ရင်ခုန်ချင်နေတဲ့အရွယ် ။ ငယ်ငယ်ကတည်းက ရှေ့ဆုံးခုံမာပဲ ထိုင်နေကြဖစ်သည်။ အခုလည်း ခုံနေရာလုရမည် ဖစ်သဖြင့် ကောင်းမြတ်တစ်ယောက် ကျောင်းသို့စောစောလာခြင်းဖြစ်သည်။ "ကောင်းမြတ်" အသံကြားလိုက်လို့နောက်လှည့်ကြည့်တဲ့အခါ သူငယ်ချင်းများ သူရှိရာသို့လာနေကြသည်။ "နင်ဘာတွေစဉ်းစားနေတာလဲ . ငါတို့နင့်ကိုခေါ်နေတာကြာပီ၊"  "ဟာဟုတ်လား ငါမကြားမိတာပါ နင်တို့ကလည်းဇွတ်ပဲ"
"ဟဲ့ကျောင်းကို ကိုကြီးချောချောလေးတွေများကြီးပြောင်းလာကြတယ်တဲ့ " တစ်ကျောင်းလုံးရဲ့အကြောင်းကို သိတဲ့ bbc အေးအေးက ထပြောသည်။ "ဒီနှစ်ကအစိုးရစစ်နော် အရင်လိုပေါ့ပေါ့နေလို့မရဘူး " ကျွန်တော်ကပြောလိုက်သည်။ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေမို့ပြောမနာဆိုမနာတွေဖြစ်သည်။ bbcအေးအေး၊ စာအတော်ဆုံးဇင်ဇင်၊ စံပြ ဇော်ဇော် ထိုသုံးယောက်ကတော့ကျွန်တော်အချစ်ဆုံးဖစ်သည်။ အတန်းထဲရောက်တဲ့အခါ roll သုံးroll ရှိသည်။ အလယ်rollမာခုံသုံတန်း သာရှိသည်။ကျွန်တော် အလယ်roll ပထမဆုံးခုံတန်းမှာထိုင်လိုက်သည်။
ငယ်ငယ်ကတည်းကျွန်တော်ကြည့်မရဆုံး ကျွန်တော်အမုန်းဆုံး တစ်ယောက်ရှိသည်။ "လင်းခန့်" သူ့ပုံစံကလူဆိုးပုံစံ ကျွန်တော်နဲ့တစ်စက်မှမတည့် ကျွန်တော်ကိုအမျိုးမျိုးစသည်။ အခန်းထဲမာတော့သူကဆရာကြီး စာကမတော်မညံ့အနေအထားမာရှိသည်။

"ရုပ်ဆိုးလေး" အစောကြီးရောက်နေပါ့လား။ ကျွန်တော်မကြားချင်ဆုံးသူ့အသံ ။ "စောစောစီးစီးကျက်သရေယုတ်တယ်" ကျွန်တော်တိုးတိုးလေးပြန်ပြောမိသည်။ သူကအလယ်rollကနောက်ဆုံးတန်းမာထိုင်သည်။ နောက်ပီးဆရာကြီးလိုလိုဘာလိုလိုနဲ့သူ့ဘေးမာ လူတွေအများကြီး ။ကျွန်တော်အသားအရည်ကညိုသည်။ မျက်နှာပုံစံကဝိုင်းပီးမိန်းကလေး တစ်ယောက်ပုံစံနှင့်ဆင်သည်။
ရုပ်ရည်ကအရမ်းမချောပေမဲ့အကြည့်ခံသည်။
သူကတော့ အသားတော်တော်ဖြူသည်။ ဝတ်တာစားတာစတိုင်မိသည်။ထိုနှစ်က အစိုးရစစ်နဲ့မိသည်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် နှစ်ခါဖြေရသည်။ တိုင်းမှထုတ်သောမေးခွန်းများကိုဖြေရသည်။ ကျွန်တော်ကအတန်းထဲတွင့်အဆင့်1to5ဝင်သည်။ ဆရာမတွေရဲ့အချစ်တော်လေးဖြစ်သည်။ ထိုနေ့ကကျွန်တော်ကို အားလုံးကအတန်းခေါင်းဆောင်အဖစ်ရွေးကြသည်။ ညနေကျောင်းဆင်းပြီးသောအခါကျူရှင်သွားကြရသည်။ သူလည်းတူတူတတ်သည်။ ကျောင်းနှင့်ကျူရှင်က နည်းနည်းဝေးသည်။ "မော်နီတာဖြစ်သွားတော့မာနကြီးသွားပီပေါ့" သူ၊ ကျွန်တော်နောက်မှာနေပြီးစနေသည်။ "နင့်အပူမပါဘူး" ။ "ဟာ ဘယ်လိုလေးလဲ ကိုကစတာကို" ။ " လင်းခန့် နင်နဲ့ရန်မဖြစ်ချင်ဘူးနော်" ရန်ပွဲကစဖစ်တော့သည်။ "တော်ပါတော့ နင်တို့နှစ်ယောက်ကလေးတွေလည်း မဟုတ်တော့ဘူး တစ်သက်လုံးကိုက်နေကြတာ ခုထိမတော့ကြသေးဘူးလား" ဇော်မှဝင်ပြောသည်။ "ဇော် ၊ မင်းကြားတယ်မလား ငါကစတာ ကိုသူကဘုကလန့်ပြောနေတာလေ" လင်းခန့်မှဇော်ကိုပြောလိုက်သည်။
"တစ်သက်လုံးကိုအဲ့ကောင်မျက်နှာမမြင်ချင်ဘူး ၊ မုန်းဖို့ကောင်းလိုက်တာ" ကောင်းမြတ်သူ့ရှေ့မှမြန်မြန်သွားလိုက်သည်။ဇော်ပြောတာလည်းမှန်သည်။ ကျွန်တော်နဲ့သူနဲ့ ငယ်ငယ်ကတည်းကမျက်နှာချင်းဆိုင်တိုင်း ရန်ဖစ်ကြသည်။ ချစ်ခြင်းအစ ရန်ဖြစ်ခြင်းက......

You've reached the end of published parts.

⏰ Last updated: Feb 15, 2022 ⏰

Add this story to your Library to get notified about new parts!

                           အချစ်ဦးWhere stories live. Discover now