[ t h i r t e e n ]

En başından başla
                                    

" ဟက် ~ တကယ်ရူးနေပြီပဲ Byun BaekHyun .. အသိညဏ်မရှိတော့ဘူးပဲ .. "

BaekHyun ကိုယ့်ကိုကိုယ်အပြစ်ဖို့မိသည် ။ အဲ့နေ့ညက Sehun ဘယ်လိုပဲ စော်ကားပါစေဦး ။ BaekHyun သည်းခံခဲ့ရမှာ ။ ဘာတစ်ခွန်းမှပြန်မပြောဘဲ သူ့အလိုကျအတိုင်း နေပေးခဲ့ရမှာ ။ အဲ့လိုသာဆိုရင် ခုနေ Han NaBim နေရာမှာ BaekHyun ဖြစ်နိုင်မယ်မလား ။

BaekHyun လက်တွေက ph screen ပေါ် ခပ်မြန်မြန်လှုပ်ရှားသွားသည် ။ မျက်ရည်ကြည်ကြည်တို့ကြောင့် BaekHyun မြင်ကွင်းတွေဝေဝါးနေပေမဲ့ စာတော့ကောင်းကောင်းရိုက်‌နိုင်သေးသည် ။

* ငါမှားသွားပါတယ် .. နောက်တစ်ခါ အဲ့လို မလုပ်တော့ပါဘူး ။ *

Message လေးက ထွက်သွားပြီဖြစ်သည် ။ အင်မတန်မာနထိခိုက်သည့် ကိစ္စဆိုပင်မဲ့ Sehun လောက်တော့ ဘာကမှအရေးမကြီးဟု BaekHyun ခံယူထားသည် ။

BaekHyun အသက်ဝဝရှူရင်း ဖုန်းကို ရင်ဘတ်မှာကပ်ထားလိုက်သည် ။

" ဟုတ်တယ် ။ BaekHyun အရင်တောင်းပန်လိုက်မယ် ။ Sehun အနားကို ပြန်ရောက်ရရင်ပဲရပြီ ။ "

ကိုယ့်ကိုကိုယ်အားပေးရင်း ပြန်စာမလာသေးသည့် conversation လေးကိုသာ ရင်တထိတ်ထိတ်နဲ့စောင့်နေလိုက်သည် ။ သို့သော် အချိန်အတန်ကြာတဲ့အထိ စာမပြန်သေး ။

BaekHyun သက်ပြင်းခပ်မျှင်းမျှင်းချရင်း စိတ်လျှော့လိုက်ရသည် ။ Sehun က သူ့ရဲ့ဂရုမစိုက်တဲ့မူအရ BaekHyun ရဲ့ message ကို မဖတ်ဖူးထင်ပါသည် ။ အစည်းအဝေးကထွက်လာတာလည်း အချိန်တစ်ခုကြာနေပြီမို့ ဒီ့ထပ်အချိန်ထပ်ဆွဲလို့မကောင်းတော့။
အသက်အရွယ်အရလည်း ကိုယ်ရေးကိုယ်တာထက် ဦးစားပေးရမှာတွေရှိတာမို့ BaekHyun ကားပေါ်ကဆင်းခဲ့ကာ ရုံးထဲပြန်ဝင်ခဲ့လိုက်သည် ။

" BaekHyun ? "

ဓာတ်လှေကားစောင့်နေတုန်း ရင်းနှီးမကရင်းနှီးလွန်းတဲ့ အမျိုးသမီး၏ အသံက နားထဲတိုးဝင်လာသည် ။ Baekhyun မေးကြောတွေထောင်သည်အထိ ရင်ထဲဗလောင်ဆူသွားပေမဲ့ ဘာမှမဖြစ်သလို လှည့်ကြည့်လိုက်သည် ။

" အော .. Han NaBin ပါလား .. ဒီကိုဘာကိစ္စလဲ ? အလုပ်လာလျှောက်တာ ? "

ထီမထင်ဟန် မျက်နှာပေးနဲ့ BaekHyun ဆိုလိုက်သော်ငြား ရင်ထဲမှာတော့ ပူပင်မှုလေးရှိနေသေးသည် ။ အကယ်၍ Sehun နှင့် ချိန်းထားလို့ဟု ထိုအမျိုးသမီးက ဆိုလိုက်ပါမူ ။

the V I L L A I N(Zawgyi+Uni)Hikayelerin yaşadığı yer. Şimdi keşfedin