Chapter - 12 (Part 3)

Start from the beginning
                                    

​ကျောင်းကုန်းဇီက ​ပြောတယ်, "ပါးစပ်ပိတ်ထား"

​ကျောင်းကုန်းဇီက ​ပြောတယ်, "ငါ အဖေနဲ့အမေကို မလှည့်စားချင်ဘူး"

​ကျောင်းကုန်းဇီက ထပ်​ပြောတယ်, "ဒါပေမယ့် သူတို့က အရင်မှားခဲ့တာ, အဲ့ဒါကြောင့် သူတို့ ငါ့ကို သစ္စာမရှိတဲ့လူလို့ အပြစ်တင်လို့မရဘူး, ငါ သူတို့စကားကို နားမထောင်တော့ဘူး"

​ကျောင်းကုန်းဇီက ထပ်​ပြောပြန်တယ်, "ငါ့အမေ ​သေချာပြန်​ကောင်းသွားတဲ့အချိန်အထိ သုံးလလောက်စောင့်ရအောင်, ပြီးရင် ငါတို့ သွားကြမယ်"

"ဒါဆို နှစ်ဝက်လောက်စောင့်ရအောင်​လေ, ဆယ့်သုံး​ယောက်​မြောက်မဒမ်ကို ဒေါသထွက်​အောင်မလုပ်ဘဲ ခဏလောက် အနားယူ​ခွင့်​ပေးလိုက်​ပေါ့"

​ကျောင်းကုန်းဇီက ​ပြန်​ဖြေတယ်, "မဟုတ်ဘူး, ငါ့အမေ စိတ်ဆိုးမှာမဟုတ်ဘူး, သုံးလဆို လုံလောက်ပြီ, အမေ အိပ်ရာက​နေ ထပြီး ငါတို့ကို အ​ဖေ သေ​အောင်ရိုက်နှက်တာကို တားဖို့အတွက် လမ်းလျှောက်နိုင်သရွေ့ပေါ့, ငါတို့ လမ်းတစ်လမ်းကို စမ်းကြည့်လို့ရတယ်, အစ်ကို(၃)နဲ့ ​ကျောင်းဝူ ထွက်ပြေးသွားတဲ့​နောက်ပိုင်းမှာ အဖေက ပိုပိုပြီး သတိရှိလာတယ်, အခုဆို သူက ငါ့ကို ပိုလို့တောင်မှ သတိထားလာတယ်, အများဆုံးဆိုရရင်တော့ အစ်ကို(၃) လိုပဲ ခြေထောက်ကျိုးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ထိခိုက်တာ​လောက်ပါပဲ, အဲ့တာက လအနည်းငယ်​ဆို သက်သာသွားမှာ, မကြောက်ပါနဲ့"

ငါ : "....."

အခု​တော့ ငါ​ နည်းနည်းကြောက်နေပြီရယ်။

​ကျောင်းကုန်းဇီက ငါ့ကိုကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့! သူရဲဘောကြောင်တဲ့​ကောင်! ​လောင်ဇီ မင်း​လောက် သတ္တိမရှိတဲ့​ကောင်ကို တစ်ခါမှ မ​တွေ့ဖူးဘူး!"

"ငါ့ကိုပဲ အမြဲဆဲဆိုမ​နေနဲ့"

​ကျောင်းကုန်းဇီက ငါ့ကို ထပ်ပြီး​တော့ ကျိန်ဆဲပြန်တယ်, "မင်းနဲ့ တန်တယ်​လေ! ပြီး​တော့ အရိုက်ပါ ခံသင့်တာ!"

ငါက မင်း သတ္တိရှိတယ်ဆိုရင် ငါ့ကို အခုရိုက်လိုက်, မင်း ငါ့ကို မရိုက်ဘူးဆိုရင်​တော့ ငါ့ရဲ့​နောက်ဆုံးနာမည်ကို ယူရမယ်လို့ သူ့ကို ​ပြောလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now