အခန်း ၁၂

12K 1.2K 19
                                    

မေတ္တာနှောင်ကြိုး
အပိုင်း၁၂

ဝဏ္ဏမာန်ချီ သည် အလုပ်ထဲတွင် အလုပ်လုပ်နေရင်း တစ်စုံတစ်ခုကိုသတိတရဖြစ်မိသည်။

''ကိုဝဏ္ဏ... မမြတ်မိုးမခ ရောက်နေပါတယ်''

အတွင်းရေးမှူးမလေးက လာပြောတော့ တွေးလက်စက ပြတ်သွားသည်။

''အေး....ပေးဝင်လိုက်လေ အထဲကို''

''ဟုတ် ကိုဝဏ္ဏ.. ''

သိပ်မကြာပါ မြတ်မိုးမခ သည် ရုံးခန်းထဲသို့ဝင်လာသည်။

မြတ်မိုးမခ ဆိုတာ (K)ဆောက်လုပ်ရေးCompany ဦးမြတ်သောမောင်၏ သမီးဖြစ်သည်။
အဖေက ချမ်းသာတော့ လုပ်ချင်တိုင်းလုပ်နေတော့တာဘဲ။
သို့သော် သုဝဏ္ဏနွယ်မိသားစုနှင့် ယှဥ်လျှင် ဘာမှတော့မဟုတ်။

ခပ်လန်းလန်းပုံစံပေမယ့် မျက်လုံးထဲတော့ တကယ်ကန့်လန့်။

''ထိုင် ညီမ။ ဘာကိစ္စများရှိလို့လဲ''

''အို...ကိစ္စရှိမှလာရမှာလား။ ကိုဝဏ္ဏဆီကို မိုးမခက အမြဲဝင်ထွက်လို့မရဘူးလား''

''အဲ့လိုတော့ အဆင်မပြေဘူးထင်တယ်၊ အကို့သတင်းများမကြားမိဘူးလား''

လက်ထပ်လိုက်တယ်ဆိုတဲ့ သတင်းက ဒီလောက်ပြန့်နေတာ မသိတာတော့မဖြစ်နိုင်။
အခွင့်အရေးရတုန်း ထုတ်သုံးလိုက်ခြင်းသာ။

ထိုအခါ သူမက မျက်နှာကတင်းမာ
လျက်....
''ယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်တာလား၊ ဒါက  အရေးမပါဘဲ''

''အဲ့ဒါဆို ဘယ်သတင်းကအရေးပါတာလဲ''

ခပ်တည်တည်ပင် တည့်မေးချလိုက်သည်။
လက်ထပ်လိုက်တာက အရေးမပါတဲ့သတင်းဆိုတာတော့ လက်မခံနိုင်။

''အို...မိုးမခ မကြိုက်တဲ့ သတင်းဆို ဘယ်သတင်းမှ အရေးပါတယ်လို့မခံစားရဘူး''

ဆက်ပြောနေလို့ကလည်း အဆင်မပြေပါ။

''ကဲ အခုဘာကူညီ....

ထိုစဉ် တံခါးသည် ဂျောက်ခနဲ့ မြည်ကာ ပွင့်လာသည်။

တစ်ခါမှ မလာဖူးဘဲ အထူးအဆန်းရောက်လာတဲ့ တည်ကြည်ကို ငေးကြည့်နေမိတာအမှန်။

Love Knot (Completed)Where stories live. Discover now