Chapter - 13 (Part 2)

Start from the beginning
                                    

ငါ့ရဲ့18 နှစ်ပြည့်မွေးနေ့မှာဖြစ်ခဲ့တာက မတော်တဆတစ်ခုပါပဲ။ ငါ ​ကျောင်းကုန်းဇီကို မဖိတ်ခဲ့ဘူး။ နွေဦးကို ခံစားရင်းနဲ့ အပြင်ထွက်လည်ဖို့အတွက် ငါ့ရဲ့သူငယ်ချင်းတွေကိုပဲ ငါ ဖိတ်ထားလိုက်တယ်။ ငါတို့ အပြင်ထွက်လည်ရင်း အချိန်အတော်ကြာကုန်ဆုံးပြီးတဲ့နောက် ပါမောက္ခလင်းက ငါတို့ကို အရက်သောက်ဖို့အတွက် ဖိတ်ခေါ်လိုက်တယ်။ ငါတို့ အရက်သောက်နေတုန်းမှာ ​ကျောင်းကုန်းဇီက အကြောင်းတစ်ခုခုကြောင့် ဖြတ်သွားခဲ့ပြီး သူ့ရဲ့ဘေးမှာ​​တော့ ဖက်ရှင်ကျကျ၀တ်စားထားတဲ့ မိန်းမတစ်ယောက်ရှိ​နေခဲ့တယ်။

​ကျောင်းကုန်းဇီ လုပ်တာမှားတယ်။ သူနဲ့ငါက လူအုပ်ထဲကလူ​တွေမဟုတ်ဘူး​လေ။ ငါကလည်း ညနက်သန်းခေါင်မှာ လမ်းလျှောက်နေတဲ့သူတစ်ယောက်နဲ့ အပြင်မှာချိန်းတွေ့မှာမဟုတ်ဘူး။ ဒီလိုနဲ့ ငါ အသိစိတ်ဝင်လာတော့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့တယ်။

အိမ်ပြန်ရောက်မှပဲ ဒီနေ့ မီးပျက်​နေပြီး သခင်ကြီး​ကျောင်းစီနဲ့အားလုံးက ဟိုတယ်တွေမှာ သွား​နေကြတယ်ဆိုတာကို ငါ သတိရမိတယ်။

​ကျောင်းကုန်းဇီက ငါ့ကိုကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့! မင်းအပြစ်ချည်းပဲ!"

ငါက ​ပြောလိုက်တယ်, "မင်းကို ငါနဲ့အတူ ပြန်ဖို့ ​မ​မေးခဲ့ဘူး​​လေ"

"အိမ်ပြန်လာဖို့ကို ​လောင်ဇီက မင်းရဲ့ခွင့်ပြုချက်လိုတာလား? မင်းကိုယ်မင်း ဘယ်သူလို့ထင်​နေတာလဲ? မင်းက ​လောင်ဇီ​​​​မွေးစားထားတဲ့လူတစ်​ယောက်​သက်သက်ပဲ, ​လောင်ဇီမပျော်တဲ့နေ့ဆိုရင် ​လောင်ဇီက မင်းကိုတောင် သတ်ပစ်လို့ရတယ်!"

သူ ငါ့ကို ဆယ့်ငါးမိနစ်လောက် ကျိန်ဆဲ​နေခဲ့ပြီး ရပ်ဖို့ အစီအစဉ်မရှိသလိုပဲ။

အမှောင်ထုနဲ့ အရက်က ငါ့ကို ဒေါသဖြစ်စေတယ်။ ဒေါသက ငါ့ကို ရဲရင့်စေတယ်။ ရဲရင့်မှုက ငါ့ကို နတ်ဆိုးအသွင်ကူး​ပြောင်းစေတယ်။ ဒါကြောင့် ငါ ဒီလိုအခွင့်အရေးကောင်းကို အသုံးချပြီး သူ့ကို အနိူင်ပိုင်းပစ်ချင်လာတယ်။

ငါတို့ ထပ်ပြီး​တော့ တိုက်ပွဲတွေပြန်စတယ်။

ငါတို့ရန်ဖြစ်​နေတုန်းမှာပဲ ငါက သူ့ဆီမှာ အနိူင်ပိုင်းခံလိုက်ရတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now