အခန်း၁၁

Comenzar desde el principio
                                    

''အဲ့ Brandကို မစီးဖူးလို့၊ ခနငှားလိုက်နော်၊ ကိုယ့်ယောက်ျားဘဲဗျာ''

သုနွယ်ဂုဏ်ချီသည် သူ့ခင်ပွန်းဖြစ်သူအား အသည်းယားစွာကြည့်လိုက်သည်။
ငှားနေစရာမှမလိုတာဘဲကို။

(ဖိနပ်များ ဒီလို brandကြိုက်ရင် ဝယ်ပေးမှာပေါ့၊ ကိုယ်တိုင်ကိုယ်ကျသွားဝယ်မပေးနိုင်တာကလွဲလို့ ပေါ့လေ။)

ချွင်...ချွင်...ချွင်
ချွင်...ချွင်..

ခြူ သံပေးလိုက်တော့ သိပ်ကို ချစ်စရာကောင်းတဲ့ ကျွန်တော့်အမျိုးသားသည် ပါးချိုင့်လေးပေါ်အောင်ပြုံးရယ်တော့သည်။

''အနွယ်..ကျွန်တော်နဲ့ အပြင်သွားပြီးမုန့်စားကြမလား''
..
တကယ်တော့ အသိပေးရုံသာ။
အဖြေကိုမစောင့်ဘဲလွယ်အိတ်ထဲက ပိုက်ဆံနှိုက်လိုက်သည်။
ထို့နောက် စက်ဘီးစီးရာတွင်ဆောင်းဖို့ ဦးထုပ်ကိုဆောင်းကာ... အနွယ့်ဘက်သို့ လက်ကမ်းပေးလိုက်၏။

''လာ... အနွယ်...ကျွန်တော့်ကို လက်တွဲ''

အထိအတွေ့တစ်ခုသည် ကျွန်တော့်၏ လက်အားဆုပ်ကိုင်လာလေသည်။

ချွင်...ချွင်...ချွင်

ကျွန်တော်နှင့် အနွယ်သည် စကားတွေအများကြီးမပြောတက်ကြပေမယ့် ရင်းနှီးတဲ့အခြေအနေတစ်ခုရှိသည်။
ထိုအရာကား...ဂရုစိုက်မှုပင်။

🔹🔹🔹

''အကို ကျွန်တော့်ကို အဖွယ်ရေဖျော် နှစ်ပွဲပေးပါနော်''

(အဖွယ်ရေဖျော်=ရှမ်းရေဖျော်)

''နှစ်ပွဲ''

စားပွဲထိုးအကိုက မယုံကြည်နိုင်စွာ မေးလာတာမို့ လက်နှစ်ချောင်းထောင်ကာ ခေါင်းငြိမ့်ပြလိုက်မိသည်။

''ဟုတ်...ခနစောင့်ပါဗျာ''

စားပွဲထိုးက မယုံကြည်နိုင်စွာ ခေါင်းကိုတွင်တွင်ကုတ်သွားသည်။

''အနွယ်...အခြား...အမ်း...တို့ဟူးကြော်တို့ ငါးထမင်းနှယ်တို့ရော စားအုံးမလား''

တကယ်တော့ ကိုယ်တိုင်စားချင်လို့သာပြောလိုက်ခြင်းဖြစ်၏။
သူ့ရှေ့မှာ အစားအသောက်ငမ်းနေတာမျိုး မဖြစ်ချင်ပါ။

Love Knot (Completed)Donde viven las historias. Descúbrelo ahora