အပိုင်း (၁၂)

Start from the beginning
                                    

"အိမ်ပေါ်တက်မယ်"

ရှက်ရှက်နှင့်စကားလမ်းကြောင်းလွှဲကာ သူ့လက်ကိုဆွဲရင်းခေါ်သွားသော သူ့ရှေ့က အောင်ဖြိုး သည် ဘယ်လိုပင်ကြည့်ကြည့် သူ့အတွက်တော့ချစ်စရာကောင်းနေဆဲပဲပင်။

"မမိုးရေ .. ခန့် လာပြီ"

အိမ်အပေါက်ဝကနေအော်ပြောနေသော အောင်ဖြိုး ကြောင့် ဇီးထုပ်အထုတ်ကြီးကိုကိုင်ကာ ပြေးထွက်လာသော မမိုး က အရင်လို ဖိုသီဖတ်သီပါပဲပင်။
ဒါပေမယ့် မမိုးသည် ဘယ်လောက်ပဲဖိုသီဖတ်သီနေနေပါစေ ရုပ်အခံလေးရှိသည်ကြောင့် ဘယ်လိုနေနေကို လှသည်၊ ကြည့်ကောင်းသည်။
ကြည့်ရတာ ဒီမောင်နှမနှစ်ယောက်က ဟိုဘဝမှာတုန်းက ဆုတောင်းကောင်းခဲ့ပုံရပါသည်။

"ကလေး .. လာ လာ။ အမ မျှော်နေတာ"

"ဟုတ်ကဲ့ မမိုး"

မိုးမခ ရဲ့ဆွဲခေါ်သွားမှုနောက်ပါသွားသော ခန့်။
အိမ်ရှေ့တွင်ဝင်ထိုင်တော့ စားပွဲပေါ်တွင် ထုံးစံအတိုင်းမုန့်ထုပ်တွေအစုံအလင်ဖြင့်။

"ကလေး စားဦး ရော့"

အာလူးကြော်ဘူးတွေ၊ နေကြာစေ့အထုတ်တွေ နဲ့ ဇီးထုပ်ပေါင်းမြောက်များစွာတို့ကို ကမ်းပေးလာသော အမကြောင့် ခန့် မှာ အားနာနာနှင့်တွေ့ရာဇီးထုပ်ကိုသာကောက်ယူပြလိုက်တော့၏။

"ငါတို့စာအတူလုပ်မလို့။ နင်ဘယ်သွားစရာရှိသေးလဲ အမ?"

"မရှိဘူး။ ဒီနေ့ဒီကားလေးပြီးအောင်ကြည့်မလို့စဉ်းစားထားလို့"

"အင်း ဒါဆိုကောင်းပါတယ်။ အပြင်သွားမယ်ဆိုလဲပြောသွားဦး။ တော်ကြာ ပါပါး မေးရင် ငါမဖြေတတ်ပဲနေမယ်"

"အေးပါ ငါသိပါတယ်"

မောင်နှမနှစ်ယောက်ပြောဆိုနေသည်ကို ခန့် ငြိမ်၍သာနေရင်း Tv ဘက်ကိုသာ မျက်လုံးဝေ့ကြည့်နေလိုက်တော့သည်။

"ပါပါး ဘယ်အချိန်ပြန်လာမယ်တဲ့လဲ အမ?"

"ညနေမှပေါ့။ ဒီနေ့စောမယ်လို့တော့ပြောတယ်"

"ဟုတ်လား။ ကောင်းတာပေါ့"

အမနဲ့စကားပြောရင်း အောင်ဖြိုး ခန့် ထိုင်နေရာဘက်သို့ကြည့်လိုက်သည်။
Tv ကိုသာ အာရုံပြုနေသော ခန့်  က ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာရှဉ့်ပေါက်လေးအတိုင်း။
အောင်ဖြိုး Tv ဘက်ကို လိုက်ကြည့်လိုက်သည်။
Tv ထဲတွင် ယောကျာ်းလေးနှစ်ယောက်က လက်ချင်းတွဲယှက်ကာထိုင်နေလျက် ပင်လယ်ပြင်ကြီး၏ညနေဆည်းဆာကိုထိုင်ကြည့်နေကြသည်ပင်။
ထို့နောက် တစ်ဖက်မှကောင်လေးသည် ဘေးကကောင်လေး၏ ပါးပြင်အားတစ်ချက်နမ်းလိုက်လေ၏။

"နှလုံးသား နှောင်ကြိုး"  [Myanmar BL ]Where stories live. Discover now