Chapter - 13 (Part 3)

Start from the beginning
                                    

​ကျောင်းကုန်းဇီက အသားကုန်အော်ဟစ်​နေပြီး နောက်ဆုံးမှာ​တော့ ဆယ့်သုံး​ယောက်မြောက်မဒမ်ကို ရောက်လာ​စေခဲ့တယ်။

ဆယ့်သုံး​ယောက်မြောက်မဒမ်က ကျောင်းကုန်းဇီကို ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ကူညီပေးပြီး အခြားအရာများစွာကိုလည်း ကူညီပေးခဲ့တဲ့အတွက် ငါ့ကို ​ကျေးဇူးတင်​နေတာဖြစ်ပြီး ​ကျောင်းကုန်းဇီနဲ့ပတ်သတ်၍ ကြေကွဲစရာကောင်းတဲ့အကြောင်းတွေအပြင် လွန်ခဲ့တဲ့နှစ်ပတ်က အကောက်ခွန်ရုံးမှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦးနဲ့ ချိန်းတွေ့ခဲ့တဲ့ သခင်ကြီး​ကျောင်းစီ​ကြောင့်ဖြစ်ရတဲ့ ဒေါသတွေနဲ့ ခါးသီးတဲ့ခံစားချက်​တွေကပါ သူမရဲ့စိတ်ထဲမှာ ဆန်တက်လာခဲ့တယ်။ ဒီအရာ​တွေအားလုံးက တညီတညွတ်တည်းစုပြုံနေတာဖြစ်ပြီး သူမရဲ့စိတ်ထဲမှာ အလွန်အမင်းမကျေမနပ်ဖြစ်​လာစေခဲ့တယ်။ ဒီလိုနဲ့ သူမက ပေါက်ကွဲထွက်သွားခဲ့တယ်။

ငါ့ကို မြေအောက်ခန်းမှာ သော့ခတ်ထားတယ်။ ​ကျောင်းကုန်းဇီကို​တော့ သခင်ကြီး​ကျောင်းစီက သူ့လက်တစ်ဖက်ကို ချိုးပစ်ဖို့အတွက် အခြားတစ်နေရာကို ဆွဲခေါ်သွားခဲ့တယ်။ အဲ့နောက် သူက တံခါးဖွင့်​ပေးဖို့အတွက် မြေအောက်ထပ်ကို ဆင်းလာခဲ့တယ်။

ဒါက ရုပ်ရှင်တစ်ကားသာ ဖြစ်မယ်ဆိုရင် သူနဲ့ငါဟာ ရိုမန်တစ်ဖြစ်တဲ့သီချင်းကို ​နောက်ခံအ​နေနဲ့ ဖွင့်ထားရင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကာ အတူတူရှိသွားကြလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကြီးမားတဲ့ နားလည်လွဲမှားမှုလို့ ငါ ယုံကြည်မိတာကြောင့်သာမက မြေအောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတာကို မုန်းမိတာကြောင့် ငါတို့ အဲ့လိုမလုပ်ခဲ့ကြဘူး။

ဒါ​ကြောင့် သူ တံခါးဖွင့်လိုက်တဲ့အချိန်မှာ ငါက မြေအောက်ခန်းရဲ့ မှောင်မိုက်နေတဲ့ထောင့်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပြည့်နှက်နေတဲ့မျက်နှာနဲ့ ငယ်ဘဝကစိတ်ဒဏ်ရာ​တွေကို ပြန်အမှတ်ရမိ​နေခဲ့တယ်။ ဖွင့်ထားတဲ့တံခါးကနေ အလင်းရောင်လင်းလက်လာတဲ့ တခဏမှာ ငါ အရမ်းစိတ်လှုပ်ရှားမိရုံသာမက ငါ့မျက်လုံးတွေကိုလည်း အလင်း​ရောင်က ထိုးဖောက်သွားပြီး မျက်ရည်တွေက အထိန်းအကွပ်မဲ့စွာ စီးကျလာခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now