မြတ်စွာဘုရား။ တပည့်တော်ကားလေးဘာမှမဖြစ်ပါစေနဲ့။
"အက္ခရာ ဘာဖြစ်တာလဲ"
"ငါနောက်မှ ပြန်ဆက်လိုက်မယ် အာသာ"ဟုဆိုကာ ဖုန်းကိုခပ်မြန်မြန်ချလိုက်သည်။ ပြီးနောက်
ကားလေးအား စက်ရပ်ကာ ကားပေါ်မှအမြန်ဆင်းလိုက်ရသည်။ သူ့ကို မြင်သည်နှင့် တစ်ဖက်ကားပေါ်မှ အသက်အရွယ်အားဖြင့် သုံးဆယ်ကျော်လေးဆယ်နားစွန်းသည့် ဦးလေးကြီးတစ်ယောက် ဆင်းလာသည်။ဒုက္ခပါပဲ။
အလုပ်က မဆင်းရသေးဘူး။ အလုပ်တစ်လစာအကုန်ခံပြီးပြင်ေပးရတော့မည် ထင်တယ်။"အား တော်ပါသေးရဲ့"
"ဟာ ဘာကို တော်ပါသေးရဲ့လဲကွ။ကိုယ့်ကားမှာ ခြစ်ရာတွေ ဗလပွဖြစ်ကုန်ပြီ"
"အာ..မဟုတ်ပါဘူး။ ဒီလိုပါ တော်ပါသေးရဲ့ဆိုတာက အက္ခရာကားလေး ဘာမှမဖြစ်လို့ပြောလိုက်မိတာပါ။ ဒီကဦးလေးကြီးကိုလည်း တောင်းပန်ပါတယ် ကျွန်တော်တကယ်မမြင်လိုက်လို့ပါနော်..."
အက္ခရာ ပျာပျာသလဲတောင်းပန်ရင်း ကရားရေလွှတ် တတွတ်တွတ်ပြောလိုက်မိသည်။
"တောင်းပန်လို့ရရင် တရားဥပဒေဆိုတာ ဘယ်ရှိလိမ့်မလဲ"
"ခင်ဗျာ"
"ကိုယ်ပြောတာမဟုတ်ဘူးလား...။ကိစ္စတိုင်းမှာ အလျော်အစားဆိုတာတော့ ရှိတတ်ကြတာပဲမဟုတ်လား"
ဘုရား။ ဘုရား။
အလျော်အစားတဲ့။အေလျာ်အစားဆိုလျှင် ရဲစခန်းတွေရောက်ရဦးမည် ထင်သည်။ကားပြင်ရန် ပိုက်ဆံပေးဖို့ လွယ်ပေမယ့် ခက်သည်က ဖေဖေ။ ဖေဖေသာသိရင် အက္ခရာကို ကားမောင်းခွင့်ပေးတော့မည် မဟုတ်ပေ။"ဟိတ် ချာတိတ် မျက်နှာကြီးလည်း အဲ့လောက် ညိုမသွားပါနဲ့။ ကိုယ်က စနေတာပါ"
"ခင်ဗျာ"
"မျက်နှာကလေးက ဇီးရွက်လောက်ပဲရှိတော့တယ် ငိုတော့မချလိုက်ပါနဲ့။ ခုခေတ်လူငယ်တွေ သိပ်ခက်တယ်ကွာ....သိပ်လည်းေကြာက်မေနပါနဲ့။ ကိုယ်က အလျော်အစားတောင်းမယ့် သူမျိုးလည်း မဟုတ်ပါဘူး။ နောက်တစ်ခါသာ
မဆင်မခြင်မမောင်းမိစေနဲ့ ။ ဟုတ်ပြီလား ကိုယ်သွားပြီ"
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-36(U+Z)
Start from the beginning