Aki's Note

878 52 5
                                        

ဟိုင်း ... တို့ ပြန်လာပါပြီပေါ့ 👀

She is a Flirt ကို ခုထိ စောင့်နေပေးကြတယ်လို့ သိရတော့ အားလည်းနာပါတယ်။ ဆက်ရေးဖို့တော့ ကြိုးစားပါမယ်။ မျှော်လင့်ချက်တွေလည်း အများကြီး မပေးချင်ပါဘူး။ တကယ်ကို အားနာပါတယ်ရှင် 🥺

ခုတောင် ဒီ fanfic လေးကို အစအဆုံး ရေးပြီး completed ဖြစ်တာ သေချာမှ တင်တာပါ။
XiaoRina fanfic လေးပါ။
အပိုင်း အားလုံးပေါင်း 16 ပိုင်း ရှိပါတယ်။

စာမရေးတာ ကြာတဲ့ ဒီကြားကာလထဲမှာ စာအရေးအသားတွေရော အယူအဆတွေရော တော်တော်ပြောင်းလဲ သွားတယ်လို့ ထင်ပါတယ်။

Aki အရင်ရေးတာ ဖတ်ဖူးတဲ့ သူတွေက ဒီ fic လေးက အရေးအသားက အရင်ရေးဖူးတာတွေနဲ့ ကွဲပြားတာ သတိထားမိမှာပါ။

ကိုယ်တိုင်လည်း မတူအောင် ရေးဖြစ်တာလည်း ပါပါတယ်။ အရင်က စာရေးရင် ဝါကျတစ်ကြောင်းတည်းကို စကားဆက်တွေနဲ့ အရှည်ကြီး လှည့်ပတ်ရေးတာပါ။ ဒီ fic ထဲမှာတော့ ဝါကျလေးတွေ တိုအောင် ရေးထားပါတယ်။

ပြီးတော့ အရင်တုန်းက အပိုင်းတစ်ပိုင်းကို အရှည်ကြီး ရေးလေ့ရှိပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး အပိုင်းတစ်ပိုင်းကို တိုတိုပဲ ရေးဖို့ အကြံပြုခြင်း ခံရလို့ ဒီ fic ထဲမှာတော့ အပိုင်းတစ်ပိုင်းကို စာလုံးရေ 1500 ကနေ 2000 ၊ အများဆုံး 3000 ထိပဲ ခွဲရေးထားပါတယ်။

အစတုန်းကတော့ Mini fic လေးပဲ လုပ်မယ်ဆိုပြီး တွေးထားမိပေမယ့် ရေးရင်းနဲ့ တော်တော်ရှည်လာလို့ mini လို့ မသတ်မှတ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (ဖြစ်နေကျ 😂)
update ကြာတဲ့ ကိုယ့်အကြောင်းကိုယ်သိလို့ Book 1, Book 2 ခွဲရေးမလို့ စီစဥ်ထားပါတယ်။
နောက်ဆိုတာ မသေချာပါဘူး ... အဲ့ဒါကြောင့် အဆက်မလာတော့ဘဲ ဒီ Book 1 နဲ့ပဲ ပြီးသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်ရှင်။

စာအရေးအသားနဲ့ ပတ်သတ်ပြီး အကြံပြုချင်တာမျိုး တစ်စုံတစ်ရာ ရှိခဲ့ရင် အကြုံပြုပေးဖို့ တောင်းဆိုချင်ပါတယ်။

အဆုံးထိ ဖတ်ပေးမယ် ဆိုရင် ကျေးဇူးတင်မိမှာပါရှင်။
Let's Enjoy!! ^^

-------------

ဟိုင္း ... တို႔ ျပန္လာပါၿပီေပါ့ 👀

She is a Flirt ကို ခုထိ ေစာင့္ေနေပးၾကတယ္လို႔ သိရေတာ့ အားလည္းနာပါတယ္။ ဆက္ေရးဖို႔ေတာ့ ႀကိဳးစားပါမယ္။ ေမွ်ာ္လင့္ခ်က္ေတြလည္း အမ်ားႀကီး မေပးခ်င္ပါဘူး။ တကယ္ကို အားနာပါတယ္႐ွင္ 🥺

ခုေတာင္ ဒီ fanfic ေလးကို အစအဆုံး ေရးၿပီး completed ျဖစ္တာ ေသခ်ာမွ တင္တာပါ။
XiaoRina fanfic ေလးပါ။
အပိုင္း အားလုံးေပါင္း 16 ပိုင္း ႐ွိပါတယ္။

စာမေရးတာ ၾကာတဲ့ ဒီၾကားကာလထဲမွာ စာအေရးအသားေတြေရာ အယူအဆေတြေရာ ေတာ္ေတာ္ေျပာင္းလဲ သြားတယ္လို႔ ထင္ပါတယ္။

Aki အရင္ေရးတာ ဖတ္ဖူးတဲ့ သူေတြက ဒီ fic ေလးက အေရးအသားက အရင္ေရးဖူးတာေတြနဲ႔ ကြဲျပားတာ သတိထားမိမွာပါ။

ကိုယ္တိုင္လည္း မတူေအာင္ ေရးျဖစ္တာလည္း ပါပါတယ္။ အရင္က စာေရးရင္ ဝါက်တစ္ေၾကာင္းတည္းကို စကားဆက္ေတြနဲ႔ အ႐ွည္ႀကီး လွည့္ပတ္ေရးတာပါ။ ဒီ fic ထဲမွာေတာ့ ဝါက်ေလးေတြ တိုေအာင္ ေရးထားပါတယ္။

ၿပီးေတာ့ အရင္တုန္းက အပိုင္းတစ္ပိုင္းကို အ႐ွည္ႀကီး ေရးေလ့႐ွိပါတယ္။ အဲ့ဒါနဲ႔ ပတ္သတ္ၿပီး အပိုင္းတစ္ပိုင္းကို တိုတိုပဲ ေရးဖို႔ အၾကံျပဳျခင္း ခံရလို႔ ဒီ fic ထဲမွာေတာ့ အပိုင္းတစ္ပိုင္းကို စာလုံးေရ 1500 ကေန 2000 ၊ အမ်ားဆုံး 3000 ထိပဲ ခြဲေရးထားပါတယ္။

အစတုန္းကေတာ့ Mini fic ေလးပဲ လုပ္မယ္ဆိုၿပီး ေတြးထားမိေပမယ့္ ေရးရင္းနဲ႔ ေတာ္ေတာ္႐ွည္လာလို႔ mini လို႔ မသတ္မွတ္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ (ျဖစ္ေနက် 😂)
update ၾကာတဲ့ ကိုယ့္အေၾကာင္းကိုယ္သိလို႔ Book 1, Book 2 ခြဲေရးမလို႔ စီစဥ္ထားပါတယ္။
ေနာက္ဆိုတာ မေသခ်ာပါဘူး ... အဲ့ဒါေၾကာင့္ အဆက္မလာေတာ့ဘဲ ဒီ Book 1 နဲ႔ပဲ ၿပီးသြားတာမ်ိဳးလည္း ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္႐ွင္။

စာအေရးအသားနဲ႔ ပတ္သတ္ၿပီး အၾကံျပဳခ်င္တာမ်ိဳး တစ္စုံတစ္ရာ ႐ွိခဲ့ရင္ အၾကဳံျပဳေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။

အဆုံးထိ ဖတ္ေပးမယ္ ဆိုရင္ ေက်းဇူးတင္မိမွာပါ႐ွင္။
Let's Enjoy!! ^^

Blessing Encounter || XiaoRina [COMPLETED]Where stories live. Discover now