ONE ᰔᩚ

5.4K 298 6
                                    

Unicode~

ပုံမှန်အပူချိန်ရှိပြီး ရာသီဥတုသာယာတဲ့နေ့တစ်နေ့ဖြစ်၍ ရှန်ဟိုင်းလမ်းမထက်ဝယ် ကားများပြည့်ကြပ်နေသည်။ထိုမျှမကပါ။ပလက်ဖောင်းပေါ်တွင်လည်း လူသွားလူလာမနည်းလှပေ။

Shopping mall တစ်ခုရဲ့ အရှေ့မျက်နှာ Screen အကြီးကြီးပေါ်တွင် အရှိန်အဝါအပြည့်နဲ့ ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပုံကို ရှောင်းကျန့် စေ့စေ့ကြည့်ရင်း နှခမ်းစွန်းတွေ ကော့တက်သွားတဲ့အထိ ပြုံးနေမိသည်။

အတွေးတွေက အတိတ်က အချိန်တစ်ခုဆီ ခေါ်ဆောင်ခဲ့လေတော့ လူသူအရောက်အပေါက် နည်းတဲ့ နယ်မြို့က တံတားလေးတစ်စင်းကို ပြန်မြင်ယောင်လာသည်။

ထိုနေ့က ရှောင်းကျန့်စာမေးပွဲကျသည်။
မကြိုးစားခဲ့လို့လားဆိုတော့ မဟုတ်။သူတတ်နိုင်သလောက် ကျက်ခဲ့မှတ်ခဲ့ပေမယ့် မေးခွန်းစာရွက်ထဲမှာ မေးသမျှက သူမသိတဲ့ အကြောင်းအရာတွေချည်းမလို့။

ဒီနှစ် အထက်တန်းဒုတိယနှစ်မှာ စာမေးပွဲ လုံးဝမကျစေရဘူးလို့ မိဘတွေကို ကတိအထပ်ထပ်ပေးပြီး အာမခံခဲ့ပေမယ့် နှစ်ဝက်စာမေးပွဲမှာတင် အကုန်ရေစုန်မျှောကုန်သည်။

သူ ရှက်လွန်းလို့ အိမ်တောင် မပြန်ရဲပါ။အာချောင်ခဲ့မိတာက နည်းနည်းနောနောမှ မဟုတ်တာ။

စိတ်ညစ်ညစ်နဲ့ ဘာအပြစ်မှ မရှိတဲ့တံတားကိုသာ ခပ်ဖွဖွကန်နေရင်း သူရပ်နေတဲ့ ဘက်ဆီ လူတစ်ယောက် စက်ဘီးနင်းလာတာကို လှမ်းတွေ့လိုက်ရသည်။

ရိုးရိုးသာမန်ဖြတ်သွားဖြတ်လာတစ်ယောက်ထင်၍ စိတ်မဝင်စားဘဲ လုပ်နေတဲ့ အရာဆီပဲ အာရုံစိုက်ထားသည်။ဒါပေမယ့် ထိုစက်ဘီးက သူ့ဆီမရောက်ခင် ​တစ်မီတာလောက်အကွာအဝေးမှာတင် ရပ်သွားလေတော့ ရှောင်းကျန့် မကြည့်မဖြစ်ကြည့်ရတော့သည်။

ဘုရား..ဘုရား...ဒီလိုပြစ်ချက်ကင်းတဲ့ မျက်နှာအသွင်အပြင်မျိုးနဲ့ လူတစ်ယောက်က လောကမှာ တကယ်ပဲရှိနေခဲ့တာလား။

ထိုသူ စက်ဘီးပေါ်က ဆင်းပြီး ဘောင်းဘီအိတ်ထဲက စီးကရက်ဘူးမထုတ်ခင် အချိန်ထိ ရှောင်းကျန့်ငေးနေမိတာ တမေ့တမော။

Some{Complete}Hikayelerin yaşadığı yer. Şimdi keşfedin