I

722 72 2
                                    

Unicode

Dive Into You

🌊

ချွေးစို့နေတဲ့ နှဖူး...

သွေးထွက်နေတဲ့ ခြေထောက်တွေနဲ့...

မောပန်းနေတဲ့ ခန္ဓာကိုယ်...

ရူးမတတ် ထွက်ပြေးနေပေမယ့်...

အခုချိန်ထိ လွတ်မြောက်ဖို့ရာ မစွမ်းဆောင်နိုင်သေး...

သူပင်ပန်းနေပါပြီ...

"လီဂျယ်နို!!!"

ဟုတ်ပါတယ်။ သူ့နာမည်က လီမျိုးရိုး ဂျယ်နိုပါ။ သူ့အဖေက လီမျိုးရိုး...

ဒါပေမယ့် အခုသူ့နာမည်အရင်းကို ခေါ်နေတဲ့သူကတော့ သူ့အဖေမဟုတ်... သူ့အမေရဲ့ ယောကျ်ားသာ...

တစ်နည်း သူ့ပထွေးပေါ့...

"လီဂျယ်နို!!!

သူ့နာမည်အရင်းကို ခေါ်ချိန်တိုင်း သေမတတ် အရိုက်ခံရတာမို့ ဝေးရာကို ထွက်ပြေးနေခြင်းဖြစ်သည်။ ဖိနပ်မပါတဲ့ ခြေဖဝါးတွေက ရှရာတွေအပြင် ဖုန်တွေကြောင့်ပါ စုတ်ပြတ်နေသည်။

ဒါပေမယ့် ဒီနာကျင်မှုကို အရေးစိုက်လိုက်ရင် ဒီ့ထက်အဆ၁၀၀လောက် ကြီးမားတဲ့ နာကျင်မှုက လာတော့မှာမို့ သူလျစ်လျူရှုထားသည်။

"အ!"

သဲသောင်ပြင်က ဂမုကို ခလုတ်တိုက်တော့ မှောက်ယက်လဲကျသွားသည်။ ပြန်ထဖို့ အရှိန်ယူနေတာကြောင့် ခြေသည်းတစ်ခုလုံး လန်သွားတဲ့ ခြေသန်းကို သူမကြည့်အား...

လေးဘက်ထောက်ကာ ကုန်းရုန်းထရင်း နောက်ကိုလှည့်ကြည့်တော့ လှမ်းမြင်နေရတဲ့ သူ့ပထွေးနဲ့အတူ ထိုလူ့လက်ထဲက အရက်ပုလင်း...

သဲထဲနစ်နေတဲ့ ခြေထောက်ကို ဆွဲထုတ်ရင်း အုန်းပင်တောထဲ ပြေးဝင်သည်။ တောထဲမို့ ပိုပြီး ဆိုးတဲ့ လမ်းက ခြေဖဝါးတွေကို ပိုပြီး စုတ်ပြတ်စေသည်။

နာကျင်လိုက်တာလို့တောင် မတွေးနိုင်ဘဲ တောနက်နက်ထဲ ပြေးဝင်ပြီး ခြုံပုတ်တစ်ခုကြားထဲ ထိုင်ကာ ပုန်းနေလိုက်သည်။

လက်နှစ်ဖက်ကို ပါးစပ်မှာ အုပ်ထားပြီး အသက်ရှုသံလေးတောင် မထွက်အောင် သူထိန်းချုပ်ထားသည်။

Dive Into You [NoMin]Where stories live. Discover now