"ခရေပန်းတွေကနုကြည့်ပါဦးအစ်ကိုရယ်…ဟင့်…လူတွေက နင်းချေကြတယ် သူတို့မြေပြင်မှာကြွတောကို သဇင်ပန်းတွေကြွသေလိုနှင်းဆီတွေကြွသေလို...ဟင့်...လူတွေကဂရုမစိုက်ကြဘူး"

"ခင်ရယ်…မငိုပါနဲ့ကွာ"

ခင့်ရဲ့သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးတုန်ယင်သည်အထိရှိုက်ငင်ငိုကြွေးနေတဲ့ခင်က ဘယ်လောက်တောင်ဝမ်းနည်းနေတယ်မသိ…ဒါပေမဲ့လှတုန်းဘဲ…ဆံထုံးလေးကိုသေသေချာချာထုံးထားတဲ့ခင်လေးကလှနေဆဲဘဲ။

"ခင်ကလိမ္မာပါတယ်…မငိုနဲ့နော် ခရေပန်းတွေကြွတောကို
လူတွေဂရုမစိုက်ရင်တောင် ခရေပန်းတွေကို ချစ်တဲ့ သဘောကျတဲ့ လူကအမြဲဂရုစိုက်နေမှာပေါ့"

ကျုပ်ပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုခင်နားလည်ရဲ့လားကျုပ်မသိပေမဲ့ခင်ကခေါင်းညိမ့်ကာမျက်ရည်သုတ်လိုက်သည်။

"အစ်ကိုရုံးသွားရတော့မှာမလား ခင်လဲပြန်လိုက်တော့မယ်"

"ခင် ကိုယ်နဲ့နေပါလားကွာ"

"မသင့်တော်ဘူးထင်ပါတယ်အစ်ကိုရယ်…"

"ဘယ်သူက ဘာပြောရဲမှာတဲ့လဲ"

"အစ်မလေ...အစ်မလေး...ကယ်ပါဦး ညီမကိုကယ်ပါဦး"

ခြံထဲမှာ အစ်ကိုနဲ့လမ်းလျှောက်နေတုန်းညနေကခင်နဲ့အတူဖမ်းခံရသောအမျိုးသမီးငယ်လေးကအားကိုးတကြီးနှင့်ခြံဝကနေခေါ်ခြင်းဖြစ်သည်…။

"ဘယ်လိုဖြစ်လာတာလဲ "

"အမူးသမားတွေ ဆွဲလားရမ်းလားလုပ်ကြတယ်အစ်မလေး ညီမကိုလဲ အတင်းနမ်းတယ်..ကယ်ပါဦး ညီမမှာ သွားစရာလဲမရှိဘူး"

"မင်း..ဒီမှာနေမလား"

"ရှင်"

"ခင်အဖော်ရအောင်လို့ပါ တကယ်လို့မင်းနေမယ်လို့ စိတ်ကူးထားရင် ငါအလုပ်ပေးမယ် အလုပ်ကတော့ ခင့်ကို ခရေပန်းကူကောက်ပေးရမယ် "

"ရတာပေါ့ အစ်မလေးနားမှာနေရရင် ဘယ်လိုဖြစ်ဖြစ်ပါ ပြီးတော့ မြို့အုပ်မင်းရဲ့ အိမ်ကအလုပ်သမားဆိုတာသိရင် ဘယ်သူမှစကြမှာမဟုတ်ဘူး"

"ကဲ...ခင် ဘယ့်နှယ်လဲ ပြန်ချင်သေးသလား"

"အစ်ကိုမကောင်းဘူး...ခင့်ကိုအကျပ်ကိုင်တယ်"

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now