" Park Chanyeol နင်ဒါဘယ်လိုရှင်းမလဲ ၊ နင်ငါတို့ကို ကျေးဇူးကန်းနေတာလားဟမ် ! "

" ... "

" ငါတို့ကို ဂရုမစိုက်ရင်တောင်မှ Baekhyunလေးကို အားနာသင့်ပါတယ် "

မေမေဟာ ရှက်စိတ်‌ေြကာင့် Baekhyunကိုမျက်နှာမပြရဲလောက်အောင်ဖြစ်မိသည်အထိ။ဆိုးသွမ်းသည့်သားကို မေမေ မကြည့်နိုင်တော့သလို ဒေါသကြောင့်အသက်ရှူတွေလည်းကြပ်လာရသည်။

" ဘာတွေဖြစ်နေကြတာလဲ "

ဧည့်ခန်းထဲဆူညံနေသည်ကြောင့် ဖေဖေဟာအိပ်မနိုင်တော့၍ထွက်လာခဲ့သည်။ဧည့်ခန်းထဲရောက်တော့လဲ ပုံပျက်နေသည့် သုံးယောက်ကြောင့် စိုးရိမ်စွာမေးလိုက်တော့ မြေပြင်ပေါ်ပုံ့ပုံ့လေးထိုင်နေသည့် ဇနီးဖြစ်သူက မျက်ရည်အရွှဲသားနှင့်မော့ကြည့်လာသည်။

" မိန်းမဘာဖြစ်တာလဲ "

မေမေက ဘာမှမပြောပါဘဲ ငြိမ်နေသည်။ထိုအခါ ကျောပေးထားလျက် Baekhyunသည် ဖေဖေရှေ့သို့လျှောက်လာကာ

" ကျွန်တော် Park Chanyeolနဲ့ဆက်ပြီး မပေါင်းနိုင်တော့ဘူး ဒါကြောင့် ကွာရှင်းခွင့်ပြုပါ "

Baekhyunရဲ့စကားကြောင့်ဖေဖေဟာမျက်လုံးတွေပြူးသွာကာ Chanyeolအားကြည့်သည်။Chanyeolဟာ ဖေဖေနဲ့မျက်လုံးချင်းမဆုံနိုင်သည်ကြောင့် ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေသည်။

" ယောကျာ်း ရှင့်သားကို ရှင်ဘဲ ထိန်းတော့ ကျွန်မတော့ စိတ်နာသွားပြီ ၊ လာ သွားမယ် Baekhyunလေး "

မေမေPark ဆက်ပြီးသားဖြစ်သူကိုမမြင်ချင်တော့သည်ကြောင့် အသက်မရှိတော့သည့်သူလိုရပ်နေသည့် Baekhyunလေး၏လက်ကိုဆွဲကာထွက်လာခဲ့လိုက်သည်။ထိုအခါ ဧည့်ခန်းထဲ ဖေဖေနှင့်Chanyeolတို့သာကျန်‌ေနခဲ့သည်။အခန်းတွင်းရဲ့အအေးဓာတ်ဟာတဖြည်းဖြည်းအေးစက်လာသလို ဖေဖေ၏အသက်ရှူသံသည်လည်းပိုပြီးပြင်းထန်နေကာ Chanyeolသည်ကြောက်စိတ်ကြောင့် ချွေးစေးတို့ပျံနေသည်။

" Park Chanyeol ! "

ဖေဖေ၏ ခပ်ဩဩအသံသည် အခန်းတွင်းအုပ်စိုးသွားကာ Chanyeolသည် လန့်ကာပင်တုန်တက်သွားသည်။ ငယ်ငယ်ကတည်းကအခုချိန်အထိအကြောက်ဆုံးသူသည် ဖေဖေပင်ဖြစ်သည်။ဒါကြောင့် ဘာဘဲလုပ်လုပ် ဖေဖေ့ရဲ့အရိပ်အခြည်ကိုကြည့်ပြီးမှလုပ်သည်။ ဖေဖေဟာ Chanyeolကို အလိုလိုက်ပေမဲ့ သူ့စကားနားမထောင်ရင်တော့ ကြောက်စရာကောင်းစွာ Chanyeolကိုဆက်ဆံသည်။အခုလည်း ဖေဖေရဲ့ဒေါသထွက်နေသည့်ပုံအား မမြင်ရဘဲနဲ့တောင် Chanyeolကြောက်လန့်နေခဲ့ရသည်။

Darling,I have your baby! [Complete]Where stories live. Discover now